Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် ၂ ဦး တရားစွဲ

$
0
0
မြန်မာနိုင်ငံက ထူးကုမ္ပဏီးအုပ်စု တည်ထောင်သူ သူဋ္ဌေးကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပါအ၀င် ကုမ္ပဏီ တွေကို အမေရိကန် နိုင်ငံသား ၂ ဦးကနေ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ တရားစွဲဆိုထား တယ်လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

ပူတာအိုတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဦးတေဇ (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)

“အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Mrs. Susanna Weiss တို့မှ အမေရိကန် 
နိုင်ငံ ၏ Super Power ကို အသုံးချကာ မိမိ အား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေးတောင်းခံခဲ့သည့် အပြင် မိမိ နှင့် မိမိ တည်ထောင် ပေးထားခဲ့သော Air Bagan Co. Ltd အပါအဝင် အခြားသက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်” လို့ ဦးတေဇက ဆိုထားပါတယ်။ 

ဦးတေဇရဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုထားတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးဟာ တရားစွဲဆိုသော ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တုန်းက အဲပုဂံလေကြောင်းလိုင်းက XY-AGC ဆိုတဲ့ လေယာဉ်မတော်တဆဖြစ်မှုမှာ ခရီးသည် တွေအဖြစ် ပါဝင်ခဲ့သူ တွေဖြစ်တယ်လို့ သူက ပြောထားပါတယ်။ 

လေယာဉ်မတော်တဆဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အဲဒီအမေရိကန်နိုင်ငံသား ၂ ဦးကို ဦးတေဇက သူကိုယ်တိုင် အမြန်ဆုံး ဆေးကုသမှု ခံယူနိုင်ရေး အမေရိကန်ကို အမြန်ဆုံး ပြန်ရောက်ရေးတို့ကို အကူအညီပေးခဲ့တယ်လို့လည်း ရေး ထားပါတယ်။ 

အဲဒီလေယာဉ် မတော်တဆဖြစ်မှုကြောင့် အခြား ထိခိုက်နစ်နာခဲ့ရသူတွေကိုလည်း အဲပုဂံက အာမခံ ထားတဲ့ Gates & Partners Co. Ltd နဲ့ ချိတ်ဆက်ပြီး နစ်နာကြေးတွေ အမြန်ရရေး ကူညီပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

“နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေ ယာဉ် မတော်တဆမှုများအား ဆန်းစစ်မည်ဆိုပါက အာမခံ နစ်နာကြေးများကို အချိန် အနည်းဆုံး ၁ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုများအဆင့်ဆင့် ပြုလုပ်ပြီး ပေးချေခဲ့သည်ကိုလည်း တွေ့ရှိရပါတယ်” လို့ သူက ဆိုပါတယ်။ 

ဦးတေဇက ဆက်လက်ပြီး “အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦးမှ မိမိ ထံ အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်သော ငွေ ကြေး တောင်းခံမှုများပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ Super Power အား အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် ဖိအား ပေး တောင်းခံခဲ့ပါတယ်။ မိမိ အနေဖြင့်လည်း အာမခံကုမ္ပဏီအား ဆက် သွယ်ကာ ၄င်းတို့အတွက် အာမခံငွေကြေး အမြန်ဆုံးရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြန်ပါတယ်။ သို့သော် လည်း ယခုအခါ ထပ်မံ၍ ၄င်းတို့ဘက်မှ အမေရိကန် နိုင် ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ တရားရုံး ၃ ခုတွင် တဖက်သတ် စွပ်စွဲချက်များဖြင့် မသက်ဆိုင်သော ကုမ္ပဏီများကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့ပါတယ်။ ထိုသို့ တရားစွဲဆိုလာခြင်းကိုလည်း မိမိအနေဖြင့် ရှောင်ပုန်းနေမည်မဟုတ်ပဲ အမှန် တရား အတွက် 
မြန်မာနိုင်ငံသားတစ်ဦးပီသစွာ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~ 


















Viewing all articles
Browse latest Browse all 5236

Trending Articles