Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူတွေလမ်းပေါ်ထွက်အောင် ဦးသိန်းစိန်အစိုးရလုပ်နေသလား

$
0
0
 ~

 
 
        ဦးသိန်းစိန်အစိုးရလက်ထက်မှာ မကြာခဏဆိုသလို  နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိပေမယ့် ထပ်မံဖမ်းဆီးတာတွေကိုလည်း မြင်တွေ့နေရပါတယ်။

        ဒီလိုထပ်မံဖမ်းဆီးတာတွေ ရပ်ဖို့၊   အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဆန္ဒပြပွဲတခုကို တနင်္ဂနွေနေ့က မနက်ပိုင်းက ပြည်မြို့ လူစည်ကားရာနေရာတွေမှာ တွေ့ခဲ့ရပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့  ကိုဝင်းလှိုင်က အစိုးရရဲ့အဖမ်းအဆီး သိပ်များနေတယ်လို့ ပြောပါတယ်။

        “မိမိလယ်ယာမြေပြန်လည်ရရှိဖို့ ကြိုးစားတဲ့ လယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပုဒ်မ ၅၀၅(ခ)နဲ့
တရားစွဲခံထားရသလို့ ပြည်မြို့က ထောင်ထဲမှာ မတရား ဖမ်းဆီးခံထားရတဲ့ လယ်သမား (၁၂) ဦး ရှိပါတယ်။  အဟောင်းတွေလည်း လွှတ်ဖို့ကျန်နေသေးတဲ့ အပြင် ထပ်မံဖမ်းဆီးတဲ့အရေအတွက်က ပိုများနေတယ်”

        နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဇယားတွေထဲမှာ စစ်အစိုးရလက်ထက် ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရသူ  (၅၉)ဦးရှိပြီး ဦးသိန်းစိန်အစိုးရလက်ထက်  ဖမ်းဆီးခံရသူ (၂၀၀) ကျော်၊ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရသူ (၁၀၀) ကျော်ရှိနေသေးကြောင်း ကိုဝင်းလှိုင်က ထောက်ပြပါတယ်။

        “ ဦးသိန်းစိန်က ပြည်ပထွက် အကူအညီ လိုအပ်တဲ့အချိန်ဆို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်။ ဒီ ၂၀၁၄ ကတော့ ပြည်ပခရီးစဉ်သိပ်မသွားလို့ လွှတ်ပေးတာမရှိသေးဘူး။
အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ သူတို့ လိုအပ်ရင်သုံးလို့ရအောင်လုပ်ထားတဲ့ အသုံးချခံတွေဖြစ်နေတယ်”


        ဆန္ဒပြရာမှာ ခွင့်ပြုမိန့် မရှိတာကြောင့် သူနဲ့ ကိုကျော်ဆွေတို့ကို  ပြည်မြို့ အမှတ်(၁) ရဲစခန်းက ပုဒ်မ (၁၈)နဲ့  အရေးယူထားပါတယ်။

ကိုဝင်းလှိုင်ဟာ ဒီပုဒ်မနဲ့အရေးယူခံရတာ (၁၀) ကြိမ်၊   ကိုကျော်ဆွေကတော့ (၇)ကြိမ်ရှိပြီလို့ သိရပါတယ်။

သူတို့က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။

        ပြည်မြို့မှာတော့ မကြာခဏ ဆိုသလို ဆန္ဒပြကြတဲ့အတွက်  မြန်မာနိုင်ငံမှာ ပြည်မြို့က ဆန္ဒအပြဆုံးမြို့အဖြစ် ဆုပေးလို့ရနေပြီလို့ ဒေသခံတချို့က နောက်ပြောင် ပြောဆိုနေကြပါတယ်။

ဆန္ဒပြသူတွေကတော့   မိမိတို့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုတဲ့နည်းနဲ့ နိုင်ငံရေးအသိစိတ် နိုးကြားစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

 ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေ လမ်းပေါ်ထွက်အောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဦးသိန်းစိန်ကတော့ ... နိုင်ငံရေးအကျဉ်းသား ကုန်သလောက် ဖြစ်နေပြီလို့ စနေနေ့မှာ ပြောဆိုကြောင်း ဒီတပတ်ထုတ် FLOWER NEWS ဂျာနယ်မှာ ရေးထားပါတယ်။

"နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသလောက်ပါပဲ။ ဒါတွေကို လက်ကျန်တွေ ရှိသေးတယ် ရှိသေးတယ် ဆိုပြီး စွပ်စွဲနေတဲ့အတွက်ကြောင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့မှ စိစစ်ထားပြီးပါပြီ"လို့ ဦးသိန်းစိန်က ပဲခူးမြို့ အခမ်းအနားတခုမှာ ပြောဆိုကြောင်း ရေးထားပါတယ်။

  • ကောင်းမြတ်မင်း
 


.

Viewing all articles
Browse latest Browse all 5236

Trending Articles