Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့မှာ ပီဇာ စားမယ်

$
0
0
~


ရန်ကုန်မြို့မှာ ပီဇာ ဆိုတဲ့ အီတလီဘိန်းမုန့်ကို စားချင်တယ် ဆိုရင်  ရှာဖွေစားသောက်ရတာ  အင်မတန် ခက်ခဲပါလိမ့်မယ်။
 - 

 -
ပီဇာ ဘယ်မှာ ရောင်းသလဲ မေးရင် သေချာပေါက် ဖြေနိုင်တဲ့ ရန်ကုန်သူရန်ကုန်သား နည်းနည်းလေးပဲ ရှိမယ် ထင်ပါရဲ့။

အခုတော့ ပီဇာ အထူးပြု စားသောက်ဆိုင်တခု ရန်ကုန်မှာ ဖွင့်မယ့်သဘော တွေ့နေရပါပြီ။

အဲဒီဆိုင်က မြေနီကုန်းမီးပွိုင့်ကနေ ဝါးတရိုက်အကွာမှာ ဖွင့်ဖို့ ပြင်နေတဲ့ဆိုင်ပါပဲ။ ဒဂုံစင်တာ အောက်ထပ်ပါ။ မြေနီကုန်းလမ်းဆုံ ဆိုတော့ ချိန်းတွေ့လို့ကောင်းတဲ့ နေရာပေါ့။

အအေးခန်းလည်းဖြစ်တယ် ဆိုတော့ အပူဒဏ်ကနေ ရှောင်ပြေးလိုသူတွေ ၀င်ရောက်ခိုလှုံချင်ကြမယ့်နေရာပါ။

 -
ပီဇာဆိုင်က The Pizza Company လို့ အမည်ရပါတယ်။

ထိုင်းအခြေစိုက် ပီဇာဆိုင်လို့ ဆိုရမယ် ထင်ပါတယ်။  ထိုင်းနိုင်ငံ မြို့ကြီးမြို့ငယ်တွေမှာ ဆိုင်ခွဲတွေ အများအပြား ဖွင့်ထားတာပါ။

နိုင်ငံတချို့မှာလည်း ဆိုင်ခွဲနည်းနည်းပါးပါး ရှိပါတယ်။ အခုတော့ မြန်မာပြည်ကို ရောက်လာပြီပေါ့။

ဒီဆိုင်က ပီဇာကိုပဲ သီးသန့် ရောင်းတာတော့ မဟုတ်ပါဘူး။ ပါစတာ၊ စပါဂတီတို့လိုမျိုး အီတလီအစားအစာ၊ ကြက်ကြော်၊ အသုပ်၊ ရေခဲမှုန့် အစုံ ရောင်းပါလိမ့်မယ်။

ထိုင်းနိုင်ငံ ဆိုင်ခွဲတွေကတော့ ဖုန်းဆက် မှာလိုက်ရင် ဆိုင်ကယ်နဲ့ သွားပို့ပေးပါတယ်။
ရုံးတွေ အိမ်တွေက မှာစားတာပါ။ ပို့တဲ့သူ ရောက်လာမှ ပိုက်ဆံချေပါတယ်။

ဒီဝန်ဆောင်မှုက စိတ်ဝင်စားစရာပါ။ သို့သော်လည်း ရန်ကုန်မှာ  ဆိုင်ကယ်စီးခွင့် တရားဝင် မရတဲ့အတွက် ရန်ကုန်ဆိုင်ခွဲက ဒီအလုပ် လုပ်မယ် မထင်ပါ။

ကဲ...ဒါက  ရန်ကုန်ကို အမြန်စာ ရောင်းတဲ့ အထင်ကရ ဆိုင်ကြီးတွေ ဖွင့်မယ့် အလားအလာတခု လို့ ဆိုရပါမယ်။

