Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သင်္ကြန်မှာ သူများတွေ ပျော်နေကြပါလား

$
0
0
~



ကျမရဲ့ အနာဂတ် အိပ်မက်စိတ်ကူးကတော့ ဘာသာပြန် တယောက်ဖြစ်ချင်တယ်။ အခု ဂျပန်စာကို အခြေခံကစပြီး လေ့လာနေပါတယ်။
အင်္ဂလိပ်စာကိုလည်း ကျမအားရင်အားသလို လေ့လာနေပါတယ်။

 


 (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

 ဆုမြတ်ချယ် (ခေါ်) ငိုင်းငိုင်
 အသက် ၂ဝ
 ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

ဂျပန်ဘာသာကို ဘာဖြစ်လို့ စိတ်ဝင်စားရလဲဆိုတော့ ကျမက ကိုယ်မသိတဲ့ ဘာသာရပ်တခုကို သင်ရတာ အရမ်းစိတ်ဝင်စားတယ်။ ပြီးတော့ အခုဆိုရင် ဂျပန်က နိုင်ငံတော်တော်များများမှာ တွင်ကျယ်လာပြီဆိုတော့ အဲဒါကြောင့် စိတ်ဝင်စားတာပါ။ တခြား အင်္ဂလိပ်စာတို့၊ တရုတ်တို့ ဘာတို့ထက်စာရင် ဂျပန်ဘာသာစကားကို ပိုသဘောကျလို့ပါ။

ငယ်ငယ်တုန်းက ကျမဖြစ်ချင်ခဲ့တာတော့ အဆိုတော် တယောက်ပေါ့နော်။ အခုကျတော့ အခုခေတ်က အဆိုတော်လည်း အရမ်းများလာပြီလေ။ ငယ်ငယ်တုန်းက ဖြစ်ချင်တာတော့ အဆိုတော်ဆိုပေမယ့် အခုတော့ ကိုယ့်ရဲ့ဘဝတိုးတက်ဖို့က အဆိုတော်နဲ့ မဖြစ်ဘူးဆိုတော့ အဲဒါကြောင့်မို့လို့ ကျမစိတ်ဝင်စားတဲ့ ဘာသာရပ်တခုကို လေ့လာဖို့ ရွေးချယ်လိုက်တာပါ။

သီချင်းဆိုရတာတော့ အရမ်းဝါသနာပါပါတယ်။ ကျမ နားထောင်ဖြစ်တဲ့ သီချင်းအမျိုးအစား တွေကတော့ Hip Hop ပုံစံလေးတွေ၊ ပြီးတော့ အသံအေးအေးလေးတွေနဲ့ဆိုရတဲ့ Pop ပုံစံလေးတွေ နားထောင်ဖြစ်တယ်။ အခုတလော အဆိုတော် အိမ့်ချစ်ရဲ့ ''အချစ်ရေး''ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတွေ နားထောင်နေဖြစ်တယ်။

မြန်မာနိုင်ငံမှာ ကျမအကြိုက်ဆုံး အဆိုတော် တွေကရတနာဦးနဲ့ Nကိုင်ရာပါ။ အမျိုးသားအဆိုတော် တွေထဲမှာတော့ ကျမ ကိုစိုးသူကို သဘောကျတယ်။

မြန်မာသီချင်းတွေ ထက်စာရင်တော့ International သီချင်းတွေနားထောင်ဖြစ်တာ နည်းတယ်။ International အဆိုတော်တွေထဲမှာတော့ Birtney Spears က ကျမအကြိုက်ဆုံးပါ။ ကိုးရီးယားမှာဆို SS501 အဖွဲ့ကိုကြိုက်တယ်။

 ဇာတ်ကားတွေထဲမှာတော့ ဟာသကားတွေ ပိုကြည့်ဖြစ်တယ်။ သရုပ်ဆောင်တွေထဲမှာ မင်းသား နေတိုးနဲ့ အောင်ရဲလင်းကို သဘောကျတယ်။ မင်းသမီးထဲမှာတော့ သက်မွန်မြင့်ကို အကြိုက်ဆုံးပါ။ လတ်တလောကြည့်ဖြစ်ထားတဲ့ ဇာတ်ကားကတော့ ဟိုတပတ်က ထိုင်းသရဲကား သွားကြည့်ထားတယ်။

