Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ့ဆက်သွယ်ရေးက လည်ပင်းညစ်ခွင့် လေးငါးလ ရသေးတယ်

$
0
0
~




 .
တယ်လီဖုန်းလုပ်ငန်းကို  မြန်မာ့ဆက်သွယ်ရေးက  တဦးတည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
အခုလည်း လပေါင်း အတန်ကြာ ဆက်ပြီး လက်ဝါးကြီးအုပ်ခွင့် ရနေပါသေးတယ်။

နိုင်ငံတကာမှာ ဈေးပေါပေါ၊ တချို့နိုင်ငံတွေမှာ အလကား ပေးနေတဲ့ ဖုန်းကတ်တွေကို မြန်မာပြည်မှာ သိန်းပေါင်းများစွာ ပေးပြီး ၀ယ်ခဲ့ရတာပါ။


  • ဖုန်းကတ်ကို သိန်းဂဏန်းဖြစ်အောင်လုပ်ထားခဲ့

အခုတော့ ဈေးကျလာပြီ ဆိုပေမယ့် သိန်းဂဏန်းတော့ ရှိနေတုန်းပါပဲ။

တယ်လီနော၊ အူရီးဒူးတို့ကို တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း လုပ်ပိုင်ခွင့် ပေးလိုက်တဲ့အတွက် လာမယ့် လတွေ လွန်မြောက်ရင် အဲဒီ ကုမ္ပဏီတွေက ဖုန်းကတ်ကို ကျပ်တထောင်ဝန်းကျင်နဲ့ ရောင်းဖို့ အသံထွက်နေပါပြီ။
အခမဲ့ရမယ် ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ အခမဲ့ရတဲ့အတွက် သူတို့ရောင်းတဲ့ငွေဖြည့်ကတ်ကိုပဲ ဆက်တိုက်ဝယ်ရတော့မယ်မဟုတ်လား။

အခမဲ့နီးပါး ပေးရမယ့် ဖုန်းကတ်ကို သိန်းဂဏန်းဖြစ်အောင်လုပ်ထားခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးတွေက ကျိန်ဆဲခံနေရပါပြီ။

ဆဲမယ် ဆိုရင်လည်း ဆဲစရာပါပဲ။ မြန်မာပြည်မှာ လူတယောက်ရဲ့ဝင်ငွေက တလကို သောင်းဂဏန်းပဲ ရှိတယ်မဟုတ်လား။
လက်ကိုင်ဖုန်းတလုံး ၀ယ်ကိုင်ဖို့ ဆိုတာ အင်မတန်ကို ခက်ခဲတဲ့ အနေအထားပါ။

ပြည်သူတွေကို အခက်အခဲကြီးကြီးမားမားတွေ့အောင် စီမံအုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ ကျိန်ဆဲ ခံရတာကတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတာပါပဲ။

လူကြီးမင်းခေါ်ဆိုသော... 
http://blog.irrawaddy.org/2014/01/blog-post_3270.html

တယ်လီဖုန်းလိုင်း မကောင်းတာကို သည်းခံတော်မူကြပါတဲ့ 
http://blog.irrawaddy.org/2013/11/blog-post_3102.html

ဆက်သွယ်မှုဧရိယာအပြင်ဘက်
http://blog.irrawaddy.org/2013/11/blog-post_8283.html
  • အရောင်းမြင့်တင်ရေး လုပ်ပြီ

ဈေးပေါပေါဖြစ်ရမယ့် ဖုန်းကတ်ကို သိန်း ၅၀, ၂ဝ ဖြစ်အောင်၊ နောက်ပိုင်း ဆယ်သိန်း၊ ငါးသိန်း ဖြစ်အောင် လုပ်ခဲ့တာဟာ ပြည်သူတွေကို လည်ပင်းညစ်ခြင်းပါပဲ။
တယ်လီဖုန်းသုံးသူတွေကို လည်ပင်းညစ်ခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးက ပထမဆုံးအကြိမ် အရောင်းမြှင့်တင်ရေး (Promotion) လုပ်နေပါပြီ။

သင်္ကြန်ရုံးပိတ်ရက် ဆယ်ရက်အတွင်း ငွေဖြည့်ရင် ၂ဝ ရာခိုင်နှုန်း အပိုဆောင်းပေးမယ်လို့ ကြေညာထားတာပါ။ ဒီလို ကြေညာထားကြောင်း သတင်းစာ ဂျာနယ်များမှာ ရေးနေကြပါတယ်။

