တောင်ကိုရီးယားနိုင်ငံမှာ စည်းပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကားသုံးစွဲမှုများလာသလို ကား ရပ်နား ဖို့အတွက် နေရာရှာရတာလည်း အတော်ခက်ခဲပြီး လောင်စာဆီ အပိုကုန်တာတွေကြောင့် အခုဆို S Oil အဖွဲ့ က Here လို့ အမည်ပေးထားတဲ့ လှုံ့ဆော်မှု လုပ်ဆောင်တာ အောင်မြင်နေပြီလို့ ဆိုပါတယ်။
ကိုရီးယာနိုင်ငံမှာ လူ ၂.၅ ဦးမှာ ကားတစီးနှုန်း ပိုင်ဆိုင်သုံးစွဲနေပြီး ကမ္ဘာတလွှား လောင်စာဆီသုံးစွဲမှု အများဆုံး နိုင်ငံစာရင်းထဲ ကိုရီးယားနိုင်ငံဟာ ပါလာပြီလို့ ဆိုပါတယ်။
ဒါကြောင့် လောင်စာဆီဈေးက လည်း တလီတာကို ၂.၁၇ ဒေါ်လာ နှုန်းထိ ရှိနေပြီး ကားရပ်နားဖို့ နေရာရှာ ရတာ တနေ့ကို မီတာ ၅၀၀ နှုန်းလောက်နဲ့ တလဆိုရင် ကားက မီတာ ၁၅၀၀၀ ( ၁၅ ကီလို မီတာ ) ထိ မောင်းကြရတော့လောင်စာဆီ အပိုကုန်နေပါတယ်တဲ့။
ဒါကြောင့် ကားစီးသူတွေအတွက် အတော် စိတ်အနှောက်အယှက် ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ ကိုရီးယားနိုင်ငံ၊ S Oil ကုမ္ပဏီက ကားရပ်နားဖို့ နေရာရှာရလွယ်ကူအောင်နဲ့ လောင်စာဆီ သက်သာစေ ဖို့ Here Campaign ကို ၂၀၁၂ ခုနှစ်က စပြိး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သူတို့ ဘယ်လို လုပ်ဆောင်ထားသလဲ ဆိုတာ အောက်မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လည်း အလားတူ လှုံ့ဆော်မှုတွေ လုပ်မယ်ဆိုရင် အချိန်ကုန်သက်သာ၊ လောင်စာဆီ သက်သာကြမယ် ထင်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။

အိမ့်သံစဉ် ~