Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထားဝယ်ခရီးသွားကဏ္ဍ အပြောင်းအလဲ

$
0
0
~



 

 . 
သင်္ကြန်ရက်တွေနီးကပ်လာသည်နှင့်အမျှ ခရီးသွားဝါသနာပါသူတွေကတော့ အိပ်မက်တွေနှင့်ရင်ခုန်လို့နေချေပြီ။
ထိုရက် ထိုကာလတွေသည် မြန်မာတွေအဖို့ ခရီးသွား အများဆုံးရက်တွေပဲဖြစ်သည်။

သည်ဘက်ခေတ်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းလာသည်မို့ မြန်မာနိုင်ငံ တစ်နံတစ်လျားသာမက ပြည်ပနိုင်ငံတွေအထိပါ ခရီးသွားတွေ ခြေဆန့်နိုင်လာပြီလည်း ဖြစ်သည်။

ကျွန်တော်တို့ ထားဝယ်ဒေသမှာတော့ အရင်က လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့သမျှ ခုတော့ အတိုင်းအတာတစ်ခုအထိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကောင်းခဲ့ပြီဖြစ်သလို သယ်ယူ ပို့ဆောင်ရေးယာဉ်တွေကလည်း ခေတ်မီယာဉ်တွေနှင့် သက်သောင့်သက်သာဖြစ်လာပြီမို့ ခရီးသွားကဏ္ဍသည်လည်း စန်းပွင့်စပြုလာပြီဖြစ်သည်။

ငယ်ငယ်တုန်းက မြင်ခဲ့ဖူးသော “၅၄ မြို့ ဘုရားဖူးလိုက်ကြမလား၊ ဦးယူအပ် နှင့်ဆက်သွယ်ပါ” ဟူသောကြော်ငြာတွေကို အမှတ်ရမိသေးသည်။
အဲဒီတုန်းကတော့ ဦးယူအပ်ဘုရားဖူးကားက ချက်ဗလက်ကား၊ သစ်သားဘော်ဒီပေါ်မှာ ၀က်ခြံအကာအရံတွေ တပ်လို့ သွားခဲ့ကြတာကို မြင်ယောင်သေးသည်။

ဆယ်စုနှစ်သုံးခု အတွင်းမှာတော့ တော်တော်များများ ပြောင်းလဲခဲ့ပါပြီ။
 ဒေသတွင်းအခြေစိုက် ခရီးသွားလုပ်ငန်းတွေ အဖြစ် Dawei Tourism နှင့် Dawei Beauty ခရီးသွား လုပ်ငန်းတွေက ပြည်ပနိုင်ငံတွေအထိ ခရီးစဉ်တွေကိုရောင်းချပေးနိုင်လာတာ၊ ဒေသတွင်း ခရီးစဉ်တွေကို အဆင့်မီမီ ကိုင်တွယ်လာနိုင်တာတွေ့ရသည်။

 တစ်ဖက်ကလည်း ထားဝယ်မှာတင် နိုင်ငံကူးလက်မှတ်လုပ်လာနိုင်တာ၊ နယ်စပ်ဝင်ပေါက်တွေ အသုံးပြုလာနိုင်တာတွေကြောင့်လည်း ထားဝယ်ခရီးသွားကဏ္ဍက အရွေ့တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဟော…သည်နှစ်နွေဦးပေါက်မှာတင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်တွေ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။

အိမ်သာ၍ ဧည့်လာပါပြီ။ ထားဝယ်ယဉ်ကျေးမှု၊ ထားဝယ်ဓလေ့ထုံးစံ၊ ထားဝယ် လူမှုအခြေအနေတွေ ထားဝယ် သဘာဝအလှတရားတွေကို လေ့လာခွင့်ရကြပြီ။
ထိုနည်းတူ ကျွန်တော်တို့ဒေသသားတွေသည်လည်း မြန်မာပြည် အရပ်ရပ်သို့ ခရီးဆန့်နိုင်ကြပြီ။

သင်္ကြန်ရက်များသည် ခရီးသွားရင်း စိတ်ကြည်နူးစရာများ ပေးစွမ်းစေနိုင်သလို အတွေးသစ်၊ အမြင်သစ်တွေကိုလည်း ရစေပါလိမ့်မည်။
ပြီးတော့ သက်ဆိုင်ရာဒေသ၏ အလှအပတွေကိုလည်း မှတ်ကျောက်တင်ခွင့် ရစေပါလိမ့်မည်။

ဖိုးဇော်(ထားဝယ်)
၂ ဧပြီ ၂၀၁၄

စာနဲ့ပုံတွေကို ဆရာဖိုးဇော်ရဲ့စာမျက်နှာ https://www.facebook.com/phoe.zaw.507?fref=ufiကနေ ကူးယူ ဖော်ပြပါတယ်။

 





















 


.


Viewing all articles
Browse latest Browse all 5236

Trending Articles