Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တက်တူးအနုပညာပြပွဲ

$
0
0

    တက်တူးလို့ပြောရင် လူ့ခန္ဓာကိုယ်မှာ အရုပ်ရေးဆွဲတာလို့ပဲ ယူဆကြမှာပါ။
အခုတော့ တက်တူးကို ပြပွဲတင်ခဲ့ပါပြီ။

    ပန်ဆိုးတန်းလမ်းပေါ်က  လောကနတ် ပန်းချီပြခန်းမှာ   တက်တူး အနုပညာလက်ရာတွေကို တပတ်ကြာ ခင်းကျင်းပြသမှု မနေ့က အဆုံးသတ်လိုက်ပါတယ်။

ဒီပန်းချီပြပွဲမှာ တက်တူးဆရာဇေလတ်ခိုင်ရဲ့ ပန်းချီကားတွေကို ပြသထားပါတယ်။
ကိုဇေလတ်ခိုင်ဟာ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး အုပ်စုလိုက် ပန်းချီ ပြပွဲ ၁၂ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။
ဒီပွဲဟာ သူ့ရဲ့ပထမဆုံး တကိုယ်တော်ပြပွဲဖြစ်ပါတယ်။ 

ရှေးမြန်မာတွေလက်ထက်ကတည်းက ဆေးမှင်ကြောင်ထိုးတဲ့ဓလေ့မြန်မာတွေမှာရှိကြပါတယ်၊
လူပျိုလူငယ် တွေအရွယ်ရောက်လာပြီ ဆိုရင် ယောက်ျား ပီသတယ်ဆိုတဲ့ လက္ခဏာကို ဖော်ပြတဲ့အနေနဲ့ ပေါင်တွေမှာ ထိုးကွင်း မှင်ကြောင်ထိုးတဲ့ဓလေ့ ရှိပါတယ်။

အခုခေတ်မှာတော့ တက်တူးက ဖက်ရှင်တခုလို ဖြစ်လာပြီးလူ ငယ်တွေ ကြား မှာရေပန်းစားပါတယ်။
ထင်ပေါ်ကြော်ကြားတဲ့အနုပညာရှင်တွေလည်း တက်တူးထိုးကြပါတယ်။
သူတို့ကိုကြိုက် နှစ်သက်တဲ့ပရိသတ်လူငယ်တွေက အတုယူပြီးထိုးလာကြတာမျိုးရှိသလို ကိုယ်တိုင် ကြိုက် နှစ်သက်လို့ထိုး ကြတာတွေလည်းရှိပါတယ်။

ဒီ တက်တူး ဆေးမှင်ကြောင်ဟာ အနုပညာရပ်တခုလည်း ဖြစ်တယ်ဆိုတာကို ဧရာဝတီပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ရွက်စိမ်း
~

 











 ဧရာဝတီ Facebook/ဧရာဝတီ Twitter

Viewing all articles
Browse latest Browse all 5236

Trending Articles