Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

MH 370 ရဲ့ Black Box ကိုတွေ့မည်ဟု သြစီ ဝန်ကြီးချုပ် အခိုင်အမာပြော

$
0
0
မလေးရှား လေယာဉ်ပျောက် MH 370 ရဲ့ Black Box ဆီက အသံလှိုင်းထုတ်လွှင့်မှုတွေကို အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေရေး အဖွဲ့တွေက ဖမ်းမိရခဲ့တာကြောင့် Black Box ကို တွေ့ဖို့ အခိုင်အမာ ယုံကြည်မှု ရှိတယ်လို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်က ပြောကြားလိုက်ပါတယ်။ 



 သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့တ်၊ ဓာတ်ပုံ- The Mirror.UK
 
“ကျနော်တို့ရဲ့ ရှာဖွေမှု ဧရိယာဟာ အလွန်ပဲ ကျုံ့သွားပါပြီ။ Black Box က ထုတ်လွှင့်တဲ့ အသံလှိုင်းတွေ
ဖြစ်တယ်လို့ ကျနော်တို့ အလွန်ပဲ ယုံကြည်မှု ရှိတယ်” လို့ သြစီ ဝန်ကြီးချုပ်က တရုတ်နိုင်ငံ ပီကင်းမြို့ကို အလည်အပတ်ခရီး ရောက် စဉ်မှာပဲ သြစီအခြေစိုက် ABC သတင်းဌာနကို ပြောလိုက်ပါတယ်။ 

အခု ဒီကနေ့ သောကြာနေ့မှာ ရှာဖွေရေး အဖွဲ့တွေက ပဉ္စမမြောက် အချက်ပေးမှုကို Black Box ဆီက က ခြေရာခံ ဖမ်းယူ ရမိခဲ့တာဖြစ်ပါတယ်။ အခု ဖမ်းယူရရှိတဲ့ အချက်ပေး အသံလှိုင်းတွေက ပျောက်ဆုံးနေ တဲ့ မလေးရှားလေယာဉ် ဘိုးရင်း ၇၇၇ ဟာ ပင်လယ်ရေ အောက်တနေရာက ဖြစ်ပြီး ဘယ်နေရာက ထုတ်လွှင့်နေတယ်ဆိုတာ စဉ်းစားသုံးသပ်အဖြေရှာလို့ ရမယ်လို့လည်း သိရပါတယ်။ 

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တနေရာ ရေနက်ပိုင်းအောက်ကို ရေငုတ်သင်္ဘောတစီးလည်း ဆင်းသက် သွားတော့မှာဖြစ်ပြီး ခေတ်မီ နည်းပညာတွေ ကိရိယာတွေနဲ့ အထူးအရှိန်မြှင့် ရှာဖွေမှုလုပ်နေပါပြီ။ 


မတ်လ ၈ ရက်နေ့ကတည်းက လေယာဉ်အမှုထမ်း ၁၂ ဦးနဲ့ အတူ ခရီးသည် ၂၂၇ ဦးတင်ဆောင်သွားပြီး တလ ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားလေယာဉ် MH 370 ရဲ့ Black Box ရဲ့ ဘက်ထရီဟာ အားကုန်တော့မှာဖြစ်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ 

အိမ့်သံစဉ် ~ 

 






 

Viewing all articles
Browse latest Browse all 5236

Trending Articles