Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ လိုလားတယ်(သူရ ဦးရွှေမန်း)

$
0
0
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်တာမျိုးကိုပဲ လိုလားပြီး အသစ် ရေး ဆွဲတာမျိုး ကို မလိုလား ဘူးလို့ ယခင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ 

သူရ ဦရွှေမန်းကို ၂၀၁၂ ခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် တွေ့ရစဉ် 
(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးသူ ၉၃ ရာခိုင်နှုန်း ကျော်သော
မြန်မာနိုင်ငံသားတွေရဲ့ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ ကို လော လော ဆယ် လိုက် နာကြရမှာဖြစ်တယ်လို့လည်း သူက ပြောထားတာကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။ 

အခြေခံ ဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင် မလိုလားအပ်တဲ့ ကိစ္စတွေ ကြုံတွေ့ရမှာဖြစ်ပြီး အခြားနိုင်ငံတွေ မှာ လည်း ပြင်ဆင်၊ ပြောင်းလဲခဲ့တာတွေ ရှိသလို မိမိတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း 
ပြုပြင် ပြောင်းလဲရမယ့် အချက်တွေကိုသာ ပြုပြင် ပြောင်းလဲသွားရန်သာလိုတယ်လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။ 

ဒီလို ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးလုပ်ဆောင်တဲ့အခါမှာ မူတွေဘောင်တွေအတွင်းကပဲ ဆောင်ရွက်ဖို့ လိုပြီး တိုင်းပြည် ကောင်းစားရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ထောက်ခံသွားရမှာဖြစ်တယ်လို့ ရန်ကုန် တောင်ပိုင်း ခရိုင် ထွေ/ အုပ်ရုံးမှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက ပြောသွားပါကြောင်း အစိုးရ သတင်းစာတွေက ဆိုပါတယ်။ 









Viewing all articles
Browse latest Browse all 5236

Trending Articles