Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖန်စီကာလာ နာရီမျိုးစုံဝတ်ပြီး လမ်းသလားမယ်

$
0
0
~


 



ဒီနာရီက ရေလုံတယ် ဆိုတော့လည်း သင်္ကြန်အတွင်း ဝတ်လို့ အဆင်ပြေပြီပေါ့ (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


ကာလာအရောင်တောက်တောက်တွေ ခေတ်စားတဲ့ ဒီနေ့ခေတ်ဖက်ရှင် ရေစီးကြောင်းထဲမှာ လူငယ်တွေအတွက် အဝတ်အစားဖက်ရှင်ကို စဉ်းစားပြီဆိုရင် အရောင်တွေကိုပါ ထည့်စဉ်းစားဖို့ လိုအပ်သလို ဖက်ရှင်ကျပြီး တက်ကြွနေတဲ့ လူငယ်ပုံစံဖြစ်ဖို့ဆိုရင် ကိုယ့်အဝတ်အစားဒီဇိုင်းကို ပိုပြီး ထင်ဟပ်ပေါ်လွင်စေမယ့် Accessories တွေရဲ့ ကာလာတွေကလည်း လုံးဝ အမိုက်စား ဖြစ်နေဖို့ လိုအပ်ပါတယ်။

အဝတ်အစားနဲ့ တွဲဖက်ဝတ်ဖို့ ဒီနေ့ခေတ်မှာ ဦးထုပ်၊ လက်ပတ်နာရီ၊ ဆွဲကြိုး၊ လက်စွပ် အစရှိတဲ့ Accessories အမျိုးမျိုးရှိရာမှာ ကိုယ်က ရှုပ်ရှုပ်ယှက်ယှက် Accessories တွေ တွဲဝတ်ရတာ မကြိုက်ဘူးဆိုရင်တောင် ဖန်စီ လက်ပတ်နာရီတလုံးပတ်ထားရုံနဲ့ ကိုယ့်ဖက်ရှင်ကို ပိုမိုစမတ်ကျစေနိုင်ပြီး ဖန်စီကာလာ နာရီဒီဇိုင်းတွေကလည်း လူငယ်ဆန်တာအမှန်ပဲမို့ လူငယ်တွေကြားမှာ ကိုယ့်စတိုင်ကမိုက်ပြီး လန်းနေမှာအသေချာပါပဲ။

လူငယ်တွေအကြားမှာ အခုနောက်ပိုင်း ဖန်စီနာရီလို့ပြောလိုက်ရင် ဈေးနှုန်းငါးထောင်အောက် ဝန်းကျင်ကစလို့ သောင်းကျော် သိန်းကျော်တဲ့အထိ ရှိပါတယ်။
ဈေးနှုန်းထောင်ဂဏန်းဝန်းကျင် ဖန်စီနာရီတွေကတော့ အလှပတ် သီးသန့်ဖြစ်ပြီး အရည်အသွေးကတော့ သုံးစွဲသူကို အာမခံချက်ပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်တဲ့အတွက် စိတ်ကျေနပ်မှုတော့ အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ခပ်လန်းလန်း ဒီဇိုင်း၊ ခပ်မိုက်မိုက် အရောင်တွေကြောင့်ပဲ ဒီလိုတန်ဖိုးနည်း ဖန်စီနာရီတွေကလည်း လူငယ်တွေ အဝတ်များပါတယ်။

ဈေးနှုန်း သောင်းဂဏန်းကျော်၊ သိန်းဂဏန်း ကျော်တဲ့အထိရှိတဲ့ CASIO Branded တွေဖြစ်တဲ့ G-SHOCK နဲ့ Baby-G ဖန်စီ လက်ပတ်နာရီတွေကတော့ အရည်အသွေးကောင်းပြီး လူငယ်တွေကြားမှာလည်း အလွန်ရေ ပန်းစားတယ်လို့ ဆိုရပါမယ်။
G-SHOCK ရဲ့အထူးအားသာချက်ကတော့ အကြမ်းခံတာဖြစ်ပြီး G-SHOCK လက်ပတ်နာရီတလုံးက ဝယ်ပြီးအနည်းဆုံး သုံးလေးနှစ်ခံတယ်လို့လည်းသိရတယ်။

