Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး လိမ်းဆေးများ

$
0
0
~

 




(ကျပ် ၂,၅ဝဝ)
. 

နှစ် နွေရာသီရဲ့ အပူရှိန်ကတော့ အတော်ပြင်းတယ်လို့ပဲ ပြောရပါမယ်။ အထူးသဖြင့်တော့ မီးဖိုကြီး တဖိုအနီးမှာ အပူဟပ်ပြီး ပူနေသလိုမျိုး အီကွေတာနဲ့နီးတဲ့ မြို့ကြီးတွေက အပူဒဏ်ကိုပိုပြီးခံရပါတယ်။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာလည်း ဒီရက်ပိုင်းအတွင်း မိုးခေါင်တာကတကြောင်း၊ အပူလှိုင်း ဖြတ်သွားတာကတကြောင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့် အပူချိန်က သိသိသာသာ ဆိုတာထက်အောင် လွန်လွန်ကဲကဲ ပူပြင်းနေ တာကြောင့် အပူကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ သေဆုံးမှုတွေအထိ အပူရှိန်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေကို နေ့စဉ်နဲ့အမျှ ဖတ်ရှုရပါတယ်။

ဒီလို  ပြင်းထန်လွန်ကဲလှတဲ့  ပူပြင်းမှုတွေနဲ့ အတူ လူသားတွေရဲ့ အလှအပနဲ့ ကျန်းမာရေးကို အဓိက ဖျက်ဆီးနှောင့်ယှက်နေတဲ့ အန္တရာယ် ရောင် ခြည်တခု ရှိပါသေးတယ်။ အဲဒါကတော့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ UV Rays (Ultra Violet Rays) ခရမ်းလွန်ရောင်ခြည်ပဲဖြစ်ပါတယ်။ ခရမ်း လွန်ရောင်ခြည်က အလှအပကို ဦးစားပေးတဲ့ ဒီနေ့ ခေတ်ရေစီးကြောင်းထဲက လူငယ်တွေအတွက်တော့ သာမန်အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာများ စွာသာမက ကြောက်စရာအကောင်းဆုံး အရေပြား ကင်ဆာဆိုတဲ့ ရောဂါကြီးနဲ့ပါ အန္တရာယ်ပြု ခြောက် လှန့်နေပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီးတွေ အပါအဝင် နေရာတော်တော်များများမှာ ခရမ်း လွန်ရောင်ခြည်ရဲ့ ညွှန်းကိန်းတွေက Extreme Level ဆိုတဲ့ အမြင့်မားဆုံးအဆင့် (အန္တရာယ်အရှိဆုံးအဆင့်) ညွှန်းကိန်း ၁၅ ကျော်တဲ့အထိ ရှိနေပြီး နံနက် ၁၁ နာရီကျော်ကနေ မွန်းလွဲ ၁ နာရီအတွင်းမှာ အပြင်း ထန်ဆုံးဖြစ်တာကြောင့် အဲ့ဒီအချိန်အတွင်းမှာ ဖြစ် နိုင်ရင် အတတ်နိုင်ဆုံး အရိပ်အောက်မှာ ရှိနေဖို့နဲ့ အပြင်ထွက်မယ်ဆိုရင်တောင် နေရောင်ကာကွယ်တဲ့ ထီး၊ မျက်မှန် အစရှိတာတွေ တပ်ဆင်ယူဆောင်သွားဖို့ လိုအပ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ ဒီနေ့ခေတ်လို အလှ အပနဲ့ ကျန်းမာရေးကို အလေးထားတဲ့ ခေတ်ရေစီး ကြောင်းထဲမှာ အရေပြားကျန်းမာရေးအတွက် SPF (Sun Protection Factor) နေရောင်ကာကွယ်မှု ညွှန်းကိန်းအနည်းဆုံး ၁၅ဆ (ဖြစ်နိုင်ရင် SPF အဆ ၃၀) ပါဝင်တဲ့ နေရောင်ကာလိမ်းခရင်မ်ကို မျက်နှာနဲ့ လည်ပင်း တဝိုက်သာမက နေရောင်နဲ့ တိုက်ရိုက် ထိနိုင်တဲ့ ခန္ဓာကိုယ် အရေပြား  နေရာ အနှံ့ကိုလည်း လိမ်း ထားသင့်ပါတယ်။

