Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စိတ်ဖိစီးရင် ဒါတွေစား

$
0
0
~



 ~ 
Stress တဲ့။ သူ့ကို ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် ဘယ်သူမှလည်း မလွှဲရှောင်နိုင်ကြဘူးလေ။ စိတ်ဖိစီးမှုများလွန်းရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာမို့ သူ့ကိုဘယ်လိုဘယ်ပုံ ကိုင်တွယ်ဖြေရှင်းလို့ရလဲဆိုတာ စိတ်ဝင်စားစရာအလွန်ပဲ ကောင်းပါတယ်။ စိတ်ဖိစီးမှုကို ကုစားဖြေရှင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အနက်က သင် စားသောက်တဲ့ အစားအစာကလည်း အရေးပါတဲ့အကြောင်းရင်းတရပ်အဖြစ် ရှိနေပါတယ်။

  • လိမ္မော်သီး

လိမ္မော်သီးဟာ ဗီတာမင်စီကြွယ်ဝတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး Stress ဟော်မုန်းတွေကို တားဆီးဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ သွေးတိုးရှိသူ တချို့ကို သူတို့ရဲ့ သွေးပေါင်ချိန်နဲ့ Stress ဟော်မုန်းတခု ဖြစ်တဲ့ Cortisol Level ကို လေ့လာကြည့်တဲ့အခါ ဗီတာမင်စီဟာ စိတ်ဖိစီးမှုအပေါ် အကျိုးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
photo: http://hdwallpapercorner.com
  • ဒေါက်ခွရွက်(Spinach)

ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ဓာတ် အလွန်အမင်း လျော့နည်းနေရင် ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေဖြစ်စေပြီး အဲဒါတွေကြောင့်ပဲ စိတ်ဖိစီးမှု ဖြစ်စေပြန်ပါတယ်။ ဒေါက်ခွရွက်မှာတော့ မဂ္ဂနီဆီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒေါက်ခွရွက် မရနိုင်ဘူး၊ မစားတတ်ဘူး ဆိုရင်တော့ မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက်တွေနဲ့ ပဲပိစပ်လို အစားအစာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။


  • အဆီဆူဖြိုးတဲ့ငါး

စိတ်ဖိစီးမှုနဲ့ဝေးဝေးနေချင်ရင်တော့ အဆီဆူဖြိုးတဲ့ငါးတွေကို စားသင့်ပါတယ်။ ဆယ်လ်မွန်လို၊ တူနာလို Omega 3 ဖက်တီး အက်ဆစ် ကြွယ်ဝတဲ့ ငါးတွေကို တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက် စားပါ။ Omega 3 က Stress ဟော်မုန်းထွက်ရှိခြင်းကို တားဆီးပေးသလို၊ နှလုံးရောဂါနဲ့ စိတ်ကျခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရာသီမလာခင် ကာလမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ (PMS) တွေကိုလည်း လျော့ပါးစေပါတယ်။

photo: http://www.cookinglight.com
  • ဘလက်ခ်တီး (Black Tea)

 oolong tea, green tea, white tea တို့ထက် အရသာ ပိုပြင်းတဲ့   Black Tea - ဘလက်ခ်တီး သောက်ခြင်းက သင့်ကို စိတ်ဖိစီးစရာကာလတွေကနေ အမြန်ကျော်လွှားစေနိုင်မှာပါ။
ဘလက်ခ်တီးသောက်သူအတွေနဲ့ တခြားအဖျော်ယမကာသောက်သူတွေကို နှိုင်းယှဉ်လေ့လာကြည့်ရင် စိတ်ဖိစီးဖွယ်အခြေအနေမှာတောင် သူတို့ရဲ့စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol Level ဟာ နိမ့်နေသေးတာ တွေ့ရပါတယ်။
photo: www.beautythroughstrength.com
  • အစေ့အဆန်များ

Pistachios နဲ့ Almond စေ့လို အစေ့အဆန်တွေကလည်း အကျိုးပြု ဗီတာမင်ဓာတ်တွေ စုံလင်လှပါတယ်။ Pistachios ကို စူပါမားကတ်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အဲဒီ အစေ့အဆန်တွေမှာ အကျိုးပြုအဆီဓာတ်တွေနဲ့လည်း ပါဝင်ပါတယ်။ သူတို့မှာ ပါဝင်တဲ့ ဗီတာ မင်အီးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို ဗီတာမင်ဘီက စိတ်ကျခြင်းကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အစေ့အဆန်တွေကို တနေ့ကို လက်တဆုပ်စီလောက် စားပေးသင့်ပါတယ်။
photo: www.nuts.com.au
  • ထောပတ်သီး

သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့အတွက် လုံလောက်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိဖို့ လိုပါတယ်။ စိတ်ဖိစီးချိန်မှာ အဆီဓာတ်များတဲ့ အစားအစာတွေကို သွေးတောင်းတတ်တာမို့ အခြား အဆီဓာတ်ပြည့် အစားအစာတွေထက် ထောပတ်သီးကို စားသင့်ပါတယ်။ ဒါပေမယ့် ထောပတ်သီးဟာလည်း အဆီနဲ့ ကယ်လိုရီကြွယ်ဝတဲ့အသီးဖြစ်တာမို့ ချင့်ချိန်ပြီး စားဖို့တော့ လိုပါတယ်။
www.drjoanna.com.au

  • အိပ်ရာဝင်ချိန်သရေစာ

ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ တမျိုးမျိုးကို အိပ်ရာဝင်ခါနီးစားခြင်းက ဦးနှောက်တွင်းက ဆယ်ရီတိုနင်ဓာတ်ကို ထွက်ရှိစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။  အိပ်ခါနီးမှာ အစားတွေပြည့် အင့်နေအောင် စားမိရင်တော့ ရင်ပြည့် ရင်ကယ်ဖြစ်စေပြီး ကောင်းကောင်း အိပ်မပျော်ဖြစ်တတ်တာမို့ ပေါ့ပေါ့ပါးပါး အစားအစာလောက်နဲ့ တင်းတိမ်သင့်ပါတယ်။

photo:  www.webmd.com

  •  နို့

စိတ်ဖိစီးမှုကို ခြေဖျက်ပေးနိုင်တဲ့ နောက်အစားအစာတမျိုးကတော့ နို့ပူပူလေးတခွက်ပါပဲ။ လေ့လာချက်တွေကတော့ နို့မှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က စိုးရိမ်သောကတွေနဲ့ ရာသီမလာမီဖြစ်လေ့ရှိတဲ့စိတ်က မောက်ကမဖြစ်ခြင်းတွေကို လျော့ပါးသက်သာစေပါတယ် တဲ့။ 


 

  လင်းမြရီ

-


Ref: www.webmd.com



.


Viewing all articles
Browse latest Browse all 5236

Trending Articles