Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြောက်ကိုရီးယား ခေါင်းဆောင်က သူ့ဦးလေးကို သတ်ခဲ့တာ မဟုတ်ဘူးတဲ့

$
0
0
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းဟာ သူ့ ဦးလေး ဖြစ်သူကို ကွက်မြက်ခဲ့တာ မဟုတ်ဘဲ မကြာ
သေးခင်က ပဲ အဲဒီကွန်မြူနစ်နိုင်ငံကို အလည်သွားခဲ့တုန်းက ကင်ဂျုံအန်ရဲ့ ဦးလေးကို တွေ့ခဲ့တယ်လို့ နာမည်ကြီး ဘတ်စကက်ဘော သမား Denis Rodman က ပြောလိုက်ပါတယ်။ 




Rodman ဟာ မြောက်ကိုရီးယားကို ရှားရှားပါးပါး သွားလို့ရတဲ့ ကင်ဂျုံအန်ရဲ့ အထူးဧည့်သည်တဦးလည်း
ဖြစ် ပါတယ်။ ကင်ဂျုံအန်ဟာ အမေရိကန်က ဘတ်စကက်ဘော အကြော်အမော်တွေဖြစ်တဲ့ မိုက်ကယ် 
ဂျော်ဒန်တို့ Rodman တို့ရဲ့ ပရိသတ်တဦးလည်း ဖြစ်ပါတယ်။

နိုင်ငံတော် ပုန်ကန်မှုနဲ့ ဂျန်ဆုန်ထေ့ခ် ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကွက်မြက်လိုက်တယ်လို့ မြောက် ကိုရီးယား နိုင်ငံပိုင် သတင်းဌာနတွေက ကြေညာခဲ့ပေမယ့် ကင်ဂျုံအန်ရဲ့ ဦးလေးဟာ အသက်ရှင်နေဆဲပဲ
ဖြစ်တယ်လို့ Rodman နဲ့ Dujour မဂ္ဂဇင်းတို့ရဲ့ အင်တာဗျူးမှာ ပြောပါတယ်။ 

“ ခင်ဗျားက ဒီနေရာမှာ မြောက်ကိုရီးယားနိုင်ငံအကြောင်း ဘာပဲဖြစ်ဖြစ်ပြောနိုင်တယ်၊ လူတွေကလည်း ယုံနေမှာပဲ” လို့ Rodman က ဆိုပါတယ်။ 

သူက ဆက်ပြီး “ ကင်ဂျုံအန်ရဲ့ ချစ်သူကောင်မလေးနဲ့ ဦးလေးဖြစ် သူတို့ကို သတ်လိုက်တယ်၊ သူ့ ဦးလေး ကို ဆို ခွေး စာ ကျွေးပစ်တယ်လို့ လူတွေပြောနေချိန်မှာ အခုနောက်ဆုံး ကျနော်အဲဒီကို သွားခဲ့တယ်။ သူတို့ ( အသတ်ခံရတယ်ဆိုသူတွေ ) က ကျနော့်နောက်မှာ ရပ်နေကြတာပါဘဲ” လို့ ပြောပါတယ်။ 

ဂျာနယ်လစ်တွေလည်း အဲဒီသတင်းအတည်ပြုချက်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ Rodman ကတော့ အဖန်တလဲလဲ ဒါကို အခိုင်အမာပြောနေပါတယ်။ 

Rodman က ပြောတာမှာတော့ ကင်ဂျုံအန်ဟာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ ဆွေးနွေးလိုပါ တယ် တဲ့။ ဆွေးနွေးချင်တဲ့အကြောင်းကလည်း မြောက်ကိုရီးယားဟာ နိုင်ငံငယ်လေးဖြစ်လို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အနုမြူ လက်နက် ထားရှိတဲ့အကြောင်း Rodman ကို ကင်ဂျံအန်က ပြောခဲ့ပါတယ်တဲ့။ 

“သူ ( ကင်ဂျုံအန်) က တကယ့်ကိုပဲ အိုဘားမားနဲ့ စကားပြောချင်တယ်။ ကျေနပ်လောက်အောင် သူ မပြောနိုင်ဘူး ဖြစ်နေတယ်” လို့ Rodman က ဆိုပါတယ်။ 

Rodman က ဆက်ပြောတာမှာ “သူပြောနေတာက သူ ဘယ်သူ့ကိုမှာ ဗုံးမကျဲချင်ဘူးတဲ့။ သူ အမေရိကန်
တွေကိုလည်း မသတ်ချင်ဘူးတဲ့။ သူက အမေရိကန်တွေကို ချစ်တယ်” လို့ ဆိုပါတယ်။ 

မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းကတောင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကင်ဂျုံအန်ရဲ့ ဦးလေး ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ကွက်မြက်လိုက်တယ်ဆိုထားပြီး မကြာသေးခင်က မြောက်ကိုရီးယားကို အလည် သွားခဲ့တဲ့ အမေရိကန် ဘတ်စကက်ဘောသမားဟောင်း Rodman က အသတ်ခံရသူတွေ အသက်ရှင် လျှက် ရှိနေတယ်လို့ ပြောနေတော့ ဒီကိစ္စက အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ 



အိမ့်သံစဉ် ~ 











Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)