Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူ ၂၃ဝ ကုသမှုခံယူရတဲ့ သဲကုန်းမြို့အစာအဆိပ်သင့်မှု

$
0
0
~

 
"ဒီလောက်များတဲ့ လူနာတွေ အစာအဆိပ်သင့်မှုဖြစ်ပွားတာ ကျနော်ဆရာဝန်သက်တမ်းမှာ ဒါပထမဆုံးအတွေ့အကြုံပါပဲ။ ဆေးဝါးတွေ လုံလုံလောက်လောက်ရှိတော့ အချိန်မှီကုသနိုင်တော့ အဆင်ပြေတာပေါ့"


ကောင်းမြတ်မင်း  ရေးသားသည်။

ပဲခူးတိုင်း သဲကုန်းမြို့နယ်  ရှင်ပြုအလှူတခုမှာ တနင်္လာနေ့က အစာအဆိပ်သင့်တဲ့အတွက် လူ ၂၃ဝ ဆေးရုံ၊ ဆေးခန်းတို့ကို ရောက်သွားပါတယ်။

ညောင်ကုန်းအုပ်စု အင်ပင်ကြီး ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်တဲ့အလှူမှာဖြစ်သွားတာလို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုးက ဧရာဝတီကို အခုလိုရှင်းပြပါတယ်။

"နို့စိမ်းခေါက်ဆွဲကို စားပြီး နာရီပိုင်းအတွင်း ဆေးရုံကို ရောက်လာကြတာပါ။
ကျနော်တို့ဆီရောက်လာတာကတော့ အရေးပေါ် ကုသမှုလိုအပ်တဲ့ လူနာ ၁၆၀ ပဲ ရှိပါတယ်။ အဲဒိအထဲကမှ အရေးပေါ် ကုသမှုလိုအပ်သူ တွေကိုပဲ သဲကုန်းဆေးရုံကို ပို့တာပါ။
 ကျေးလက်ကျန်းမာရေးဆေးခန်းမှာလည်း လူနာ (၇၀) လောက်ကိုကုသပေးခဲ့လို့ သက်သာသွားတာလည်း ရှိပါတယ်"

 အစားအသောက်တွေ၊ ချက်ပြုတ်တဲ့ရေတွေနဲ့ ချက်ပြုတ်သူတွေရဲ့ နှားခေါင်းနဲ့လက်က သန့်ရှင်းမှုရှိမရှိစစ်ဖို့ နမူနာတွေကို အမျိုးသားဓါတ်ခွဲဌာန ပို့ပြီး စစ်ဆေးတဲ့ အဖြေရမှ သိရမှာပါလို့ သူက ဆက်ပြောပါတယ်။

  မနက် ၉း၄၅ နာရီမှ စပြီး ဆေးရုံမှာ လူနာ ၁၆၀ ကို ကုသပေးခဲ့ရကြောင်း၊ ညနေမှာပဲ လူနာများ ပြန်လည်သက်သာသွားသည့်အတွက် ဆေးရုံဆင်းသွားကြကြောင်း အဲဒိဆရာဝန်ကြီးက ရှင်းပြပါတယ်။

"ဒီလောက်များတဲ့ လူနာတွေ အစာအဆိပ်သင့်မှုဖြစ်ပွားတာ ကျနော်ဆရာဝန်သက်တမ်းမှာ ဒါပထမဆုံးအတွေ့အကြုံပါပဲ။ ဆေးဝါးတွေ လုံလုံလောက်လောက်ရှိတော့ အချိန်မှီကုသနိုင်တော့ အဆင်ပြေတာပေါ့"

အစားအသောက်ကို ဂရုစိုက်ရွေးချယ်သင့်တယ်၊  အစာအဆိပ်သင့်မှုဖြစ်ခဲ့ရင်လည်း နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မှီလာရောက် သင့်တယ်လို့  ဆရာဝန်ကြီးက ဆက်ပြောပါတယ်။

"ရာသီဥတုကပူတယ်။ ရောဂါပိုးတွေက အပူကိုပိုကြိုက်တယ်။
ဒီရာသီက ရောဂါပိုးပျံ့နှံ့မှုမြန်တော့ အလှူမှာ ကျွေးမယ်ဆိုရင် လက်လုပ်ချဉ်တွေ၊ အချဉ်ပေါက်နိုင်တဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ပြီး ကျွေးသင့်ပါတယ်။
အခုအလှူမှာ ကျွေးတဲ့ခေါက်ဆွဲကို သူတို့က မနေ့က ညနေ ၄ နာရီကတည်းက ခုံပေါ်တင်ပြီးဖြန့်ထားတာ။
 ခေါက်ဆွဲစက်နဲ့ ဝေးတဲ့ တောအရပ်တွေဆိုတော့ ခေါက်ဆွဲကို ကိုယ်တိုင်ပြုတ်ပြီး လုပ်တာလေ။
ကျနော်ယူဆချက်အရတော့ ခေါက်ဆွဲက ဖြစ်တာလို့ ထင်ပါတယ်။ ဓါတ်ခွဲခန်းက အဖြေတော့ မထွက်သေးပါဘူး။ အကယ်၍သာ ဆေးရုံကို အချိန်မှီ မရောက်လာရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်"

အစုလိုက်အပြုံလိုက် ရောက်လာကြတဲ့ လူနာတွေကို နိုင်ငံရေးပါတီတချို့ကလည်း အားတတ်သရောလာရောက် ပါဝင်ကူညီပေးခဲ့ကြောင်း သဲကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်က ဧရာဝတီကိုပြောပါတယ်။

NLD က အရေးပေါ်လိုအပ်တဲ့ သောက်ရေသန့်၊ ဓာတ်ဆားထုတ်၊  ပြည်ခိုင်ဖြိုးပါတီက   ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ ဆေးရုံသန့်ရှင်းရေးနှင့် တခြားလိုအပ်သည့် လုပ်အားဒါနအကူအညီများ ပေးကြတယ်လို့ သိရပါတယ်။ 


.



Viewing all articles
Browse latest Browse all 5236

Trending Articles


TTA Oreo Gapp Installer


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