Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သင်္ကြန်မှာ အမှားမရှိအောင် ပျော်ပါ

$
0
0
~

 

နိုင်တံခွန်၊
၂၄ နှစ်၊
BA Geography, မြိတ်တက္ကသိုလ်

 .  ထွန်းအိန္ဒြာရှင်
၁၈ နှစ်၊
အဝေးသင် ပထမနှစ်၊ ဥပဒေ၊ ဒဂုံတက္ကသိုလ်
 
. 
 
.
 .
 နိုင်တံခွန် နဲ့ ထွန်းအိန္ဒြာရှင်   (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
 
.  နိုင်တံခွန်ရဲ့ စိတ်ကူးများ၊ အမြင်များ
 
. 
ကျနော့် အနာဂတ်စိတ်ကူး အကြီးမားဆုံး ဖြစ်ချင်တဲ့ဆန္ဒကတော့ သရုပ်ဆောင်ကောင်းတယောက် ဖြစ်ချင်တာပါ။ သရုပ်ဆောင်တယောက်သာ မလုပ်ဖြစ်ဘူးဆိုရင် ကျနော် စီးပွားရေးအလုပ်နဲ့ပဲ ရပ်တည် သွားမှာပါ။

ငယ်ငယ်တုန်းက ကျနော်ဖြစ်ချင်တာ စစ်ဗိုလ်ကြီးတွေ ဘာတွေ ဖြစ်ချင်တယ်။ ကြီးလာတဲ့အခါ အဲဒါ မဖြစ်ချင်တော့ဘူး။ ဆယ်တန်းလောက်ရောက်တော့ ကျနော် အင်ဂျင်နီယာဖြစ်ချင်တယ်။ ဒါပေမယ့် ဖြစ်ခွင့်မရခဲ့ဘူး။ နောက် ကျနော် ဘောလုံးသမား ဖြစ်ချင်ခဲ့သေးတယ်။ အဲဒီကနေပြီးမှ အိမ်ကနေ ပံ့ပိုးမှုတွေကော၊ ကျနော်ကိုယ်တိုင်မသိတဲ့ ကျနော့်ရဲ့ ဝါသနာကနေ သရုပ်ဆောင်အလုပ်ကို စပြီး ဝါသနာပါလာတာပါ။

လက်ရှိမှာကျနော် စကားဝါ သရုပ်ဆောင်သင်တန်းမှာ တက်နေတာ တနှစ်ကျော်လောက်ရှိသွားပြီ။ အဲဒီမှာ ကျနော် သရုပ်ဆောင်ပညာ ဆည်းပူးတယ်။ အပြင်ကနေလည်း ကျနော် ရရင်ရသလို ပညာဝမ်းစာ ဆည်းပူးနေပါတယ်။ အားကစားထဲမှာ ကျနော် ဘောလုံးကန်ရတာ ဝါသနာပါတယ်။ အားရင်အားသလို သူငယ်ချင်းတွေနဲ့ ဆုံပြီး ဘောလုံးကန်ဖြစ်ပါတယ်။

သီချင်း နားထောင်ရတာလည်း ဝါသနာပါတယ်။ ဘယ်လို ဂီတအမျိုးအစားကို ကြိုက်သလဲဆိုတော့ ကျနော် အဓိက ကတော့ pop နဲ့ Classic အမျိုးအစားတွေ ကြိုက်ပါတယ်။ အဆိုတော်တွေထဲမှာ  Rဇာနည်ကို တော်တော်ကြိုက်ပါတယ်။ သူ့ရဲ့ “ဂန္ထဝင်ဆည်းဆာ” သီချင်းကို   တော်တော်ကြိုက်ပါတယ်။

Facebook သုံးတဲ့အခါ ကျနော် နေ့စဉ် Activity  လေးတွေ တင်ဖြစ်တယ်။ ကျနော် ရိုက်ဖြစ်တဲ့ ဟာလေးတွေပေါ့။ ပြီးတော့ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း  Facebook  ကနေ ဆက်သွယ်ပြီး စကားပြော ဖြစ်ပါတယ်။ တခြား ကိုယ့်အတွက် ဗဟုသုတရမယ့် ဝဘ်ဆိုက်တွေလည်း ကြည့်ဖြစ်ပါတယ်။

သင်္ကြန်ဆိုရင် စိတ်ခံစားချက်ကတော့ နှစ်တိုင်းပျော်ပါတယ်။ ဒါပေမယ့် ကျနော်က သင်္ကြန်ဆိုရင် လျှောက်မလည်ဖြစ်ဘူး။ အိမ်မှာပဲနေတာများတယ်။ ဒီနှစ်သင်္ကြန်လည်း အရင်နှစ်တွေလိုပဲ အိမ်မှာပဲ နေဖြစ်မှာပါ။ သူများတွေ ရေကစားနေတာမြင်ရင်တော့ ပျော်ပါတယ်။ ကျနော် ကိုယ်တိုင်ကျတော့ မပျော်တတ်ဘူးဖြစ်နေတယ်။

လူငယ်တယောက်အနေနဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောရရင် သင်္ကြန်ကတော့ မြန်မာ့ရိုးရာသင်္ကြန်ကို မြန်မာဖြစ်တဲ့အတွက် ထိန်းသိမ်းသင့်တယ်။ ပျော်တာကတော့ ပျော်ပါ။ အရက်သောက်လို့ အရမ်းမူးရူး ပြီး ပြဿနာဖြစ်တာတို့က မကောင်းပါဘူး။ ဖြစ်နိုင်ရင်တော့ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပျော်ပေမယ့် ပျော်တဲ့နေရာမှာ အမှားမရှိအောင် ပျော်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

 သီဟတိုး


 . 





(ဧပြီလ ၁၃  ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာ ပါဝင်တဲ့ လူငယ်နဲ့ ခေတ်ရေစီးကဏ္ဍကနေ ကူးယူ ဖော်ပြပါတယ်)

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွကမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲအတက်အကျတွေ တပါတည်းပါလာတတ်စမြဲ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့ အသံတွေကို The Irrawaddy ဂျာနယ်က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။


.


Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)