၅,ဝဝဝ ဖိုး ထည့်ရင် ၆,ဝဝဝ ဖိုး ရမယ် ဆိုတဲ့ သဘောပေါ့။ ၁,ဝဝဝ ဆိုတာကလည်း မနည်းမနောသော မက်လုံးပေပဲ။

အဲဒီ ၂ဝ ရာခိုင်နှုန်း အပိုပေးတယ်ဆိုတာကလည်း နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ကုန်အောင် သုံးရပါမယ်။
မကုန်ရင် အဲဒီ ၂ဝ ရာခိုင်နှုန်း  အနုတ်ခံရပါမယ်။ ဒီမက်လုံးကလည်း လူတိုင်း မက်မောမယ့် သဘောတော့ မရှိပါဘူး။
ဖုန်း အဆက်မပြတ် ပြောတဲ့သူတချို့အတွက်တော့ နှစ်သက်စရာ ပရိုမိုးရှင်းပါပဲ။ ပထမဆုံးသော

အရောင်းမြှင့်တင်ရေး အကြောင်း မီဒီယာမှာ ရေးနေကြပါပြီ။
"ဒါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ သက်တမ်းမှာ Promotion လုပ်ပေးတာ ပထမဆုံး အကြိမ်ပါ"လို့  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ငွေဖြည့်ကတ်တွေကို ထုတ်လုပ် ရောင်းချပေးနေတဲ့ Elite Tech ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခင်မောင်အေး ပြောဆိုကြောင်း မဇ္ဈိမသတင်းစာမှာ ဧပြီ ၇ ရက်နေ့က ရေးထားပါတယ်။
  • အနာဂတ် အရောင်းမြှင့်တင်ရေး

ဒီနှစ်ကုန်ပိုင်းဆိုရင်တော့ မြန်မာ့ဆက်သွယ်ရေးရဲ့ လည်ပင်းညစ်ခြင်းဘ၀က ကင်းဝေးမယ်လို့ ယူဆရပါတယ်။
သူတို့ လက်ဝါးကြီးအုပ်မထားတော့ဘူး ဆိုတော့ အပြိုင်အဆိုင် ဖြစ်လာမှာပါ။
ဖုန်းကုမ္ပဏီတွေ
အပြိုင်အဆိုင် ဖြစ်လာရင်ဆက်သွယ်ရေးလုပ်ငန်း ဘယ်လို အနေအထား ရောက်မယ် ဆိုတာကို ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဖုန်းကတ် အလကားရမယ့်ခေတ် လာမယ် ... သို့သော် ကြာအုံးမယ်  ဆိုတဲ့ ခေါင်းစဉ်နဲ့ http://blog.irrawaddy.org/2013/08/blog-post_451.htmlဆိုတဲ့ စာမျက်နှာမှာပါ။ အဲဒီအခါ အပြိုင်အဆိုင် ဈေးလျှော့ပေးကြ၊ အရောင်းမြှင့်တင်ကြမှာပါ။

ငါတို့ဖုန်းကတ်ကို ၀ယ်သုံးပါ၊ ဒီကတ်သုံးသူအချင်းချင်း ဖုန်းဆက်မယ် ဆိုရင် ညဘက် ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း အခမဲ့ ပြောနိုင်တယ် ဆိုတာမျိုး၊ စနေ တနင်္ဂနွေမှာ ဆက်ရင် ထက်ဝက်ဈေး သို့မဟုတ် အခမဲ့ ဆိုတာမျိုး လုပ်လာကြပါလိမ့်မယ်။

အခုတော့  မြန်မာ့ဆက်သွယ်ရေးက လည်ပင်းညစ်တာကို ခံနေကြရဦးမှာဖြစ်ပါတယ်။

  • ဆက်စပ်


မလေးရှားသွားမယ့် မြန်မာအလုပ်သမားတွေကို ဆင်းမ်ကတ်အခမဲ့ပေးခြင်း 
http://blog.irrawaddy.org/2014/02/blog-post_7087.html

တယ်လီဖုန်းထဲသို့ ကျွဲတကောင်ဝင်သွားခြင်း 
http://blog.irrawaddy.org/2014/01/blog-post_5759.html

"၀န်ကြီး အလုပ်ထွက်ပါ" 
http://blog.irrawaddy.org/2012/03/blog-post_6853.html

ဈေးပေါပေါထိုင်းအင်တာနက် နဲ့ ဈေးကြီးကြီး မြန်မာ့အင်တာနှေး 
http://blog.irrawaddy.org/2014/02/blog-post_4897.html



.


Viewing all articles
Browse latest Browse all 5236

Trending Articles