Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးရဲထွဋ်ရဲ့ မေမြို့ထမင်းဝိုင်းနောက်ကွယ်မှာ ဘာတွေရှိသလဲ

$
0
0
 ~

 



သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအစိုးရ ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သိပ်မကြာသေးခင် ပြင်ဦးလွင်မြို့တနေရာမှာ  ငါးပိရည်နဲ့စားခဲ့တဲ့ နေ့လယ်စာအကြောင်း Facebook မှာ ရေးလိုက်တော့ အင်မတန် လူပြောများတဲ့အကြောင်းအရာတခု ဖြစ်သွားပါတယ်။

ယခင်စစ်အစိုးရလက်ထက် ညွှန်ချုပ်ရာထူးနဲ့ ခရီးထွက်လို့ ပြင်ဦးလွင်ရောက်ရင်  ဆီဝင်ထည့်နေကျ သူ့ရဲ့ဖေါက်သည်ဆိုင်လေး တဆိုင်က အခုတော့  သစ်တောထွက်ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်လေး ဖြစ်နေတယ်၊
အခု ရာထူးတက်လာချိန် အဲဒီနေရာကိုထပ်ရောက်သွားတော့  ငရုပ်သီးစိမ်း၊
ကြက်သွန်ဖြူနဲ့ ချက်ထားတဲ့ ငပိရည်၊ တို့စရာတွေကြောင့် စိတ်မထိန်းနိုင်ဘဲ   ဝင်စားခဲ့ရတာလို့ ဆိုတယ်။ ဒီနေ့လယ်စာ အကြောင်း  ဘယ်လိုရည်ရွယ်ချက်တွေနဲ့   Facebook မှာ တင်ရသလဲ ဆိုတာ သူ့ကို  မေးမြန်းကြည့်တော့ သူကအခုလိုဖြေပါတယ်။

  
        “ခင်ဗျားတို့တွေက တခါတလေ ကျနော်တို့လို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို သီးခြားလူတန်းစားတရပ်လို မြင်နေတယ်။
အဲဒီလို သီးခြားနေတဲ့လူလည်း ရှိကောင်းရှိမှာပေါ့ဗျာ။
ဒါပေမဲ့ အများစုကတော့ ခင်ဗျားတို့ထင်သလို မဟုတ်ပါဘူး၊ ခင်ဗျားတို့မှာ မိသားစုရှိလို ကျနော်တို့မှာလည်း မိသားစုရှိတယ်၊
ခင်ဗျားတို့မှာ မျှော်လင့်ချက်ရှိသလို ကျနော်တို့မှာလည်း မျှော်လင့်ချက်ရှိတယ်။
 ခင်ဗျားတို့မှာ စိုးရိမ်ပူပန်မှုတွေရှိသလို ကျနော်တို့မှာလည်း စိုးရိမ်ပူပန်မှုတွေရှိတယ်။
ခင်ဗျားတို့နဲ့ ကျနော်တို့ ဘာမှမကွာဘူး၊ အတူတူပဲ ဆိုတဲ့ သဘောတရားကိုပြချင်တာပါ”

        ဦးရဲထွဋ်အနေနဲ့ ရုံးပြင်ပခရီးစဉ်မှာ
လူပို ခေါ်ဆောင်လေ့ မရှိကြောင်း၊ နေပြည်တော်နဲ့ ရန်ကုန်ကို အဝေးပြေးဘတ်စ်ကားနဲ့ 
အသွားအပြန်ပြုလုပ်ရုံးတက်နေသူတဦးဖြစ်ကြောင်း ပြောပါတယ်။

 ပြည်သူနဲ့ ထိတွေ့တာတွေဟာ အနာဂတ်မှာ ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးရေးလုပ်တဲ့သဘောလား ဆိုတဲ့ မေးခွန်း ပေါ်လာပါပြီ။