အားတဲ့အချိန်တွေမှာ ကျမ သီချင်းနားထောင်တယ်။ အင်တာနက်သုံးတယ်။ တခါတလေ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဒီရက်ပိုင်းတွေမှာ အင်္ဂလိပ်စကားပြော စာအုပ်တွေ ဝယ်ပြီးဖတ်ဖြစ်တယ်။ ကျမက စာဖတ်တာ အရမ်းဝါသနာမပါတော့ တခြား သုတရသစာအုပ်တွေတော့ မဖတ်ဖြစ်ဘူး။

Facebook သုံးတဲ့အခါ သူများတင်တဲ့အရာတွေ ကြည့်တယ်။ များသောအားဖြင့်တော့ ကျမက ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူ တယောက်ဆိုတော့ ဓာတ်ပုံတွေများများ တင်ဖြစ်တယ်။ ပြီးတော့ တခါတလေ ပညာရေးဝဘ်ဆိုက်တွေမှာ ဘယ်ကျောင်းတွေ ဖွင့်နေပြီလဲဆိုတာ ကြည့်ဖြစ်တယ်။

အဝတ်အစား ဖက်ရှင်ထဲမှာ ကျမ ကြိုက်တာတော့ လွတ်လွပ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ free style ကို ပိုသဘောကျတယ်။ အပေါ်က အင်္ကျီပွပွနဲ့ အောက်က ဘောင်းဘီဝတ်ပြီး အပြင်ထွက်ဖြစ်တာများတယ်။ အခုကျတော့ ရာသီဥတုကလည်းပူတော့ အဲဒီလိုပုံစံမျိုးလေးတွေ ဝတ်ဖြစ်တယ်။ ကြိုက်တယ်။

အရောင်တွေထဲမှာတော့ ကျမ အပြာရောင်နဲ့ ပန်းရောင်ကိုသဘောကျတယ်။

ဆံပင်ကာလာဆိုးရတာ သဘောကျပါတယ်။ အခု ကျမ ရွှေရောင်နဲ့ အရောင်တမျိုး ဖောက်ထားတဲ့ အရောင်ဆိုးထားတယ်။ ဆံပင်အရောင်ဆိုရင် အစိမ်းရောင်တို့၊ အနီရောင်တို့ အဲဒီလို crazy color လေးတွေ ဆိုးရတာ သဘောကျပါတယ်။

သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ကျမက ကချင်တိုင်းရင်းသူတယောက်လည်းဖြစ်တော့ သင်္ကြန်ကို တခါမှ မလည်ဖူးပါဘူး။ သင်္ကြန်ဆိုရင် အသင်းတော်မှာ သင်တန်းပဲတက်ဖြစ်တယ်။  Sky Net ကလွှင့်တဲ့ သင်္ကြန်ပွဲကို ကြည့်ပြီးတော့ ''အော်...သူများတွေ ပျော်နေကြပါလား''ဆိုတဲ့ စိတ်ခံစားမှုလေးတော့ ရှိပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး တခြားခံစားချက် ထူးထူးထွေထွေတော့ မရှိပါဘူး။ ဒီနှစ်သင်္ကြန်မှာလည်း ကျမထုံးစံအတိုင်းပဲ အသင်းတော်မှာ သင်တန်းတက်ဖို့ အစီအစဉ်ပဲရှိတယ်။

ကချင်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခစစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကချင်တိုင်းရင်းသူ တယောက်အနေနဲ့ ကျမ ခံစားချက်ကိုပြောရရင်တော့ ဖြစ်နိုင်ရင် ပဋိပက္ခတွေ ဆက်မဖြစ်ပွားစေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ ကိုယ့်လူမျိုးတွေကို ဒုက္ခတွေ မခံစားစေချင်တော့ဘူး။ ကျမတတ်နိုင်တဲ့ ဘက်ကနေတော့ ကချင် မနောအလှဂီတ ရန်ပုံငွေပွဲတွေမှာ တတ်နိုင်သလောက် အလှူငွေထည့်တာမျိုးတွေ လုပ်ဖြစ်ပါတယ်။



လူငယ်နဲ့ခေတ်ရေစီး

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
 .
သီဟတိုး






 

.


Viewing all articles
Browse latest Browse all 5236

Trending Articles