Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၉ တန်းကျောင်းသူကို မုဒိန်းကျင့်မှုနဲ့ ရဲဝန်ထမ်းတဦးကို စစ်ဆေးနေဟု ဆို

$
0
0
တရားဥပဒေ စိုးမိုးရေးမှာ ရဲဝန်ထမ်း တဦးရဲ့ တာဝန်ဟာ အဓိက ကျပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိတယ်ဆိုတာပြသတဲ့ ဖြစ်ရပ်နောက်တခုကတော့ ရဲတပ်ဖွဲ့ဝင် တဦးက အသက် ၁၅ နှစ် အရွယ် ၉ တန်းကျောင်းသူကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ တိုင်ကြားမှုတခု ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ ဖြစ်ပွားပါတယ်။ 



 ငပုတော မြို့မရဲစခန်း (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

အဲဒီဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်က ၉ တန်းကျောင်းသူကို ဓားပြပြီး ခြိမ်းခြောက် ကာ ၂ ကြိမ်တိုင် အဓမ္မ ပြုကျင့် တယ်လို့ ဆိုပြီး အဲဒီ ရဲတပ်ဖွဲ့ဝင်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်တဲ့။ 

ငပုတောမြို့နယ်၊ သင်္ကန်းကုန်း ကျေးရွာ ရဲကင်းတွင် တာဝန် ကျနေသည့် ရဲတပ်သား အောင်ဇော်ဖြိုး ဆိုသူဟာ မတ်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ အဲဒီကျေးရွာမှာနေတဲ့ န၀မတန်း ကျောင်းသူကို မိဘများ မရှိခိုက် ၂ ကြိမ် တိုင်တိုင် ဓားဖြင့် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကျောင်းသူရဲ့ မိဘတွေက အဓမ္မပြုကျင့်မှုကို အရေးယူရန် သက်ဆိုင်ရာသို့ မတ်လ ၃၀ ရက်နေ့က တိုင်တန်းခဲ့လို့ အခုတော့ ရဲတပ်သားအောင်ဇော်ဖြိုးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးထားတယ် လို့ သိရပါတယ်။ 

ဒီသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင် 
ရေးသား တင်ပြထား တဲ့ ငပုတောတွင် ရဲတဦးက န၀မတန်းကျောင်းသူကို ခြိမ်းခြောက် မုဒိမ်းကျင့်မှုဖြစ်ပွား ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ် နိုင်ပါတယ်။ 








Viewing all articles
Browse latest Browse all 5236

Trending Articles