“ကျနော်တို့သည် ခင်ဗျားတို့ထက် ဘာမှ ပိုမို ထူးခြားတဲ့လူ မဟုတ်ဘူး။
ထမ်းဆောင်နေရတဲ့ တာဝန်တွေကတော့ တယောက်နဲ့ တယောက် ကွာကောင်း ကွာနေပါလိမ့်မယ်။
ထပ်ပြောလိုက်အုံးမယ် ရွေးကောက်ပွဲဝင်ဖို့ လုပ်နေတာလားလို့ မမေးနဲ့ ကျနော် ရွေးကောက်ပွဲဝင်မယ့်လူ မဟုတ်ဘူး။
ကျနော့်မှာ နိုင်ငံရေး ရည်မှန်းချက်မရှိဘူး တာဝန်ပေးလို့လုပ်နေတာ။
 နောက်အစိုးရဆက်တက်လို့ တာဝန်ပေးရင် ဆက်လုပ်မယ်၊ မပေးရင် မလုပ်ဘူးပေါ့ဗျာ”

ပြီးခဲ့တဲ့ သောကြာနေ့က တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ လုပ်ငန်းတာဝန်တွေအရ
ပေါက်ခေါင်းမြို့နယ်ထဲက ငါးမြွေဇင်း၊ ထန်းတပင်၊ ဓမ္မသော် နဲ့ ကောင်းစီ
ကျေးရွာတွေက ရပ်မိရပ်ဖ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဒေသခံသတင်းထောက်တွေကို  ပြန်/ ဆက်ရုံးမှာ  တွေ့ဆုံခဲ့ပါတယ်။

မဖတ်ရသေးသူတွေအတွက် သူ့ရဲ့ ပြင်ဦးလွင် နေ့လယ်စာအကြောင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

“ငြုပ်သီးစိမ်း၊ ကြက်သွန်ဖြူ နဲ့ ငါးပိရည်က မွှေးလွန်းလို့ ကျွန်တော်လည်း စားမယ်ဗျာ ဆိုပြီး ၀င်စားခဲ့တဲ့ ငါးကြော်၊ ကုလားပဲပြုတ်၊ ငါးပိရည်၊ ကတတ်ချဉ်တို့စရာနဲ့ ဒီနေ့ နေ့လည်စာ အိမ်ရှင်ဇနီးမောင်နှံက အရင်က လမ်းဘေးဆီဆိုင်ရှိတယ်။
ညွှန်ချုပ်ဘ၀ ၂၀၀၉ ပြင်ဦးလွင် သွားချိန်မှာ ဆီဝင်ထည့်ရင်း နောင် အမြဲတမ်းသူတို့ ဆိုင်မှာထည့်ဖြစ်ခဲ့ပါတယ်။
ဆီဆိုင်ကြီးတွေပေါ်လာတော့ သူတို့က ဝါး၊ ဝါးကပ်၊ မျောတိုင် ရောင်းတယ်။
ဆီမရောင်းပေမယ့် ရောက်တိုင်းခဏနား၊ စကားပြောဖြစ် သူတို့ကလေးတွေအတွက် နေပြည်တော် နန်းစိန်မုန့်ပေးဖြစ်တယ်။
ဒီတစ်ခါတော့ သူတို့နဲ့ ထမင်းအတူစားဖြစ်ခဲ့ပါတယ်။
အမှတ်တရ ဓာတ်ပုံကို ပို့ပေးလိုက်မယ် လို့ ပြောခဲ့တယ်။ ခင်ရာဆွေမျိုး၊ မြိန်ရာ ဟင်းကောင်း ပေါ့”

 


 ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလိုစိတ်ရှိမရှိ၊  ညွှန်ကြားရေးမှူးတဦးကို လက်သီးနဲ့ ထိုးတဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတဦးအကြောင်း သူဖြေကြားထားတာတွေကိုလည်း မကြာခင် ဒီဘလော့ http://blog.irrawaddy.orgမှာ  ဖော်ပြမှာဖြစ်ပါတယ်။


ကောင်းမြတ်မင်း

ဆက်စပ်
ဒေါက်တာ ဆိတ်ဖွားဆိုတာ သူမဟုတ်ဘူးလို့ ဦးရဲထွဋ် ပြော 


.

Viewing all articles
Browse latest Browse all 5236

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