Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ရွာတချို့ကို လျော်ကြေးပေး

$
0
0

 အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအတွင်း ရေ၀ပ်ဧရိယာသို့ ကျရောက်လျက်ရှိသော  ရွှေ့ပြောင်းပေးရမည့် ကျေးရွာ ၂၂ ရွာ၏ နစ်နာမှုများအတွက် ကျေးရွာအသစ် ပြန်လည် အစားထိုးပေးခြင်း၊ လယ်မြေများ ပြန်လည် အစားထိုးပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ပြောသည်။

မတ်လ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့များကလည်း ရေ၀ပ်ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာ ၂၂ ရွာအနက် ရွာ ၄ ရွာအား လျော်ကြေးငွေ ပေးအပ်ပွဲကို အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ရှင်းလင်းဆောင်တွင် ကျင်းပပေးအပ်ခဲ့ကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။

ကျေးရွာသူ/သားများက ပြောကြားရာတွင် မိမိတို့ တောင်းဆိုထားသည့် ပမာဏ ရရှိသဖြင့် ကျေနပ်ကြောင်း ပြောဆိုသည်။

ကျန်ရှိ ကျေးရွာများကိုလည်း ဧပြီ ၄ ရက်နေ့တွင် လျော်ကြေးငွေများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် ကဆိုသည်။

လျော်ကြေးငွေ ပေးအပ်ပြီးစီးခဲ့သည့် ကျေးရွာ ၄ ရွာ အနေဖြင့် လျော်ကြေးငွေ စုစုပေါင်း သိန်းပေါင်း တသောင်းနှစ်ထောင်ကျော်အထိ ပေးအပ်ခဲ့ကြောင်း ဦးစိုင်းထွန်းရင်က ဆိုသည်။

ယင်းပေးအပ်ခဲ့သည့် ကျေးရွာများမှာ ရွာကြီး၊ သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်း ရွာတို့ ဖြစ်ကြောင်း သိရသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင်အကွာတွင် တည်ရှိပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ၃ ခုဆုံတွင် တည်ရှိသည့် စီမံကိန်းတခုဖြစ်သည်။ ရေဆင်းဧရိယာ အနေဖြင့် ၉၃ စတုရန်းမိုင်ရှိပြီး ပျမ်းမျှမိုးရေချိန်လက်မ တနှစ်လျင် ၆၀ လက်မရှိကာ ရေပိုလွဲအမျိုးအစား ၁၆၅ ပေ ကျယ်ဝန်းသည်။ ၂၀၁၄ ဧပြီတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိ အင်ဂျင်နီယာအဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)






Viewing all articles
Browse latest Browse all 5236

Trending Articles