ရန်ကုန်မှာ KFC ကြက်ကြော်ဆိုင် အတုရော အစစ်ရော ဖွင့်တော့မလိုလို ဘာလိုလို ဖြစ်နေတဲ့အကြောင်း ဒီဘလော့မှာ ရေးပြီးပါပြီ။
အဲဒီထဲက တပုဒ်ကို http://blog.irrawaddy.org/2013/03/kfc.htmlမှာ ဖတ်နိုင်ပါတယ်။ စကားမစပ် ပြောရရင် ဒီဘလော့မှာ တင်တဲ့ ပို့စ်အများအပြားကို  myanmar cnn, အေးချမ်းမွန် စတဲ့ လူကြီးမင်းတို့က သူတို့စာမျက်နှာတွေမှာ ဖြတ်လပ်စွာ ကူးကြ တင်ကြပါတယ်။
ကူးတဲ့အခါ လင့်တွေ - ဥပမာ http://blog.irrawaddy.org/2013/05/kfc.html  - လိုမျိုး လင့်တွေကို ဖြုတ်တာမျိုး ပြင်တာမျိုး လုပ်တဲ့အတွက် မူရင်းအရသာကို အနည်းနဲ့အများ ထိခိုက်ပါလိမ့်မယ်။

ပီဇာအကြောင်း ဆက်ရေးရရင် ကြော်ငြာထဲက မုန့်ပို့တဲ့ကောင်လေး ကိုင်ထားတဲ့ ပီဇာက တချပ်ကို မြန်မာငွေ ကိုးထောင်ဝန်းကျင် ကျသင့်ပါလိမ့်မယ်။

ဆိုင်ခန်းအတွက်၊ ကုန်ကြမ်းအတွက် ပြီးတော့ တခြားသော အကြောင်းအရာများစွာအတွက် အရင်းအနှီး များပြားတဲ့အတွက် ဒီထက်တော့ ဈေးချလို့ ရမယ် မထင်ပါဘူး။

သို့သော်လည်း မြန်မာဘိန်းမုန့်နဲ့ တည်ဆောက်ပုံ ဆင်တူတဲ့ အီတလီအစားအစာကို ရန်ကုန်မှာ  မြည်းစမ်းဖို့အခွင့်အရေးသာသူတွေ အားပေးကြမှာတော့ အသေအချာပါပဲ။ ဆိုခဲ့သလိုပဲ ဒီနေရာက အကွက်အကွင်းကောင်းတဲ့နေရာ မဟုတ်လား။

မြန်မာပြည်တံခါး ပိုပြီးဖွင့်ပေးနေသော်လည်း နေရာကောင်းကောင်း၊ ဆိုင်ခန်းကောင်းကောင်း ရှာရခက်တဲ့အတွက် ဒီလိုဆိုင်မျိုးတွေ ပေါ်ပေါက်ရေး နှောင့်နှေးရတာဖြစ်မှာပါ။ မြန်မာလုပ်ငန်းရှင်တွေလည်း ပီဇာတို့ ဘာတို့ကို ဆိုင်ခပ်သေးသေးဖြစ်ဖြစ် ဖွင့်ကြမယ်ဆိုရင်ဖြင့် အစားအစာ ခုံမင်သူများ အားကိုးအားထားပြုနိုင်တဲ့ရင်းမြစ်တွေကို ရှာဖွေရ သိပ်ခက်တော့မယ်မဟုတ်ပါဘူး။

အထက်ဖော်ပြပါ
The Pizza Company ရဲ့ မြန်မာပြည်ပထမဆုံးဆိုင်ခွဲက ဒီစာရေးတဲ့ ကြာသပတေးနေ့ မတ်လ ၁၃ ရက်နေ့အထိ ဖွင့်ဦးမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒီစာ အွန်လိုင်းပေါ် တက်မယ့် စနေနေ့မှာလည်း ဖွင့်ချင်မှ ဖွင့်ပါဦးမယ်။ သို့သော်လည်း ဆိုင်ထဲကိုလှမ်းကြည့်တော့ ပြင်ဆင်မှု ရာနှုန်းပြည့်နီးပါး တွေ့ရတယ်၊ အပြင်ဘက် ဆိုင်းဘုတ်မှာလည်း မကြာခင်ဖွင့်တော့မယ် လို့ ကြော်ငြာထားတဲ့အတွက် မကြာခင်ဖွင့်တော့မယ်  လို့ ယူဆရပါတယ်။





.


Viewing all articles
Browse latest Browse all 5236

Trending Articles