Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်မီးလောင်မှု နောက်ဆက်တွဲသတင်း

$
0
0
 ~



 .
ဧပြီလကုန်ပိုင်း မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်မှာ ဖြစ်ပွားခဲ့တဲ့   မီးလောင်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို တရားစွဲခွင့်မရှိဘူးလို့ The Voice သတင်းစာမှာ ကြာသပတေးနေ့က ရေးထားပါတယ်။

"ပြည်ထောင်စုရှေ့နေချုပ
်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း"တိုင်း လျှပ်စစ်ဝန်ကြီးက ပြောတယ်လို့ သတင်းမှာ ရေးပါတယ်။

အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိလို့ မီးလောင်ရင် အိမ်ရှင်ကို အပြစ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဘယ်သူ့ကို တရားစွဲမယ် ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။

ဦးရဲမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ
တခြားသော ဗိုလ်ချုပ်ဟောင်းအများအပြားနည်းတူ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်တဦး ဖြစ်လာသူပါ။
ထူးခြားတာကတော့ ဒီနှစ်ဆန်းပိုင်းမှာ သူ့ရဲ့ယာဉ်တန်း တိုက်ခိုက်ခံရခြင်းပါပဲ။ သူ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အပေါ်ပုံ -

ဝန်ကြီးချုပ်ဦးရဲမြင့်နေအိမ် မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်သော မီးသတ်ကားများ၊ မီးသတ်သမားများ(ဓာတ်ပုံ - တေဇလှိုင် /ဧရာဝတီ)

ဆက်စပ် -


မန္တလေးတိုင်းဝန်ကြီးချုပ်ကို မီးပေါ့ဆမှုနဲ့ အရေးယူ 


မန္တလေးတိုင်းဝန်ကြီးချုပ်၏ မြို့ပြစီမံကိန်းများ ဥပဒေနှင့် မညီဟုဆို


Mandalay Chief Minister Facing Negligence Charge for House Fire


 Bomb Attack Hits Convoy of Mandalay Chief Minister
http://www.irrawaddy.org/latest-news/bomb-attack-hits-convoy-mandalay-chief-minister.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles