Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တွစ်တာပေါ် ရောက်လာတဲ့ အမေရိကန် စီအိုင်အေ

$
0
0
ကမ္ဘာကျော် အမေရိကန်စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ကြီးလည်း  တွစ်တာ လူမှု ကွန်ရက်ပေါ် ရောက် လာပါတယ်။ 


ပထမဆုံး တွစ်တာမှာ ရေးထားတာကတော့ ""We can neither confirm nor deny that this is our first tweet,"ပါတဲ့။ 

စီအိုင်အေဟာ အခု လို တွစ်တာကနေ ရေးတင်လိုက်တာဟာ ပထမဆုံးဖြစ်တယ်လို့ အတည်မပြုနိုင် သလို ငြင်းဆိုမှာလည်း မဟုတ်ပါဘူး ဆိုတဲ့ စကားလုံးတွေနဲ့ တွစ်တာ လူမှုကွန်ရက်ကို စတင်လိုက်ပါတယ်။ 

စီအိုင်အေ ညွှန်ကြားရေးမှူး John Brennan က သူ့ ကြေညာချက်မှာတော့ ဖေ့စ်ဘုတ်တို့ တွစ်တာတို့ အသုံးပြုပြီး လူထုနဲ့ တိုက်ရိုက်ထိတွေ့ကာ သတင်းအချက်အလက်တွေ ရဖို့ အတွက် အထောက်အကူဖြစ် တယ်လို့ ဆိုထားပါတယ်။ 

ကမ္ဘာမှာ စိတ်ဝင်စားစရာ အကောင်းဆုံး တခုဖြစ်မယ့် စီအိုင်အေ ပြခန်းက ဓာတ်ပုံတွေကိုလည်း စီအိုင်အေရဲ့ လူမှု ကွန်ရက်တွေကနေ တင်ပေးသွားမှာလို့လည်း သိရပါတယ်။ 


အိမ့်သံစဉ် ~








 

Viewing all articles
Browse latest Browse all 5236

Trending Articles