Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ

$
0
0
အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 


အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။ 

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်။ 

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။ 

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။


Viewing all articles
Browse latest Browse all 5236

Trending Articles