Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ရှာတွေ့လေမလား

$
0
0
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို မြန်မာ့ရေပိုင်နက်မှာများ တွေ့မလားဆိုတာ ဘယ်သူမှ မပြော
နိုင်ပါဘူး။ အခု တော့ လေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ရှာဖွေဖို့ မြန်မာအာဏာပိုင်တွေက ခွင့်ပြု 
ပေးလိုက်ပါပြီ။ 

 ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင် 
တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)

လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားတယ်ဆိုတဲ့ အချက်၊ လေယာဉ်သည် အဆက်အသွယ်ပြတ် သွားပြီးနောက် ၄ နာရီလောက် ဆက်လက် ပျံသန်းသွားဖွယ်ရှိတယ်ဆိုတဲ့ အချက်တွေကြောင့် အခု လို မြန်မာ့ပင်လယ်ပြင်ထိပါ တိုးချဲ့ပြီး လေယာဉ်ပျောက်ကို ရှာဖွေကြတာဖြစ်ပါတယ်။ 


အခုလို မြန်မာ့ပင်လယ်ပြင်မှာပါ လေယာဉ်ပျောက်ကို ရှာဖွေဖို့ ၇ ရက်ကြာ ရှာဖွေခွင့် ပေးဖို့ မလေးရှား အာဏာပိုင်တွေက ခွင့်တောင်ခဲ့တာဖြစ်တယ်လို့ လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုထားပါတယ်။ 

မလေးရှား လေယာဉ်ပျောက်ဟာ မြန်မာ့ရေပိုင်နက်မှာများ ရှိလေမလားဆိုတဲ့ တွေးဆချက်နဲ့ အခုလို 
မြန်မာ့ရေပိုင်နက် မှာပါ ရှာဖွေကြရာမှာ အဓိက ကော့သောင်းဘက် ကပ္ပလီပင်လယ်ပြင်ကို အဓိက ထားပြီး လေယာဉ်ပျောက်ကို ရှာဖွေမယ်လို့ ဆိုပါတယ်။ 

ဒီအကြောင်းသတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် ရေးသားတင်ပြထားတဲ့ MH370 မလေးလေယာဉ် ပျောက်ဆုံးမှု ရှာပုံ
တော် မြန်မာ့ရေပိုင်နက် အထိ တိုးချဲ့ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။ 

မတ်လ ၁၃ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်က ထုတ်ပြန်တဲ့ သဲလွန်စ ဓာတ်ပုံ ထုတ်ပြန်ချက်တွေဟာ မဟုတ်မှန်ပဲ မှားယွင်းထုတ်ပြန်တာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေ က 
ပြောလာပါတယ်။  အခုထိလည်း လေယာဉ်ပျောက်ရဲ့ သဲလွန်စမှန်သမျှ မမှန်ကန်ပါဘူးလို့ ဆိုလာပါ တယ်။  

မြန်မာ့ ရေပိုင်နက်ထဲမှာ မလေးရှား လေယာဉ်ပျောက်ကို တွေ့ခဲ့မယ်ဆိုရင်တော့...








Viewing all articles
Browse latest Browse all 5236

Trending Articles