Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားလေယာဉ် MH 370 နဲ့ ပတ်သက်လို့ နောက်ဆုံးရ သတင်း

$
0
0
ပျက်ကျသွားပြီလို့ ကောက်ချက်ချခဲ့တဲ့ မလေးရှား လေယာဉ်နဲ့ ပတ်သက်ပြီး အခု နောက်ဆုံးအသစ်ရရှိထား တဲ့ အချက်အလက် တွေမှာ ဂြိုဟ်တုက ရရှိထားသော ပုံရိပ်အသစ်တွေအရ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း မှာ တွေ့ရတဲ့ အပိုင်းအစ ၁၂၀ လောက်ဟာ MH 370 လေယာဉ်က ဖြစ်နိုင်တယ်လို့ မလေးရှားနိုင်ငံ က ပြောပါတယ်။ 

 လေယာဉ်အပိုင်းအစ ရှာဖွေနေတဲ့ နေရာ


ပြင်သစ်က ထုတ်ပြန်တဲ့ ဂြိုလ်တု ပုံရိပ်တွေအရ တချို့ အစိပ်အပိုင်းတွေဟာ ၂၄ မီတာကျော် ရှည်လျား တာတွေ့ရပြီး အခု ပင်လယ်ထဲမှာ မျောနေတဲ့ ပစ္စည်းတွေဟာ တော်တော် ကျယ်ကျယ်ဝန်းဝန်း 
မျောနေကြတာလို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။  

ပြီးခဲ့တဲ့ တရက် ၂ ရက်က လေယာဉ်အပိုင်းအစတွေ ရှိတယ်လို့ ဂြိုလ်တုက ညွှန်ပြတဲ့နေရာတွေမှာ ရှာဖွေရေး လုပ်ဖို့ ရာသီဥတု မကောင်းလို့ ရှာဖွေရေး ခန ရပ်ထားခဲ့တာကိုတော့ အခု ရာသီဥတု 
ကောင်းလာပြီဖြစ်လို့ ရှာဖွေရေးတွေပြန် လုပ်နေပါပြီ။ 

မလေးရှားလေယာဉ် ပျက်ကျခဲ့တယ်လို့ အတည်ပြုပြီးကတည်းက နိုင်ငံတကာ ခေါင်းဆောင်တွေ၊ 
လေကြောင်းလိုင်း အကြီးအကဲတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း ဝမ်းနည်းခြင်း စကားတွေ အသီးသီး ပြောကြားနေကြပါတယ်။

CNN က ပြောသွားတဲ့ နောက်ဆုံးရ သတင်းကို Ko Daun က အခုလို ပြန်လည်မျှဝေထားပါသေးတယ်။ 

  



အိမ့်သံစဉ် ~




.






Viewing all articles
Browse latest Browse all 5236

Trending Articles