Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရဟန်းသံဃာနဲ့ သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအတွက် ကြိုးနီစနစ်များ ဖြေလျှော့

$
0
0


လူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာမှာ အဆင့်ဆင့် ဖြေလျှော့မှုတွေ ပြုလုပ်ပြီးတဲ့အခါမှာ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ လုပ်ဆောင်ရတဲ့ ကြိုးနီစနစ်တွေကိုလည်း ဖြေလျှော့ပေးလိုက်ပါပြီ။

အရင်တုန်းက ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ရပ်/ကျေး သံဃနာယက၊ မြို့နယ် သံဃနာယကအဖွဲ့တို့ရဲ့ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း ထောက်ခံချက်တွေနဲ့ သာသနာရေး ဝန်ကြီးဌာနက ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်တွေ ပါရတယ်။

အခု ဖြေလျှော့လိုက်တာမှာ အဲဒီအဆင့်ဆင့် ထောက်ခံချက်တွေ မလိုတော့ဘဲ သာသနာဝင် ကတ်ပြား၊ မြို့နယ် သံဃနာယကအဖွဲ့ ထောက်ခံချက် ရယူပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ကို တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ပါပြီ။

နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံရဖူးတဲ့ သံဃာတွေဆိုရင် အဲဒီလို အဆင့်ဆင့် ခွင့်ပြုချက် ယူရတာမို့ သင်္ကန်းပြန်ဝတ်ဖို့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ဝိနည်းတော်နဲ့ အညီ ရဟန်းပြန်ဝတ်ရင်တောင် အာဏာပိုင် ခွင့်ပြုချက် မရလို့ဆိုပြီး ပြဿနာရှာတာတွေ ကြုံရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော်တပါးက မိန့်ပါတယ်။

ပညာရေး ဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေအတွက် သီးခြား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရတာ၊ ပြည်ပထွက်တဲ့အခါ နိုင်ငံ ကန့်သတ်တာတွေကို လျှော့ပေးဖို့ ရှိမရှိ အစိုးရဝန်ထမ်းတွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အောက်ခြေ ဝန်ထမ်းအဆင့်ဆင့်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုပြီး သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောပြီးတဲ့နောက် ကြိုးနီစနစ်တွေ ဖြေလျှော့တာ၊ ဝန်ထမ်းအပြောင်းအရွှေ့ လုပ်တာတွေ ဆက်တိုက် လုပ်လာပါတယ်။


Viewing all articles
Browse latest Browse all 5236

Trending Articles