Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆူနာမီ သတိပေးချက် ချီလီမှာ ထုတ်ပြန်

$
0
0
မဂ္ဂနိကျု စကေး ၈.၂ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တခု ချီလီနိုင်ငံ ပင်လယ်ကမ်းခြေအလွန်မှာ လှုပ်ခတ်ခဲ့လို့ ဆူနာမီ သတိပေးမှုတွေ ထုတ်ပြန်လိုက်ပါတယ်။ 

 ဓာတ်ပုံ- ဘီဘီစီ

ချီလီနိုင်ငံ မြောက်ဖက် မိုင် ၆ဝ ကျော် အကွာ ပင်လယ်ကြမ်းပြင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်း ငလျင်ကြောင့် ငလျင် လှုပ်အပြီး ၄၅ မိနစ်အတွင်း ချီလီပင်လယ်ကမ်းစပ်ကို ၂ မီတာလောက် ရှိတဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တယ်လို့ ချီလီ ရေတပ်က ပြောဆိုတာကို ဘီဘီစီသတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

ငလျင်ဗဟိုချက်မဟာ ချီလီ ပင်လယ်ကမ်းခြေနဲ့ နီးကပ်တာကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်တာဖြစ် တယ်လို့ သိရပါတယ်။ 

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အင်အားပြင်ငလျင်ကြီး လုပ်ခတ်ခဲ့လို့ အရှေ့တောင်အာရှ
ဒေသ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိတဲ့ ဒေသတွေမှာ ဆူနာမီ လှိုင်း တွေ ကြောင့် လူပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့ကြဖူးပါတယ်။ 


အိမ့်သံစဉ် ~ 









Viewing all articles
Browse latest Browse all 5236

Trending Articles