Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အပူကြောင့် သေနှုန်းသုံးဆတိုးတဲ့ပြည်မြို့မှာ မိုးရွာသွန်းရေးကြိုးပမ်းချက်

$
0
0
~

 


"နာရေးမှတ်တမ်းတွေ ပြန်ကြည့်ရင် အသက်အရွယ် ကြီးတဲ့ သူတွေ၊ ယမကာ သောက်သုံးတဲ့သူတွေ အများဆုံး ပို့ပေးနေရတယ်"
  • ကောင်းမြတ်မင်း


 


အပူရှိန်ပြင်းလွန်းလို့ အသေအပျောက်များနေတဲ့ ပြည်မြို့မှာ မိုးရွာချ အပူရှိန်ကျစေဖို့အတွက် ရိုးရာနည်းလမ်းတခုကို ကျင့်သုံးလိုက်ပါတယ်။
အဲးဒါကတော့ ဒီကနေ့ ညနေပိုင်း လွန်ဆွဲပွဲတခု ကျင်းပလိုက်ခြင်းပါပဲ။

ပရဟိတအသင်းတခုဖြစ်တဲ့ မိုးမေတ္တာအသင်းဝင်တွေရဲ့ လွန်ဆွဲပွဲကို   ညနေ ၄ နာရီလောက်က တွေ့ခဲ့ရပါတယ်။

လူနာတင်ယာဉ်လှူဒါန်းဖို့ရောက်ရှိနေတဲ့ နာရေးကူညီမှုအသင်း( ရန်ကုန် ) မှ ကိုကျော်သူကလည်း လွန်ဆွဲပွဲကို ဝင်ရောက်အားပေးခဲ့ပါတယ်။

အသင်းရဲ့ အတွင်းရေးမှူး ကိုညီညီအောင်က ကြုံတွေ့နေရတဲ့ အခြေအနေကို  ဧရာဝတီကိုပြောပါတယ်။

"ကျနော့် သက်တမ်းတလျှောက် အခုလို ရာသီဥတုပူပြင်းတာရယ်၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတာ မကြုံဘူးပါဘူး။
နာရေးလမ်းကြောင်းတွေ စိပ်လာတယ်။
အထူးသဖြင့် နာရေးမှတ်တမ်းတွေ ပြန်ကြည့်ရင် အသက်အရွယ် ကြီးတဲ့ သူတွေ၊ ယမကာ သောက်သုံးတဲ့သူတွေ အများဆုံး ပို့ပေးနေရတယ်။
ဦးကျော်သူရောက်တုန်း စကားစပ်မိတာနဲ့ ကျနော်တို့ လွန်ဆွဲပွဲ လုပ်ဖြစ်သွားတာပါ"

အပူရှိန်ကြောင့် ပြည်မြို့မှာ သေဆုံးနှုန်း သုံးဆ တက်လာပါတယ် တဲ့။

"ခါတိုင်းတရက်ကို လမ်းကြောင်းက (၃) ခုလောက်ပဲရှိတယ်။
အခုဆိုရင် (၁၀) ခုထက်မကရှိနေတယ်။ ကျနော်တို့အသင်း တခုတည်းတင် လမ်းကြောင်း (၆)ခုလောက်သွားနေရတယ်။ တခြားအသင်းတွေပါဆိုရင် တော်တော်များ တယ်။
အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေ ဒီရာသီကို မကျော်လွန်နိုင်တော့ဘူး။ အရက်သောက်တဲ့လူတွေလည်း သေတာများတယ်"

 အမျိုးသားများကတစ်ဖက် အမျိုးသမီးများကတစ်ဖက် သုံးပွဲ ဆွဲခဲ့ကြတာပါ။

 အမျိုးသမီးများဘက်က နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။

ကဲ... လွန်ဆွဲပွဲတော့ ပြီးသွားပြီ။ မိုးလေ အခြေအနေ ဘယ်လို ဖြစ်လာမလဲ။

ဒေသခံတွေက မိုးရွာမှာကိုတော့ လိုလားနေပြီး မိုးသက်လေပြင်းတိုက်လာမှာကိုတော့ စိုးရိမ်နေကြပါတယ်။

ပြည်မြို့နဲ့ (၉) မိုင် အကွာလောက်မှာရှိတဲ့ ရွှေတောင်မြို့နယ်ထဲက ကျေးရွာတချို့မှာတော့ သင်္ကြန်မတိုင်ခင် မိုးသက်လေပြင်းတွေကြောင့် နေအိမ် ၅၄ လုံး ပြိုကျ၊  အလုံး ၁၀၀ အမိုးအကာ ပျက်သွားကြောင်း သိရပါတယ်။

  









  
 



.


Viewing all articles
Browse latest Browse all 5236

Trending Articles