 နေရောင် ကာ  လိမ်းဆေး တွေကို Sun Screen၊ Sunblock၊ Suntan Lotion ၊ Sunburn  စသဖြင့် ဈေး ကွက်ထဲမှာ  အမည် အမျိုးမျိုးနဲ့ ရောင်းချ လေ့ ရှိပါတယ်။ ပုံစံ အားဖြင့်လည်း စပ ရေး၊ လိုးရှင်း၊ ခရင်မ် စသဖြင့် နှစ်သက်ရာကိုဝယ်ယူ သုံးစွဲနိုင်ပါတယ်။ ဒီပစ္စည်းတွေကို လိမ်းခြယ်ခြင်း အားဖြင့် နေရောင်ခြည်ထဲမှာပါရှိတဲ့ ခရမ်းလွန်ရောင် ခြည်ကို အရေပြားပေါ် သက်ရောက်မှု မရှိအောင် အကာအကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် လူတွေသတိမထားမိကြတဲ့အချက် က နေရောင်ကာလိမ်းဆေး အတော်များများဟာ UVB ကိုသာ ကာကွယ်နိုင်ပြီး UVA ကိုတော့ မကာကွယ်နိုင်ဘူးဆိုတဲ့အချက်ကိုပါ။ အဲဒီလို UVA ကို မကာကွယ်နိုင်တဲ့ နေရောင်ကာလိမ်းဆေးတွေဟာ လတ်တလော အသားအရေ ညိုမည်းခြင်းကိုတော့ ကာကွယ်ပေးနိုင်ပေမယ့် ရေရှည်မှာတော့ UVA  ကြောင့်  အသားအရေကို  အိုမင်းညစ်နွမ်းစေပြီး အန္တရာယ်ရှိတဲ့ အရေပြားကင်ဆာ အပါအဝင် အရေ ပြားရောဂါတချို့ကိုဖြစ်ပွားစေနိုင်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာတော့ နေရောင်ကာဆေး လိမ်းထားပြီးပြီ လို့ဆိုပြီး နေရောင်အောက်မှာ စိတ်ချလက်ချနဲ့ အကာအကွယ်မပါ သွားလာနေထိုင်တတ်တာမို့ အရေပြားကို ပိုပြီးတောင် ဆိုးကျိုးသက်ရောက်စေပါ သေးတယ်။ ဒါကြောင့် UVA/UVB နှစ်မျိုးစလုံးကို ကာကွယ်ပေးနိုင်မယ့် နေရောင်ကာဆေးမျိုးကို ရွေးချယ် အသုံးပြုသင့်ပါတယ်။

သုတေသနပြုချက်တခုအရ နေရောင်ကာဆေး ကို ရေရှည်စွဲမြဲ အသုံးပြု လိမ်းခြယ်ခြင်းအားဖြင့် အသားအရေ တွန့်တာ၊ အိတွဲ ကျတာတွေကို အထိုက်  အလျောက် ကာကွယ် ပေးနိုင်တယ် လို့ ဆိုပါတယ်။ UVA ကို ကာကွယ်ပေးနိုင်မယ့် နေ ရောင်ကာ ဆေးကို ရွေး ချယ်နိုင်ဖို့ အတွက်ကတော့ ဘူးပေါ်မှာပါဝင်တဲ့ အညွှန်း ကိန်းနဲ့တင် မလုံလောက်ဘဲ သင်ရွေးချယ်တဲ့ ကုန်ပစ္စည်း ဟာ ယုံကြည်စိတ်ချနိုင်လောက်တဲ့  FDA အသိ အမှတ်ပြု ထုတ် ကုန်တခုဖြစ်ဖို့လည်း လိုအပ်ပါ တယ်။

