Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာအလှမယ်တွေ ဖွင့်လှစ်ပေးခဲ့တဲ့ သုခအလင်း ပညာဒါနကျောင်း

$
0
0
ရန်ကုန်၊ မြောက်ဒဂုံ ဗိုလ်မူး ဗထူးလမ်းက နာရေးကူညီမူအသင်း (ရန်ကုန်) ဦးကျော်သူ ဦးဆောင် ဖွင့်လှစ်ထားတဲ့ သုခအလင်း ပညာ ဒါနကျောင်းဖွင့်ပွဲကို မတ်လ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဖွင့်ပွဲအခမ်းနားကို Miss Myanmar များက တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ 



ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်က သူမရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ၀မ်းသာဂုဏ်ယူစွာဖြင့် ရေးသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။ 

"ဦးကျော်သူရဲ့ နာမှုကူညီရေးအသင်း(ရန်ကုန်)မှ ဖွင့်လှစ်တဲ့ သုခအလင်း ပညာဒါနကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနား(17.3.2014)ကို ဦးကျော်သူ၊ အန်တီ မြင့်မြင့်ခင်ဖေ၊ အန်တီသန်းမြင့်အောင်စတဲ့ FFSSမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့အတူ Miss Myanmar များဖြစ်တဲ့ နန်းခင်၊ ဂုဏ်ရည်၊ ခင်ဝင့်ဝါနဲ့ ထားထက်တို့မှ ဖွင့်လှစ်ခဲ့ကြပါတယ်။ 

ကျောင်းသားပေါင်း ၄၀၀ကျော် တက်ရောက်ပညာသင်ကြားနိုင်တဲ့ ဒီကျောင်းတော်ကြီးမှာ တက္ကသိုလ်ဝင် တန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနိုင်မှာဖြစ်သလို ပန်းချီ၊ အင်္ဂလိပ်စာ၊ စာနယ်ဇင်းနှင့် သတင်းပညာ၊ ရုပ်ရှင်နှင့်ဂီတ၊ စတဲ့ အတတ်ပညာသင်တန်းတွေအပြင် ကယ်ဆယ်
ရေး၊ ရှေးဦးသူနာပြုစုနည်းစတဲ့သင်တန်းပေါင်းများစွာကို ပညာဒါနအခမဲ့သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။ ။ "

 နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ့ ပညာဒါနအတွက် နောက်ထပ် ခြေတလှမ်းတိုးလိုက်တဲ့ သာဓု ခေါ်စရာ ဖြစ်ပါတယ်။






အိမ့်သံစဉ် ~


 



 

Viewing all articles
Browse latest Browse all 5236

Trending Articles