Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြစ်ဆုံဆည်စီမံကိန်းဖျက်ဖို့ ဧရာဝတီမြစ်ထဲ လက်ပစ်ကူးဆန္ဒပြ

$
0
0
~





မြန်မာပြည်မှာ ထူးခြားဖြစ်ရပ်တွေ မကြာခဏ ပေါ်ပေါက်နေတဲ့အတွက်   ဧရာဝတီမြစ်ဆုံဒေသ ရေအားလျှပ်စစ်စီမံကိန်းကြီးကို မေ့လျော့နေကြသူတွေ အများအပြား ရှိပါလိမ့်မယ်။


   -
 
မြန်မာပြည်ကို ကောင်းကောင်း ဒုက္ခပေးမယ့် ဒီစီမံကိန်းကြီးကို ပြည်မြို့ဒေသခံအများအပြား မမေ့မလျော့ ရှိနေကြပုံအကြောင်း သတင်းထောက်ကောင်းမြတ်မင်းရဲ့ သတင်းပေးပို့ချက်နဲ့ ဓာတ်ပုံတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။



        ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေး ဆန္ဒပြတဲ့အနေနဲ့  ပြည်မြို့ဒေသခံ (၁၄) ဦးက ကြာသပတေးနေ့ညနေပိုင်းမှာ ဧရာဝတီမြစ်ကို လက်ပစ်ကူးကြပါတယ်။

  ရွှေဘုံသာဘုရား သဲသောင်ပြင်အစပ်အထိ မြစ်ကိုဖြတ်ပြီးလက်ပစ်ကူး ဆန္ဒပြကြတာပါ။

        ဆန္ဒဖေါ်ထုတ်ရာမှာ ဦးဆောင်သူ ကိုကျော်ဆွေက သူတို့ရဲ့ လှုပ်ရှားမှုအကြောင်း  ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။

        “ကျနော်တို့ရဲ့ မြတ်မိခင်ဧရာဝတီကို လူတစုလုပ်ရပ်ကြောင့် အဖျက်အဆီးမခံနိုင်ပါဘူး။
အခုလို မြစ်ကိုဖြတ်ကူးတယ်ဆိုတာ အန္တရာယ်များမှန်း သိပါတယ်။
ကျနော်ဆိုရင် ခြေထောက်တဖက် မသန်ပါဘူး။
ဒါပေမဲ့ ကျနော်တို့က ဒီစီမံကိန်းကို နည်းလမ်းမျိုးစုံသုံးပြီးတော့ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်သွားမှာပါ။
ဧရာဝတီမြစ်ကြီး ပျက်ဆီးအောင်လုပ်တဲ့လူတွေဟာ ကိုယ့်အမေကို ကိုယ်ပြန်သတ်တဲ့လူတွေပါပဲ။
ကျနော်တို့ မိခင်ကို ကျနော်တို့ လိုအပ်ရင် အသက်ပေးကာကွယ်သွားမှာပါ”

        ဧရာဝတီမြစ်ကို လက်ပစ်ကူးပြီး ဆန္ဒထုတ်ဖေါ်တဲ့နေရာကို ရာနဲ့ချီတဲ့ ပြည်မြို့ခံလူထုက လာရောက် အားပေးခဲ့သလို၊ အခုလို ဆန္ဒထုတ်ဖေါ်မှုအတွက် ခွင့်ပြုချက် တောင်းခံထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ဧရာဝတီမြစ်ကို ဖြတ်ကူးသူထဲက (၄) ဦးကတော့ အသွားအပြန်ကူးခတ်ပါတယ်။

လာမဲ့ ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲ) ညမှာလည်း ဧရာဝတီမြစ်သဲသောင်ပြင်ပေါ်မှာ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ မြစ်ဆုံဆည်စီမံကိန်းကို ထပ်မံ ကန့်ကွက်သွားမဲ့ အစီအစဉ်များလည်းရှိနေသေးကြောင်း သိရပါတယ်ခင်ဗျာ။

ဆက်စပ်

http://burma.irrawaddy.org/%E1%81%80_dam/2013/06/26/42987.html

http://burma.irrawaddy.org/%E1%81%80_dam/2013/05/20/40152.html

 











.


Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)