Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အိန္ဒိယ ရွှေကျောင်းတော်က ဓားစွမ်းပြ ရန်ပွဲ

$
0
0
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က ဆစ်ခ် ရွှေဘုရားကျောင်းအပြင်ဘက်မှာ အချင်းချင်း ဓားစွမ်းပြ ရန်ပွဲ ဖြစ် ပွား ခဲ့လို့ လူ ၁ ဒါဇင်လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဆစ်ခ်ဘာသာအရ အမြင့်မြတ်ဆုံးလို့ ခံယူ ထားတဲ့ ရွှေဘုရားကျောင်းနယ်မြေမှာ အခုလိုဖြစ်ပွားခဲ့တာကို မနေ့က အိန္ဒိယ သတင်းတွေမှာ ဖော်ပြသွား ပါတယ်။ 


လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ် က Blue Star စစ်ဆင်ရေးကြောင့် လူတွေ ရာနဲ့ ချီသေဆုံးခဲ့ရတဲ့ နှစ် ၃ဝ မြောက် 
အောက်မေ့ဖွယ်အခမ်းအနားမှာ ဘယ်သူ့ကို စကားပြောခွင့်ပေးမလဲဆိုတဲ့ ကိစ္စနဲ့ အခုလို ရန်ပွဲဖြစ်ခဲ့တာဖြစ် မယ်လို့ သတင်းတွေက ဆိုကြတာပါ။ 

အဲဒီကာလက အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် အင်ဒရာ ဂန္ဓီက ဆစ်ခ် ခွဲထွက်ရေး သမားတွေ အဲဒီ ရွှေကျောင်း
တော် မှာ စုဝေးနေစဉ် ကြယ်ပြာ စစ်ဆင်ရေးနဲ့ စစ်တပ်ကို အမိန့်ပေးပြီး ဖြိုခွင်းခိုင်းခဲ့လို့ အတော်များများ က ပြစ်တင်ရှုံချခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

အဲဒီနောက် ၀န်ကြီးချုပ် အင်ဒရာ ဂန္ဓီ လည်း သူ့ရဲ့ ကိုယ်ရံတော် ဆစ်ဒ် တဦးက လုပ်ကြံသတ်ဖြတ် လို့ သေ ဆုံး သွားခဲ့ပါတယ်။ 

 နှစ်ပေါင်း ၃ဝ က ဒီနေရာမှာ သွေးထွက်သံယိုဖြစ်ခဲ့သလို အခုလည်း သွေးထွက်သံယိုဖြစ်ခဲ့တာ
ကြောင့် ရွှေဘုရားကျောင်း လူကြီးတဦးက စိတ်မကောင်းဖြစ်တာကို ဇီး သတင်းဌာနကို ပြောထားပါတယ်။ 

အိန္ဒိယလုံခြုံရေး တပ်ဖွဲ့တွေလည်း ဓားရေးနဲ့ရန်ပွဲဖြစ်တဲ့ ရွှေကျောင်းတော်နေရာ ကို ရောက်လာပြီးလူစု ခွဲလိုက်ကာ အခြေအနေကို ထိမ်းချုပ်နိုင်ပြီလို့ သိရပါတယ်။

  


အိမ့်သံစဉ် ~ 









Viewing all articles
Browse latest Browse all 5236

Trending Articles