Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထူးအယ်လင်းနဲ့ ကိစ္စ မီးမီးခဲ ထုတ်ပြောပြီ

$
0
0
အဆိုတော် မီးမီးခဲဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က တနှစ်ခွဲကျော်ကြာ ခင်ပွန်းဖြစ်သူ ထူးအယ်လင်းနဲ့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက လင်မယားကွာရှင်းခွင့်ရခဲ့ပြီး သတင်းမီဒီယာတွေက ကွာရှင်း ခွင့် 
တောင်းရတဲ့ အကြောင်းရင်းကို မကြာခဏ မေးခဲ့ကြပေမယ့် သေချာ မပြောခဲ့ပါဘူး။ 

 မီးမီးခဲ၊ ဓာတ်ပုံ- မီးမီးခဲ ဖေ့စ်ဘုတ်

ဒါပေမယ့် အခု မေလ ၄ ရက်နေ့က တော့ မီးမီးခဲ ဂီတဖျော်ဖြေပွဲတခုမှာ ပြုံးပြုံးရွှင်ရွှင် သီချင်း သီဆိုဖျော်
ဖြေတာကို ပရိသတ်တွေက မေးလို့ သူ့ဖေ့စ်ဘုတ်က တဆင့် အခုလို ထုတ်ပြောလိုက်ပါပြီ။ 

ဒီနေ့  အလုပ်တွေလုပ်ပြီးသီချင်းဆိုတော့ 
လူတွေက အစ်မတအား ပြုံးနေနိုင်တယ်နော်တဲ့
ဘယ်လောက်ပူပူ!! 
အမှန်တိုင်းပြောမယ် ထူးအယ်လင်းကို မီးမီးခဲ စိတ်ကုန်ခဲ့တာကြာပြီ 
၂ နှစ်ခွဲကျော်ပြီ 
အားနာတတ်ရင် သူ အခုယူထားတဲ့ ကယားတိုင်းရင်းသူ ကို
ဖြောင်းဖြပေးသင့်တယ် အပါး စောဘွဲ့မှုးလဲ အားနာပါတယ် 
ရွေးချယ်ခဲ့တဲ့အတိတ်ကြောင့် ငါပင်ပန်းနေတုန်း 
နင်တို့ တွေ ငါတို့ သားအမိကို ဘာမှမပေးတော့နဲ့ 
ငါကိုယ်တိုင်ရွေးပြီး ငါကိုယ်တိုင်ဖမ်းပေးခဲ့တဲ့ အချစ်လို့ ခေါ်သလား 
သီချင်းနဲ့ ဟန်ဆောင်ပြီး ပရိတ်သတ်ဆီက အားပေးမှုကို သနားခံပြီးယူမနေ နဲ့တော့ နင် ကျေးဇူးတရားနားလည်ရင် 
ငါ့နဲ့ ငါ့သမီးလေးအိမ်ပေါ်ကဆင်းပေးပါ 

အဆိုတော် မီးမီးခဲက သူ့ဖေ့စ်ဘုတ်မှာ ရေးသားထားချက်ပါ။ 


 အိမ့်သံစဉ် ~

ဆက်စပ်သတင်း 

ထူးအယ်လင်းနဲ့ ကွာရှင်းခွင့် ရပြီး မီးမီးခဲ ဘာ ပြောလဲ 

 


 

 


 

Viewing all articles
Browse latest Browse all 5236

Trending Articles