ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အဆင့်မြင့် အဆောက်အဦ တခုမှာ လုပ်ငန်းဝင်နေကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေပါ။ ထိုင်းနိုင်ငံမှာ နေလာတာ ကြာပြီဆိုတော့ လုပ်ငန်း အတွေ့အကြုံတွေက အတော်လေးကို ရှိနေကြပြီ။နေ့စား လုပ်သားကနေ ကန်ထရိုက် ဆွဲတဲ့အထိ လုပ်ရည် ကိုင်ရည်က အယောက်တိုင်းမှာ ရှိနေကြတာပါ။ ဒါပေမယ့် ဝင်ငွေ ရတာများပေမယ့် ထိုင်း လုပ်ငန်းရှင်တွေက လုပ်ငန်းခွင် ပြီးသလောက် လွယ်လွယ်နဲ့ ငွေမရှင်းပေးတာက သူတို့အတွက် စိတ်ပျက်စရာ ဖြစ်သလို တခါတလေ ထမင်းစားဖို့တောင် ပိုက်ဆံမရှိဘူးလို့ ညည်းနေကြပါရဲ့။ သူတို့ထဲက ခေါင်းဆောင်ဖြစ်သူက “ကျတော်တို့ မြန်မာနိုင်ငံမှာ လုပ်ရရင်တော့ ဘယ်ပြောကောင်းမလဲ တဲ့ဗျာ။ ခက်တာက ကျတော်တို့ နိုင်ငံမှာ အလုပ်မှ မရှိတာ။ ထိုင်းနိုင်ငံပဲ ပြန်လာရမှာဘဲ။ ဟိုမှာ အများဆုံး နေနိုင်ရင် တလပေါ့ဗျာ” တဲ့။ (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ
ငြိမ်းဇော်
ငြိမ်းဇော်