Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လွတ်မြောက်ရေး စွန့်စားတဲ့ ဝက်တကောင်

$
0
0
ဝက်တကောင်ရဲ့ ရှင်သန်လွတ်မြောက်ရေး ကြိုးပမ်းမှုတခုပါ။ တရုတ်နိုင်ငံ တောင်ပိုင် ဂွမ်ဒေါင်း ခရိုင်ဘက် ဖိုရှန်ဒေသမှာ သားသတ်ရုံကို ပို့မယ့် ဝက်တွေကို လော်ရီကားနဲ့ သယ်လာတုန်း ဝက်တကောင်က သူ့ ရှင်သန်လွတ်မြောက်ရေးအတွက် ကြိုးစားရင်း လွတ်မြောက်သွားခဲ့ပါတယ်။ 

 ဓာတ်ပုံ-The Mirror

သတ္တဝါတိုင်း အခင်တွယ် အမြတ်နိုးဆုံး က ရှင်သန်ခြင်းပါ။ ပြောရရင် အသက် ပါဘဲ။ သတ္တဝါတိုင်း သေ မှာ ကြောက်ရင်း သေသွားကြရတာပါဘဲ။ 





မသေခင်မှာ ကိုယ့် အသက်သေမှာကို စိုးရိမ်တတ်ကြသလို ကိုယ့်လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် ကိုယ်တိုင်ပဲ ရုန်းကန်ကြိုးစားကြရတာပါ။ 



အခု တရုတ်ပြည်က လွတ်မြောက်သွားတဲ့ ဝက်ကလေးက ဒီသင်ခန်းစာကို ပေးသွားတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ သေချင်သေ ရှင်ချင်ရှင် ဆိုပြီး ဝက်ကလေးရဲ့ ကြိုးပမ်းမှုဟာ အခုတော့ The Mirror ရဲ့ ကြာသပတေးနေ့ သတင်းတပုဒ်မှာ ပါလာတော့တာပါဘဲ။ 

ဒါပေမယ့် အဲဒီ သတင်း အဆုံးသတ်မှာတော့ အခုလို ရေးထားပါတယ်။ 

Unfortunately it wasn't enough to avoid the chop, as the driver later recovered the wayward animal. You can't blame the poor fella for trying.

ကံဆိုးချင်တော့ ဒီဝက် ပြေးမလွတ်ပါဘူး၊ ဒရိုင်ဘာက လွတ်သွားတဲ့သူ့ကို ပြန်တွေ့တယ်လို့ ဆိုတယ်။




အိမ့်သံစဉ် ~ 











Viewing all articles
Browse latest Browse all 5236

Trending Articles