Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အပူဒဏ်ကို ပုသိမ်ထီးနဲ့ ကာကွယ်ပါ

$
0
0
~

ရာသီဥတု အင်မတန်ပူပြင်းတဲ့ရက်တွေကို ရောက်လာပြန်ပါပြီ။ မကြာခင် ဒီထက်ပိုပြီး ပူပြင်းလာပါဦးမယ်။
 -

(Photo: Kyaw Hsu Mon / The Irrawaddy)


အပူဒဏ်ကို ပုသိမ်ထီးနဲ့ ကာကွယ်ခြင်းကလည်း အနည်းနဲ့အများ ထိရောက်ပါလိမ့်မယ်။

ပုသိမ်ထီးကို ပုသိမ်မြို့မှာ ထုတ်လုပ်ပါတယ်။

မကြာသေးခင် ပုသိမ်မြို့ကို ရောက်ရှိခဲ့တဲ့ ဧရာဝတီသတင်းထောက် ကျော်ဆုမွန်က ပုသိမ်မြို့ထီးလုပ်ငန်းတွေကို လေ့လာခဲ့ပြီး သတင်းတပုဒ် ရေးခဲ့ပါတယ်။ ဒီအကြောင်း

Sunny Days for Pathein’s Parasol Industry
http://www.irrawaddy.org/burma/multimedia-burma/sunny-days-patheins-parasol-industry.html

မှာ ဖတ်နိုင်ပါတယ်။

ကျော်ဆုမွန်က သူမြင်တွေ့ လေ့လာခဲ့တဲ့ ပုသိမ်းထီးလုပ်ငန်းခွင်အကြောင်း ဧရာဝတီဘလော့အတွက် အခုလို ပြောပြထားပါတယ် ...

ပုသိမ်ထီးတွေကို ဟိုတယ်တွေမှာ သုံးတယ်၊ အိမ်အလှဆင်ရာမှာလည်း သုံးတယ်။
အရင်တုန်းကတော့   သိပ်မရောင်းရဘူး၊ အခုနောက်ပိုင်း ရာသီဥတု ပူလာတယ်၊ နိုင်ငံခြားသား အဝင်များလာတယ်၊ ရောင်းရတယ်။
အရင်တုန်းကဆိုရင် အလက် ၁ဝဝ အောက်ပဲ ထုတ်တာ  အခုတော့ တရက်ကို ၂၅ဝ ဝန်းကျင် ထုတ်ရတယ်။ ထုတ်သမျှ အကုန်ရောင်းရတယ်လို့ ပြောတယ်။
ဆေးပြန်ဆိုးတယ်၊ ပြီးရင် ထီးခရိုင်တွေ  ဝါးချောင်းလေးတွေ အဆင့်ဆင့် တပ်ဆင်တယ်၊ ကော်နဲ့ကပ်တယ်၊ ကပ်ပြီး ခြောက်အောင် နေလှန်းရတယ်။
အပေါ်မှာ ဒီဇိုင်းတွေ ဆွဲတယ်၊ ဆေးပြန်သုတ်တယ်။ ဖဲမှာတော့ မဆိုးဘူး၊ cotton မှာတော့ ဆေးပြန်ဆိုးတယ်။

ထီးတလက် တကယ့် ထုတ်လုပ်မှု ကုန်ကျစရိတ်က ၁,ဝဝဝ၊ ၁,၂ဝဝ လို့ ထုတ်လုပ်သူတချို့က ပြောတယ်။
၁,၂ဝဝ ဆိုတဲ့ ပိုက်ဆံက နည်းပေမယ့် တကယ်လုပ်ရတဲ့ အလုပ်က အဆင့်များတယ်၊ ပင်ပန်းတယ်။
လုပ်အားခ၊ သယ်ယူပို့ဆောင်ခတွေလည်း ရှိမယ် ဆိုတော့ အဲဒီထီး ဆိုင်ကြီးတွေမှာ တင်ရောင်းတဲ့အခါ ၄,ဝဝဝ၊ ၄,၅ဝဝ လောက် ဖြစ်သွားနိုင်တယ်။

 -
 
ပွတ်လုံးလုပ်နေတဲ့ ကောင်လေးက တတုံးပြီးရင် ၈ ကျပ် ရမယ်။ သူ တနေ့ကို အလုံး ၁ဝဝ လုံးရင် ၈ဝဝ ရမယ်။ ငွေရှာရခက်တယ်။ လုပ်ငန်းရှင်ကတော့ သူတို့ကို ထမင်းကျွေး၊ နေရာပေးတာတော့ ရှိတယ်။

အခု ဓာတ်ပုံ ရိုက်ခဲ့တဲ့ တောကျောင်းရပ်ကွက်မှာ ပုသိမ်ထီးလုပ်ငန်း ၃ ခု လောက် ရှိတယ်။
ပုသိမ်ထီးလုပ်ငန်းက ပျောက်မသွားဘူး။ အသစ် ဖန်တီးလာကြတယ်။ ဆွဲဆောင်မှုရှိတယ်၊ နိုင်ငံခြားသားတွေ အရမ်းကြိုက်တယ်၊ လုပ်ငန်း ဖွံ့ဖြိုးလာတယ်။
နေကလည်း အရမ်းပူတဲ့အတွက် ဆောင်းကြတယ်လေ။  သပ်သပ်ယပ်ယပ် ရှိတယ်။ ကုန်ကျစရိတ်
ပုသိမ်ကဆိုင်ကြီးတွေ၊ တခြားမြို့က လက်မှုပစ္စည်းဆိုင်ကြီးတွေမှာ တင်ရောင်းကြတယ်။

အရင်တုန်းကတော့ ရှမ်းပြည်ကလာတဲ့ မိုင်းကိုင်စက္ကူကို  သုံးတယ်။ နောက်တော့ ရန်ကုန်ကနေဝယ်တဲ့ ဖဲစ၊ ချည်စတွေ အစားထိုးသုံးတယ်။
သစ်သားကိုတော့ မအူရွှေဝါ ဆိုတဲ့အမျိုးအစား သုံးတယ်။
 ထီးရိုး၊  ထီးခရိုင်တို့အတွက် လိုအပ်တဲ့ ဝါးကိုတော့ ဒေသတွင်းမှာ ထွက်တဲ့ သရကူဝါးကို သုံးတယ်။

ထီးအရွယ်အစားကို သုံးမျိုးလောက် ထုတ်တယ်။ အမျိုးသမီးတွေဆောင်းတာ၊ ကလေးတွေဆောင်းတာ၊ လုပ်ငန်းသုံး သို့မဟုတ် အိမ်၊ ဥယျာဉ်၊ ဟိုတယ် အလှဆင်ရာမှာ သုံးတဲ့ ထီးတွေ ရှိမယ်လို့ သိရပါတယ်။

 










  •  ဆက်စပ်

Sunny Days for Pathein’s Parasol Industry
http://www.irrawaddy.org/burma/multimedia-burma/sunny-days-patheins-parasol-industry.html
မြန်မာ့ Icon ရဲ့ ဖက်ရှင်
http://burma.irrawaddy.org/article/2012/03/31/7896.html



.


Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ကရဝေး စိုက်ပျိုးနည်း


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