Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ

$
0
0
ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီရှည် ( Pants) ကို ရှေးဟောင်း သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါ တယ်။ အခု တွေ့ ရှိခဲ့တဲ့ ဘောင်းဘီရှည်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင် လောက်ကဖြစ်နိုင်ပြီး  အခု ထိလည်း ဖက်ရှင်ဖြစ်နေဆဲပါဘဲလို့ တိုင်းမ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

 ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ၊ ဓာတ်ပုံ- တိုင်းမ်

ဂျင်းဘောင်းဘီတွေကိုတော့ ၁၈၇၃ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပြီး အခုတွေ့တဲ့ဘောင်းဘီကတော့ ဂျင်း
ဘောင်းဘီတွေလို အတို၊ အရှည်မျိုးမဟုတ်ဘဲ သိပ်လည်း မတိုသလို၊ သိပ်လည်း မရှည်ပါဘူး။ပြောရ ရင် အခု ခေတ် ကွာတား ပုံစံနဲ့ နည်းနည်းဆင်ပါတယ်။  

အဲဒီဘောင်းဘီ ဒီဇိုင်းဟာ ဝတ်ရင် ခပ်ကြပ်ကြပ်ဖြစ်ပုံရပါတယ်။

အခု လက်ယက် ဘောင်းဘီဟာ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ
တွေ့ ခဲ့တာပါ။ အဲဒီသင်္ချိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ဝဝ ပတ်ဝန်းကျင်ထက် စောတဲ့ ကာလလောက်က ရှိခဲ့တာလို့ ယူဆထား ပုံရပါတယ်။ 

အခု တွေ့လိုက်တဲ့ ဘောင်းဘီကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေ တွေ့ဖူးသမျှ ဘောင်းဘီတွေထဲ
က ရှေးအကျ ဆုံး တခုဖြစ်တယ်ဆိုတာပါဘဲ။

အခု ရှေးအကျဆုံး ဘောင်းဘီဟာ သူ့ရဲ့ ဒီဇိုင်းအရ မြင်းစီးဖို့ ဖန်တီးထားတာဖြစ်မယ်လို့ ယုံကြည်ကြ တယ် လို့လည်း ဆိုပါတယ်။ 

အမေရိကန်ပြည်ထောင်စု ပင်ဆေဗေးနီးယာ တက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင် Victor Mair က ပြောတာ မှာတော့ ဒီ ဘောင်းဘီဟာ တချိန်က ရွှေ့ပြောင်း ကျေးလက်ဒေသသားတွေက မြင်းစီးဖို့ တီထွင်ထားခဲ့တာဖြစ်ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါဆိုရင်တော့ တရုတ်နိုင်ငံမှာ မြင်းစီးပြီး ရွှေ့ပြောင်းသွားလာခဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ 
လောက်က ဖြစ်တယ်ဆိုတော့ ဒီဘောင်းဘီဟာ အဲဒီခေတ်က ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ 


အိမ့်သံစဉ် ~ 

 








 

Viewing all articles
Browse latest Browse all 5236

Trending Articles