အာရှမှာ လူသိများတဲ့ နေ ရောင်ကာ ညွှန်းကိန်းတွေက တော့ SPF နဲ့ PA စနစ်တွေပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် အညွှန်းမှာ  SPF ၁၅ လို့ ဖော်ပြထားတယ် ဆိုရင် ဒါဟာ နေရောင်ကာဆေး မလိမ်းဘဲ နေတာ ထက် လိမ်းထားစဉ်မှာ နေရောင်ထဲက UV ဒဏ်ကို ၁၅ ဆ ခံနိုင်ရည်ရှိတယ်ဆိုတဲ့ သဘောပါပဲ။ နေ ရောင်ကာဆေး မလိမ်းဘဲ နေရောင်အောက်မှာ ၁ မိနစ် နေတာနဲ့ လိမ်းပြီး ၁၅ မိနစ် နေတာက အတူတူပဲဆိုတဲ့ သဘောပါ။ SPF ညွှန်းကိန်းများရင် နေရောင်ကို ကာကွယ်နိုင်စွမ်း ပိုမြင့်ပါတယ်။ PA စနစ်မှာလည်း PA ရဲ့နောက်က ++ တွေ များရင် များသလို ပိုမိုအာနိသင်များတယ်လို့ မှတ်ယူနိုင်ပါ တယ်။ ဒါပေမယ့် အဲဒီလိုနေရောင်ကာဆေးတွေရဲ့ ထိရောက်မှု အာနိသင်ကလည်း လူတဦးချင်းရဲ့ အရေပြားအမျိုးအစား၊ အသုံးပြုမယ့်နေရာ (ဥပမာ ရေကူးမှာ လား၊ နေစာလှုံမှာလား ဆိုတာမျိုးနဲ့) ပေါ်မှာမူတည်ပြီးလည်း ကွားခြားနိုင်ပါသေးတယ်။ နောက်ပြီး နေရောင် ကာဆေးကို တကြိမ်လိမ်းပြီး တနေကုန်နေပူထဲ ထွက်နေတာမျိုး လုပ်လို့မရဘဲ လိုအပ်သလို ထပ်ခါထပ်ခါ လိမ်းပေးဖို့လည်း လိုပါ သေးတယ်။

ခရမ်းလွန်ရောင်ခြည်က အရေပြားကျန်းမာရေး မှာ အဓိက အန္တရာယ်အဖြစ် မျက်နှာနဲ့ လည်ပင်းတဝိုက် အရေးအကြောင်းဖြစ်မှုကြောင့် အရွယ်မတိုင် ခင် စောစီးစွာအိုမင်းရင့်ရော်မှုကို အမြန်ဆုံးဖြစ်စေပြီး အသား အရေ ပျက်စီးမှုအဖြစ် အမည်းစက်တွေ ထွက်လာတာ၊ ချွေးပေါက်တွေကျယ်လာတာ၊ အသား အရေ ညိုညစ် မှုတွေ ဖြစ်လာတာအစရှိတဲ့ ဆိုးကျိုး တွေအပြင် အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ဖြစ်တာကြောင့် ဘဝရဲ့ နုနယ်ပျိုမျစ်မှုတွေကို အချိန် တိုအတွင်း ဆုံးရှုံးမှုဖြစ်စေပါတယ်။

ဒီနေ့ခေတ်မှာ အလှအပဆိုတာ အမျိုးသမီး တွေအတွက်ချည်း မဟုတ်တော့ဘဲ အမျိုးသားတွေ အတွက်လည်း ရုပ်ရည်သွင်ပြင် ချောမောမှုကအရေး ပါလာတာကြောင့် အမျိုးသားတွေအနေနဲ့ Skin Care ကို သုံးစွဲသင့်ပါ တယ်။ အခုဆိုရင် အမျိုးသားသုံး Cosmetics  (အလှကုန်ပစ္စည်း) တွေလည်း သီးသန့် ထွက်ရှိ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေ နဲ့ကလည်း အနည်းဆုံး နှစ်ထောင့်ငါးရာဝန်းကျင် လောက်ကစလို့ အများဆုံး သောင်းဂဏန်းဝန်းကျင် အထိ အစားအစားရှိပါတယ်။

ဒီစာကိုဖတ်ပြီး သုံးရတာ အကျိုးထိရောက်မှု လည်းရှိ၊ ဘေးထွက်ဆိုးကျိုးလည်းကင်းပြီး ဈေးနှုန်းလည်း သင့်လျော်တဲ့ နေရောင်ကာဆေးကို ဘယ်လို ရွေးချယ်နိုင်မလဲဆိုတဲ့ မေးခွန်းလည်း ရှိလာဦးမှာပါ။
အကောင်းဆုံးကတော့ အရေပြားဆရာဝန်ထံမှာ သင့်လျော်တဲ့ အကြံဥာဏ်တောင်းခံဖို့ပါပဲ။

 
 (ကျပ် ၁၂,၅ဝဝ)

 (ကျပ် ၁ဝ,၂ဝဝ)

 (ကျပ် ၇,၆ဝဝ)

 (ကျပ် ၇,ဝဝဝ)

 (ကျပ် ၉,၂ဝဝ)

 (ကျပ် ၄,၂ဝဝ)

 (ကျပ် ၃,၈ဝဝ)

 (ကျပ် ၄,၇ဝဝ)

(ကျပ် ၆,၈ဝဝ)


.


Viewing all articles
Browse latest Browse all 5236

Trending Articles