G-SHOCK မှာပါဝင်တဲ့ Shock, Magnetic, Zoom water resistant နဲ့ Super LED Light အစရှိတဲ့ Function တွေကလည်း သုံးစွဲသူကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တာ အမှန်အကန်ပါပဲ။

G-SHOCK ရဲ့ ဘက်ထရီသက်တမ်းကတော့ နိုင်ငံတကာမှာ တနှစ်အာမခံ ပေးထားတာကြောင့် အထွေအထူး ပြောဖို့ မလိုအပ်ပါဘူး။
G-SHOCK နာရီတွေက ၂၀၁၀ နောက်ပိုင်းမှာ စခေတ်စားလာတာဖြစ်ပြီး အခုနောက်ပိုင်း လူငယ်တွေကြားမှာ ပိုပြီး ပေါ်ပြူလာဖြစ်လာတာ ဖြစ်ပါတယ်။
ဒီလို ဖန်စီ ကာလာ G- SHOCK နာရီတွေကို လည်း လူငယ်တွေကပဲ ပိုအဝတ်များပါတယ်။

G-SHOCK ကတော့ ဒိုင်ခွက်ခပ်ကြီးကြီးနဲ့ ဖန်စီကာလာ အရောင်စုံရှိပြီး ဒီနေ့ခေတ် လူငယ်ယောကျာ်းလေးဝတ် ဒီဇိုင်းတွေပေါ့။
ပန်းဆီရောင်၊ ခရမ်းရောင်၊ အဝါရောင် အစရှိတဲ့ ဖန်စီကာလာ အရောင်တောက်တောက်တွေကို ဒီခေတ်ယောကျာ်း လေးတွေကြားမှာ ခေတ်စားဝတ်ဆင်နေကြတာမို့ G-SHOCK ရဲ့ အရောင်တောက်တောက် ဒီဇိုင်း အလန်းတွေက လူငယ်တွေကြားမှာ လုံးဝ အလန်းဇယား ဖြစ်နေမှာပါ။

Baby-G ကတော့ မိန်းကလေးတွေအတွက် သီးသန့် ထုတ်ထားတာဖြစ်ပြီး ကာလာစုံ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေဖြစ်လို့ မိန်းကလေးတွေ အကြိုက်ပါပဲ။
 Baby-G က G-SHOCK ထက် စာရင်လည်း ဈေးနှုန်းက ပိုပြီးသက်သာပါတယ်။ ဒိုင်ခွက်ခပ်သေးသေးကိုပဲ အသုံးပြုထားပြီး ဒိုင်ခွက်ကလည်း ချစ်စရာကောင်းပြီး မိန်းကလေးဆန်တဲ့ပုံစံ အမျိုးမျိုးရှိတာကြောင့် အခုခေတ် ဆယ်ကျော်သက် မိန်းကလေးတွေ နှစ်သက်ကြမှာ အမှန်ပါ။

ဒီတော့ ... ခပ်မိုက်မိုက် အရောင်တောက်တောက် ကာလာတွေနဲ့ ကိုယ့်ဖက်ရှင်ကို ပိုပြီး အထာကျစေဖို့အတွက် လူငယ်ဆန်ပြီး စမတ်ကျစေမယ့် ယောကျာ်း လေးပတ် G-SHOCK လက်ပတ်နာရီ အမိုက်စားတွေနဲ့ မိန်းကလေးပတ် Baby-G လက်ပတ်နာရီ အရောင်လွင်လွင်တောက်တောက် ခပ်လန်းလန်း ဒီဇိုင်းမျိုးစုံနဲ့ ပေါက်ဈေးတွေကို ဧရာဝတီရဲ့ ခေတ်ရေစီးစာဖတ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


 

 တသိန်းခွဲ ဝန်းကျင်

 ရှစ်သောင်းကျော်
 တသိန်းကျော်

 ကိုးသောင်းကျော်

 တသိန်းကျော်

 တသိန်းကျော်



.


Viewing all articles
Browse latest Browse all 5236

Trending Articles