Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စားပွဲထိုးလေးများအတွက် ရွေ့လျား စာသင်ခန်း

$
0
0

~




မြန်မာ့ရွေ့လျား ပညာရေး ပရဟိတအဖွဲ့ဆိုတဲ့ (My ME Project) အဖွဲ့ဟာ ဘတ်စ်ကားကြီးတစီးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ၀န်ဆောင်မှုကို ရန်ကုန်မြို့မှာ စတင်နေပါပြီ။

 

 


ဒီဘတ်စ်ကားကြီးက အလုပ်သမား ကလေးငယ်တွေကို ပညာသင်ပေးမည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဒီဘတ်စ်ကားကြီးက အလုပ်သမား ကလေးငယ်တွေကို ပညာသင်ပေးမည်
(ဓာတ်ပုံများ – ဂျေပိုင် နှင့် စိုင်းဇော် / ဧရာဝတီ) .
စာသင်ခန်းတွေဆီကို ရောက်ရှိ မလာနိုင်တဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ဒီ Project ဟာ လောလောဆယ်တော့ ရှေ့ပြေးအစီအစဉ် အဖြစ်နဲ့ လက်ဖက်ရည်ဆိုင်တွေက စားပွဲထိုး ကလေးငယ်တွေဆီကို ဦးတည်နေပါတယ်။

ဒီအစီအစဉ်ကို စတင် ထိတွေ့ခွင့်ရခဲ့တဲ့ ကလေးငယ်တွေကတော့ မြောက်ဥက္ကလာပနဲ့ တာမွေမြို့ နယ်က Lucky Seven လက်ဖက်ရည်ဆိုင် နှစ်ဆိုင်အပြင် တောင်ဥက္ကလာပက လက်ဖက်ရည်ဆိုင် တချို့ရဲ့ စားပွဲထိုးကလေးငယ်တွေပဲ ဖြစ်ပါတယ်။

 ဦးသိန်းစိန် လက်ထက်မှာ ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေသုံးစွဲမှုဟာ ယခင်အစိုးရ လက်ထက်ကထက် ပိုမိုလာခဲ့ပေမယ့် အနည်းဆုံး ဘဏ္ဍာရေး အသုံးစရိတ်တွေထဲမှာ ပါဝင်နေဆဲပါ။

 အကြောင်း အမျိုးမျိုးကြောင့် စာသင်ခန်းတွေဆီ ရောက်မလာနိုင်ခဲ့တဲ့ ကလေးငယ်တွေအတွက် ဒီလို ရွေ့လျားပညာရေး အစီအစဉ်ဟာ ကန္တာရထဲက အိုအေစစ်တခုလို ဖြစ်နေတယ်လို့ ခံစားမိပါတယ်။
 

 နေ့ပိုင်းမှာ အလုပ်တာဝန်ရှိပေမယ့် ညဘက်မှာလည်း ပညာရေးအတွက်လက်မလျှော့

 ဘ၀အကျိုးပေးကြောင့် ကျောင်းနဲ့ဝေးခဲ့ကြရတယ်

 စာအုပ်စာတမ်း မပြည့်စုံသေးလို့ မျှဝေကြည့်ရှု သင်ယူရတာကလည်း အလေ့အကျင့်ကောင်း တခုပါပဲ

 အလုပ်နားချိန်မှာ ပညာရေးအတွက် အချိန်ပေးဖို့ ဘယ်သူကမှ ဖိအားပေးခဲ့တာမျိုး မဟုတ်ပါဘူး
 

 A,B,C,D ဆိုတာ အရင်က သူစိမ်းဆန်ခဲ့ပေမယ့်
 

 အခုတော့ သူတို့လက်ထဲ ရောက်ပြီ
 

 အင်္ဂလိပ်စာကို အခြေခံကနေ စသင်နေရပေမယ့် အားလုံးက စိတ်ဝင်တစားရှိကြပါတယ်

 နံနက်မိုးလင်းချိန်မှာတော့ လုပ်ငန်းခွင်မှာ တာဝန်ကျေကျေပေါ့
 အနာဂတ်အတွက် ပစ္စုပ္ပန်မှာကြိုးစားနေကြတာ အများအသိပါ

(ဒီဓာတ်ပုံတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ရဲ့ ဓာတ်ပုံအက်ဆေးကဏ္ဍမှာလည်း ဖော်ပြထားပါတယ်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles