Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားလေယာဉ်ကို ပြန်ပေးဆွဲခဲ့ပုံရဟု ဧရာဝတီ စာဖတ်သူတဦး သုံးသပ်ခဲ့

$
0
0
ဧရာဝတီက မလေးရှားလေယာဉ်ပျောက်နဲ့ပတ်သက်ပြီး သတင်းပို့ချက်တွေအောက်မှာ ဧရာဝတီ စာဖတ် ပရိသတ်တဦးက မှတ်ချက်နဲ့ သူ့ ရဲ့ သုံးသပ်တွေးတော့ချက်ကို ဧရာဝတီ မြန်မာပိုင်း ဖေ့စ်ဘုတ် စာမျက်နှာ မှာ အခုလို ရေးပြထားပါတယ်။ 



အဖွဲ့အစည်းတစ်ခု ကဗျာ...အသေချာ Plan ဆွဲထားခဲ့ကြတယ်.....

အဓိက ဇာတ် "က"မဲ့သူ အနည်းဆုံး ၄ ယောက်လောက်တော့လိုမယ်..
No 1 . ပိုက်လော့

( ပိုက်လော့ ကို ဘာကြောင့်ပြောရတာလဲဆိုတော့ လေယာဉ်မှာ ပါတဲ့ Black Box ကို ပိတ်နိုင်ဖို့ Password အလုံး ၂၀ လိုတယ်... သိတဲ့လူက နှစ်ယောက်ပဲရှိတယ်..ပိုက်လော့ရယ်..ပိုင်ရှင်ရယ်..အခု လက်ရှိအခြေအနေရ Black Box ပိတ်ထားတဲ့ အခြေအနေ ဆိုတော့ ပိုက်လော့ ပါ ကို ပါရမယ်....)

N0 2 . လေယဉ်အမှုထမ်း ( အပြစ်မဲ့ ဒုပိုက်လော့ ကိုဖြစ်ဖြစ် ဘယ်သူ့ကိုဘဲဖြစ်ဖြစ် အိပ်ဆေး ဒါမှမဟုတ် တစ်ခုခုနဲ့ လုပ်ကြံနိုင်ဖို့ အကောင်းဆုံးကတော့ လေယဉ်အမှုထမ်း လာတိုက်တဲ့ Coffee ထဲ ထည့်နိုင်ဖိုဘဲ)

N0 3 နဲ့ 4 ကတော့ ကျုပ်စိတ်ထင် အီရန်ကောင်တွေ ဒါမှမဟုတ် ခရီးသည်ထဲက ဖြစ်ဖို့များတယ်...ဖုန်းတွေ သိမ်း မယ်..ဆက်သွယ်ရေး ကိရိယာတွေ သိမ်းမယ်...(အကြောင်းအမျိုးမျိုးပြပြီး သိမ်းလို့ရပါတယ်...

No2လေယာဉ်အမှုထမ်း က ခရီးသည်တွေကို ပြောမယ်ပေါ့ "လေယဉ် သံလိုက်စက်ကွင်းထဲ ဒါမှမဟုတ်ဆိုးဝါးတဲ့ ရာသီ ဥတု အခြေအနေ ကြောင့် လူကြီးမင်းများ၏ ဖုန်းများ i pad များ အားလုံး ခေတ္တသိမ်းဆည်း ထားပါ့မယ် "ဆိုရင် ဖုန်းတွေ ထွက်လာမှာဘဲ )

ဒီနေရာမှာ ပိုက်လော့နဲ့ လေယဉ်အမှုထမ်း အားလုံးကို No 3 .4 က ထိန်းချုပ် ထားပြီးဖြစ်မှာပါ....

ရေဒါထဲမှာ ပျောက်သွားတဲ့ ကိစ္စ ရှင်းကြမယ်..အဓိက ပိုက်လော့ အကြောင်းပြောရမယ်..ပိုက်လော့ သည် အတွေ့အကြုံ ရှိတဲ့ ပိုက်လော့ဖြစ်တယ်..အဲ့ဒီတော့ ပိုက်လော့ က ရေဒါထဲမှာ ပျောက်သွားအောင် ပင်လယ်ပြင် မျက်နှာပြင်အထက် ပေ (XXX) မှာ မရ ရအောင် ပျံသန်းပါလိမ့်မယ်..ဒီလိုဆိုရင် ရေဒါထဲမှာ ပျောက်သွားနိုင်ပါတယ်..

ကျွန်တော်တွေးသလို တွေးနိုင်သလို ပါဝင်သူ No 1.2.3.4 က ကြိုတင် ဖြေဆေးတွေသောက်ထားကြပြီး အားပြင်းတဲ့ မေ့ဆေးတစ်မျိုး ကို လေယာဉ်အတွင်းပိုင်း လေထု ထဲ ထည့်ပေးလိုက်ရင်လဲ ခရီးသည်တွေနဲ့ ကျန် လေယာဉ်အမှုထမ်း အားလုံးငြိမ်ငြိမ့်လေးနဲ့ အိပ်ပျော် သွားနိုင်ပါတယ်..

ဒါဆိုရင် မြေပြင်နဲ့ အဆက်သွယ်ပြတ်သွားပါပြီး..ဟုတ်ပြီး ဒါဆိုရင် ပိုက်လော့က လေယာဉ် ကို ကြိုတင် သတ်မှတ်ထားတဲ့ တောတွင်းလေယာဉ်ကွင်းဘဲဖြစ်ဖြစ် တစ်နေရာရာမှာဆင်းပြီး ဆီဖြည့်ပြီးတော့ဖြစ်ဖြစ် လိုချင်တဲ့ နေရာကို ပျံသန်းသွားနိုင်ပါ လိမ့် မယ်....

ကျွန်တော်ထင်တယ်...မလေးရှား ၀န်းကျင်မှာဘဲ ဒီကောင်ရှိနေမယ်..

ဒီလောက် ကိစ္စကြီး ဖြစ်အောင် လေယာဉ် ပိုက်လော့ နဲ့ အမူထမ်း ကို ငွေတွေ အများကြီးနဲ့ သိမ်းသွင်းနိုင်လောက်အောင် လုပ်နိုင်သူ က ဘယ်သူဖြစ်မယ် ထင်ပါသလဲ ? ....... ?

(မလေးရှား အာဏာပိုင် ခေါင်းဆောင်အချို့ပါပဲ....မလေးဝန်ကြီးချုပ် ကိစ္စတွေ ဒီရက်ပိုင်းထဲ ဖြစ်နေကြ တယ်..တရုပ်က ဘာပြောလာသလဲဆိုရင် မလေး ဘက်က မပွင့်လင်းဘူး ဆိုတဲ့ စကားနဲ့ US နဲ့ အင်တာပိုလ် က မလေး လေကြောင်း လုံခြုံရေး အပြစ်ပြောမှုတွေက ဖော်ပြနေပါတယ်) ကျုပ် ဘာသာကျုပ် တွေးကြည့်တာနော်....

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်