Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စိတ်ကိုနိုင်ရင် လောကကိုနိုင်မယ်

$
0
0
~



  • အဆိုတော် ကျော်သီဟ (Melody World)၊
  • ၂၅ နှစ်၊
  • B.Art (အနုပညာတက္ကသိုလ်)


 .
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အခုက ပွင့်လင်းရာသီရောက်ပြီဆိုတော့ ကျနော် ပွဲတွေဆိုတယ်။  ရန်ကုန်မှာပွဲတွေ ဆိုတာများတယ်။ ကျနော့်ရဲ့ ဒုတိယ တကိုယ်တော်စီးရီးလေးကိုလုပ်နေတာ။
၂၀၁၄ အကုန်မှာ  VCD ပါ ထွက်နိုင်အောင် ကြိုးပမ်းနေပါတယ်။  ကျနော် ဒီလိုသီချင်းဆိုတဲ့အဆိုတော်အလုပ်ကို တကယ် ကြိုက် နှစ်သက်လို့ ရွေးချယ်ခဲ့တာပါ။
ကိုယ်တကယ် ဝါသနာပါတဲ့အလုပ်ကို အရင်းခံပြီး လုပ်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက်တွေရှိတယ်။

ပန်းချီဆွဲတာကိုလည်း ဝါသနာ ပါပေမယ့် ခဲပန်းချီဆွဲတာလောက်နဲ့တော့  Professional လုပ်လို့မရဘူး။
သီချင်းဆိုတဲ့ အလုပ်ကတော့ ပါရမီပါလာ တာရယ်၊ တကယ်လည်းဝါသနာပါတာရယ်ကြောင့် လုပ်ခဲ့တာပါ။

အရင်တုန်းကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် အတိအကျကြီးမရှိဘူး။  လူငယ်စတိုင်၊ လူကြီး စတိုင်တွေ လိုက်ပြီးဝတ်တယ်။  အခုနောက်ပိုင်း ကိုယ်နဲ့ လိုက်မယ်ထင်ပြီး ဝတ်ဖြစ်နေတာက gentlemen စတိုင်ပေါ့။
  Skinny, Style, Jeans နဲ့ Shoes ပုံစံတွေ ဝတ်ဖြစ် စီးဖြစ်ပါတယ်။  အခု နောက်ပိုင်း ဒီဇိုင်နာစိုင်းကသစ်နဲ့ တိုင်ပင်ပြီး ချုပ်ဝတ်ဖြစ်ပါတယ်။

 အခုဆိုရင် ကျနော့်အနုပညာသက်တမ်းက ခြောက်နှစ်ကျော် လောက်ရှိပြီဆိုတော့  Stage မှာ အေးဆေး ဖျော်ဖြေနိုင်နေပါပြီ။

လူတယောက် ဖြစ်လာပြီဆိုရင် လူတိုင်းက အောင်မြင်ချင်ကြတာပဲ။  ကျနော်သိတာက လူတယောက်က ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်တာရှိတယ်။  နောက်တခုက သူများရဲ့ ဖိအားပေးမှုနဲ့ လုပ်ရတာရှိတယ်။
ကိုယ် တကယ် ဝါသနာအရင်းခံပါတဲ့ အလုပ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်တယ်။  ဒါကြောင့် လူငယ်တယောက် က ကိုယ် တကယ်ဝါသနာပါတဲ့အလုပ်ကို  လုပ်ဖို့လိုတယ်။ 
ကိုယ် ဝါသနာမပါဘဲ  လုပ်ရင်တော့  ဆုံးခန်း တိုင်အောင် အောင်မြင်မှုရမယ်လို့ မထင်ပါဘူး။  အောင်မြင်မှု ရဖို့ ဆိုတာတော့ ကိုယ်လည်း တကယ်ကြိုးစားမှ ရမှာလို့ထင်ပါတယ်။

ကျနော်ကြိုက်တဲ့ စာရေးဆရာ နှစ်ယောက်ရှိတယ်။  ဆရာ နန္ဒာသိန်းဇံရယ်၊ ဆရာ ဖေမြင့်ရယ်။  သူတို့ စာအုပ်တွေတော့ ကြိုက်လို့ဖတ်ဖြစ်တယ်။  အခုနောက်ပိုင်း ဦးဘုန်း (ဓာတု) စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။
ကျနော်ကြိုက်တဲ့ ဆောင်ပုဒ်တခုရှိတယ်။  အဲဒါက အမည်မသိ ဆရာတော်တပါးရဲ့ ဆောင်ပုဒ်လေးပါ။  စိတ်ကိုနိုင်ရင် လောကကို နိုင်မည်ဆိုတဲ့ ဆောင်ပုဒ်လေးပါ။  ဘယ်အရာမဆို လူတိုင်းမှာ စိတ်ကပဲ အဓိကကျပါတယ်။

အခုခေတ်ကာလ အခြေအနေတွေက အများကြီးဟြေင်းလဲလာတော့ အခွင့်အရေးတွေလည်း အများကြီး ရှိလာပါတယ်။  တကယ်တမ်းကြိုးစားတဲ့သူအတွက်က နေရာတနေရာတော့ အမြဲရှိတယ်လို့ ကျနော်ထင်ပါတယ်။
ကိုယ်တကယ်ဖြစ်ချင်ရင် အားမလျှော့ဘဲ ကြိုးစားပါ၊ အဲဒီအတွက် အချိန်လေးတော့ ပေးရမှာပါ၊  ဒါဆို အောင်မြင်မှုကို ရမှာပါလို့ ဟြေချင်ပါတယ်။

  • မြတ်သူအောင်







 -
ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။


The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။
ဂျာနယ်တွေကို http://burma.irrawaddy.org/journalsမှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles