Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုသိမ်သင်္ကြန် အကြိုနေ့ မြင်ကွင်းများ

$
0
0

 ~
 

  .
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာ တည်ဆောက်ထားတဲ့ ဗဟိုမဏ္ဍပ်ကို  တနင်္ဂနွေနေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

 မဏ္ဍပ်ဖွင့်ပွဲကို   ဌာနဆိုင်ရာတွေ၊ စာသင်ကျောင်းတွေက ယိမ်းအဖွဲ့တွေနဲ့ သံချပ်အဖွဲ့တွေ  လာရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်က ... “ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့တဲ့ ၃ နှစ်မြောက် မဟာသင်္ကြန်ပွဲ ဖြစ်တဲ့အတွက် ခါတိုင်းနှစ်နဲ့ မတူအောင် ခမ်းခမ်းနားနားနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပဖို့ ပြင်ဆင်ထားပါတယ်။
 ယိမ်းအဖွဲ့တွေ သံချပ်အဖွဲ့တွေကိုလည်း အစဉ်အလာအတိုင်း ပြိုင်ပွဲလုပ်ပေးထားပြီး ခါတိုင်းနှစ်ထက် ဆုကြေးပိုမိုချီးမြှင့်ဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်” လို့  ဧရာဝတီကို ပြောပါတယ်။

ဖွင့်ပွဲကို ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်သား သရုပ်ဆောင် သူထူးစံနဲ့ ညီထွဋ်ခေါင်တို့ပါဝင်တဲ့ အနုပညာရှင်တွေကလည်း လာရောက် ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

လူကြီးပိုင်းအနေနဲ့ကတော့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်နဲ့ အစိုးရအဖွဲ့ဝန်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လူအေးတို့လည်း လာရောက်ပြီး သင်္ကြန်ပွဲတော် ဆင်နွှဲကြပါတယ်။

ဒီနှစ်ပုသိမ်သင်္ကြန်ရဲ့ သင်္ကြန်ယိမ်းအကအလှပြိုင်ပွဲကို ယိမ်းအဖွဲ့ပေါင်း ၃၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေပြီး သံချပ်ပြိုင်ပွဲကိုတော့ ပိတောက်သစ္စာ၊ အရူးပါးစပ်၊ ပြည်သူ့ခေတ်၊ အမှန်တရား၊ အရူးလွယ်အိတ်စတဲ့ အဖွဲ့ ၆ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

သံချပ်ဝိုင်းတော်သားတွေကတော့ အစဉ်အလာမပျက် အလှပြယာဉ်တွေတည်ဆောက်ပြီး ပုသိမ်မှာသာမက ငွေဆောင်၊ ချောင်းသာ၊ ငပုတောစတဲ့ ဒေသတွေကိုပါ သီချင်းတွေ၊ သံချပ်တွေ၊ အကတွေနဲ့ လိုက်လံဖျော်ဖြေနေတာ တွေ့ရပါတယ်။

သံချပ်တိုင်မယ့်စာသားတွေကို တင်ပြဖို့ညွှန်ကြားခဲ့ပေမယ့် သူတို့စာသားတွေကို ပြင်ဆင် ဖြတ်တောက်တာမျိုး မရှိဘဲ လွပ်လွပ်လပ်လပ်နဲ့ သံချပ်တိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ စည်ပင်ဝန်ကြီးက ပြောပါတယ်။

“သံချပ်အဖွဲ့က အစိုးရနဲ့ပတ်သတ်လို့ သံချပ်ထိုးတဲ့အပေါ်မှာပြောရရင်တော့ အစိုးရအဖွဲ့ဆိုတာ ၀န်ထမ်းအားလုံးကို ကွပ်ကဲရတာဖြစ်လေတော့ သူတို့ရဲ့အားနည်းချက်ကလေးတွေကို သံချပ်သမားတွေကသိလို့ သံချပ်ထိုးကြတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မမြင်မတွေ့တဲ့ဟာတွေကို ဒါတွေကိုထိန်းကျောင်းတည့်မတ်ခွင့်ရတယ်လို့ သဘောထားပါတယ်။
ပြည်သူတွေရဲ့အသံကို နားထောင်ပြီး ထိန်းကျောင်းတည့်မတ်ပေးနိုင်တာပေါ့”လို့ သူက ပြောပါတယ်။

သံချပ်ဝိုင်းတော်သားတွေကတော့ ပြည်သူတွေဆီက ကြားရသိရတဲ့ KTV - မာဆက်ကိစ္စတွေ၊ ဖုန်းမဲဖောက်တဲ့ကိစ္စတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အဂတိလိုက်စားတဲ့ကိစ္စတွေ စသဖြင့် ပြည်သူတွေရဲ့ပြဿနာတွေ၊ အခက်အခဲတွေကို သံချပ်ထိုးပြီး တာဝန်ရှိသူတွေသိရှိဖြေရှင်းနိုင်အောင် သီဆိုဖျော်ဖြေကြပါတယ်။

ညဖက်ဆိုရင် ပုသိမ်ဒေသခံတွေက မဏ္ဍပ်အသီးသီးမှာ ဖျော်ဖြေနေတဲ့သံချပ်အဖွဲ့တွေကို တဖွဲ့ပြီးတဖွဲ့ လိုက်လံကြည့်ရှု အားပေးနေကြတာက ပုသိမ်သင်္ကြန်ရဲ့ ချစ်စရာ အလေ့အထတွေပါပဲ။

 ပုသိမ်ဒေသတ၀ိုက်က မဏ္ဍပ်အသီးသီးကလည်း သံချပ်အဖွဲ့တွေကို ဖိတ်ခေါ်ပြီး သူတို့မဏ္ဍပ်တွေမှာ သီးသန့်အချိန်ပေးပြီး ကပြဖျော်ဖြေစေခဲ့သလို ဆုတော်ငွေတွေလည်း ချီးမြှင့်ကြပါတယ်။

 ဆလိုင်းသန့်စင်

 ဗဟိုမဏ္ဍပ်ဖွင့်လှစ်ကြောင်း ကြေညာနေတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်

 မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်နေတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့
အတွင်းရေးမှူး ဦးအေးကျော်နှင့် စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်

 မဏ္ဍပ်ဖွင့်ပွဲတွင် ကပြဖျော်ဖြေနေသည့် ယိမ်းအဖွဲ့များ
|

 ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊  နတခ တိုင်းမှူး ဗိုလ်ချုပ်လူအေး


လာရောက်ဖျော်ဖြေသည့် အရူးပါးစပ်သံချပ်အဖွဲ့



.

Viewing all articles
Browse latest Browse all 5236

Trending Articles