Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး ရှရီယာ ဥပဒေအရ ကြိမ်ဒဏ်သင့်

$
0
0
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါ အာချေးမှာ ပြီးခဲ့တဲ့အပတ်က အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီး တဦးကို တရားမဝင် လိင်ကိစ္စ ကျူးလွန်တယ်လို့ စွတ်စွဲပြီး လူပုံအလည်မှာ ကြိမ်ဒဏ်ပေးခဲ့ပါတယ်။ 

 ဓာတ်ပုံ- ဂျာကာတာ ဂလုပ်ဗ်

“သူတို့ လိင်ဆက်ဆံကြတာက ဘာသာရေး ဥပဒေတားမြစ်ချက်ကို ချိုးဖောက်ခဲ့လို့ အဲဒီစုံတွဲကို ကျနော်တို့ က ကြိမ်ဒဏ် ပေးချင်ခဲ့တာဖြစ်တယ်” လို့ အာချေးပြည်နယ် လန်ဆာမြို့အရှေ့ဘက် ရှာရီယာ ရုံးအကြီး အကဲ အီဗရာဟင် လာတိဖ် က ပြောတာကို ဂျကာတာ ဂလုပ်ဗ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။ 

အသက် ၄ဝ အရွယ် အိမ်ထောင်သည် အမျိုးသားတဦးရဲ့ အဖော် အမျိုးသမီးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက သူ့ရဲ့ နေအိမ်မှာပဲ အမျိုးသား တစုက အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြပါတယ်တဲ့။ အဲဒီအမျိုးသမီးကို မုဒိန်းကျင့် ခဲ့ကြတဲ့ လူ ၈ ဦး အဖွဲ့ထဲက အဲဒီနေ့ကတည်းက ၃ ဦးကို ဖမ်းမိခဲ့ပါတယ်။ 

အမျိုးသမီးရဲ့ အ ဖော် အမျိုးသားကလည်း ကြိုးနဲ့ ချည်နှောင်ခံရပြီး အရိုက်ခံရပါသေးတယ်။ ပြီးတော့ အဲဒီ လူအုပ်စုက သူတို့ကို ရှာရီယာ ရဲ လက်ကို အပ်လိုက်ပါတယ်။ ဆိုလိုတာက ရှရီယာ ဥပဒေနဲ့ ကိုင်တွယ်နေ တဲ့ အဖွဲ့အစည်းရှိသလို အခြားနိုင်ငံတွေမှာလိုပဲ တရားရုံးတွေ၊ ရဲတွေနဲ့ ဥပဒေ ထိမ်းကျောင်းရေး အဖွဲ့က လည်း သတ်သတ် ရှိနေတဲ့သဘောပါ။

အီဗရာ ဟင်က ပြောတာမှာတော့ ဒီ အမျိုးသမီး မုဒိန်းကျင့်ခံခဲ့ရတဲ့အပေါ် အရေးယူဖို့ သူတို့ စဉ်းစားစရာ အကြောင်းမရှိပဲ အဲဒီ အမျိုးသမီးက ဖောက်ပြန်မိတာကို ဝန်ခံတဲ့အတွက် ဘာသာရေး ဥပဒေအရ အရေးယူ တာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

 “သူတို့ ( အမျိုးသမီးနဲ့ သူ့အဖော် အမျိုးသား) ကို ဘာသာရေါ် တရားစီရင်တဲ့အနေနဲ့ ကြိမ်ဒဏ်ပေးရမှာဖြစ် တယ်။ မုဒိန်း ကျင့်ခဲ့သူတွေကိုတော့ ဥပဒေအတိုင်း ရာဇဝတ်ခုံရုံးမှာ တရားစွဲခံရမှာဖြစ်တယ်၊ ဒီအပြင် ကလေး ၅ ယောက် အဖေ အိမ် ထောင်သည် အမျိုးသားဖြစ်နေတာတောင်မှ အဲဒီအမျိုးသမီးဟာ သူနဲ့ အရင်ကတည်းက သူတို့ လိင်ဆက်ဆံခဲ့ကြတယ် ဆိုတာ သူတို့ ၂ ဦးလုံးက ဝန်ခံတယ်။” လို့ သူက ပြောပါ တယ်။ 

ရဲအရာရှိကတော့ ဒီလိုဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ ချက်ချင်း မှတ်ချက်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါ တယ်။ အာချေးမှာ ကျင့်သုံးနေတဲ့ ရှာရီယာ ဥပဒေအရ အဲဒီအမျိုသမီးနဲ့ သူ့ အဖော် အမျိုးသားတို့ကို တယောက်ကို ကြိမ်ဒဏ် ၉ ချက် အပြစ်ပေးခဲ့ရပြီး မုဒိန်းကျင့်သူတွေလည်း အလားတူ ကြိမ်ဒဏ် ၉ ချက် 
ပြစ်ဒဏ်ပေးခံရပါတယ်။ 

အသက် ၁၃ နှစ်အရွယ် လူငယ်တဦး အပါအဝင် ဖမ်းမိထားတဲ့ မုဒိန်းကျင့်တဲ့ ၃ ဦးကို ရဲက ဖမ်းဆီးထားပြီး ကျန်တဲ့ ၅ ဦး ကို လည်း ဖမ်းမိဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားက အစ္စလမ် ဘာသာရေး ခေါင်းဆောင်တွေကလည်း ရှရီယာ ဥပဒေကို ထောက်ခံအားပေးကြ သလို အာချေး ပြည်နယ်မှာ ရှရီယာ ဥပဒေကို ကျူးလွန်တယ်ဆိုတာ သိရင် ရှရီယာ ရဲဆီသတင်းပို့ရမှာ တာဝန်ပဲ လို့ ပြောဆိုကြတာလည်း ရှိပါတယ်။ 


အိမ့်သံစဉ် ~ 

 








 

Viewing all articles
Browse latest Browse all 5236

Trending Articles