Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အင်းလေးဟိုတယ်ဇုန်အမှု ကလောမြို့သို့ ပြောင်းစစ်မည်

$
0
0

အင်းလေးဟိုတယ်ဇုန် တည်ဆောက်နေသည့် စီမံကိန်းကို နှောက်ယှက်မှုကြောင့် ပုဒ်မ ၁၈၈ဖြင့် တရားစွဲဆိုခံထားရသည့် အင်ကြင်းကုန်းရွာ၊ ကံပဲ့ရွာမှ ရွာသူရွာသား (၇) ဦး၏ အမှုကို
ကြာသပတေးနေ့က တောင်ကြီးမြို့၊ မြို့နယ်တရားရုံးတွင်  ဆက်လက် စစ်ဆေးကြားနာသည်။

ယခုဖြစ်ပေါ်နေသော အမှုသည် လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုဖြစ်နေသောကြောင့်  ၇/၃၀ ပြစ်မှု ပုဒ်မ(၃၁၇) ၄၁/၁၃ အရ ကလောမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးရန် တရားသူကြီး ဒေါ်လင်းလင်းက အမိန့်ချမှတ်ခဲ့သည်။  

ရုံးချိန်းရှိသည့် တောင်ကြီးမြို့သည် ယင်းတို့၏ရွာနှင့် မိုင် ၃၀ကျော်ကွာဝေး သည့်အတွက်  သွားလာရ များစွာ ခက်ခဲနေကြောင်း၊
ကလောမြို့တွင် အမှုစစ်ဆေးမည် ဆိုလျှင် ပိုဆိုးသွားမည်ဖြစ်ကြောင်း၊
ညောင်ရွှေမြို့ တရားရုံးတွင် အမှုစစ်ဆေးရန်  ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရွာသားများ၏ ရှေ့နေ  ဒေါ်နန်းသူဇာက  လျှောက်လဲချက်ပေးခဲ့သည်။

     တရားသူကြီးက လျှောက်လဲပိုင်ခွင့် ရှိကြောင်း ပြောကြားကာ ရုံးချိန်းရပ်နားလိုက်သည်။

တရားစွဲဆိုခံနေရသည့် ရွာသားများက  ယခုလို တဝေးတလံ သွားခိုင်းနေခြင်းသည် မိမိတို့အား အခက်အခဲ ဖြစ်အောင် ပြုမှုနေခြင်းသာဖြစ်ကြောင်း၊  တရားဥပဒေ အား တရားနည်းဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမရလျှင် ဆန္ဒပြရန် စီစဉ်ထားကြောင်း ပြောဆိုသွားသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~
အင်းလေးဟိုတယ်ဇုန်အငြင်းပွားမှုကို ပြည်နယ်အစိုးရ ညှိတော့မည်မဟုတ်  
 
ဧရာဝတီ Facebook/ဧရာဝတီ Twitter

Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။