Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အင်တာနက် နှေးနှုန်းမြင့်တဲ့ မြန်မာပြည်နဲ့ ဂူဂဲလ်မျက်မှန်

$
0
0
~


  အင်တာနက်စွဲလန်းသူတွေ သဘောတွေ့ကြမယ့် အိုင်တီပစ္စည်းတခုကတော့ ဂူဂဲလ်မျက်မှန်ပါ။



ဂူဂဲလ်ရဲ့ ညွှန်းချက်တွေကို နည်းနည်းလေး ဖတ်ကြည့်တော့ ဒီမျက်မှန်က အတော်လေး တန်ခိုးထွားတာ တွေ့ရပါတယ်။ 
ဒီပစ္စည်းဟာ ၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခုထဲ ပါဝင်တယ်လို့ ဧရာဝတီဘလော့အတွက် နည်းပညာသတင်းတွေ ရေးတဲ့ ဆောင်းဦးလင်းက ညွှန်းခဲ့ပါတယ်။ http://blog.irrawaddy.org/2012/12/blog-post_6913.htmlမှာ ပြန်ဖတ်နိုင်ပါတယ်။
အင်တာနက် နှေးနှုန်းမြင့်တဲ့ မြန်မာပြည်မှာ ဒီပစ္စည်းမသုံးကြပါဘူး။ ဈေးကလည်း ကြီးသကိုး။

အဲ... အင်တာနက်နှေးရင်လည်း ဒီကောင်က တော်တော် အသုံးဝင်ပါသေးတယ်။
ဓာတ်ရှင်လည်း ရိုက်နိုင်တယ်။
ဓာတ်သေ ... အဲ... ဓာတ်ပုံလည်း ရိုက်နိုင်တယ်။ ကိုယ်ကြည့်သမျှကို ကင်မရာနဲ့ မှတ်တမ်းတင်နိုင်တယ်။

မှုန်သူတွေအတွက် မှန်ဘီလူးအဖြစ်လည်း အသုံးတော်ခံလိမ့်မယ်။

ဖိနပ်ကြိုး ငုံ့ချည်ဖို့ အမြင်ေ၀၀ါးရင် အဲဒီမျက်မှန်က ပုံကြီးချဲ့တာမျိုး လုပ်ပေးနိုင်တဲ့သဘောပေါ့။ ဒါကတော့ ဂူဂဲလ်က သူ့မျက်မှန် အသုံးဝင်ကြောင်း ကြော်ငြာတွေထဲက ပုံတချို့ကို ကောက်နုတ်ဖော်ပြလိုက်တာပါ။
  -

 photo - http://www.thedrum.com
မျက်မှန်နဲ့အတူ တွဲပြီး တပ်ဆင်နိုင်သလို သူ့ချည်းပဲလည်း တပ်ဆင်နိုင်တယ်။ အထက်ကပုံလိုပေါ့။ အဲ... ဥပတိအနေအထားပေါ်လိုက်ပြီး ဂြိုလ်သားလိုလို စက်ရုပ်လိုလို အထင်ခံရနိုင်တယ်။



ဂူဂဲလ်ရဲ့ တီထွင်ချက်ကြောင့် Star Trak ရုပ်သံဇာတ်လမ်းတွဲထဲက  အဓိကဇာတ်ကောင် တပ်ခဲ့တဲ့ မျက်မှန်က ခေတ်နောက်ကျသွားပြီလို့ ဆိုနိုင်လိမ့်မယ်။
 

ဂူဂဲလ်မျက်မှန်အကြောင်း ထပ်ပြီး ရေးချင်ပါသေးတယ်။
မြန်မာပြည်မှာ အင်တာနက် နှေးနှုန်းမြင့်ပေမယ့် ဂူဂဲလ်မျက်မှန်က အတော်လေး အသုံးဝင်ပါတယ်။ သို့သော်လည်း အမေရိကန်တို့ဆီမှာ ရောင်းဈေးက ဒေါ်လာထောင့်ငါးရာ။ ဒါတောင် အခွန်တို့ ဘာတို့ မပါသေး။

 
ဂူဂဲလ်မျက်မှန် မသုံးရလည်း သိပ်တော့ ပူဆွေးစရာ လိုမယ် မထင်ပါဘူး။
ဘာကြောင့်လဲလို့ ဆိုတော့ ... ဒီပစ္စည်းက အင်မတိအင်မတန် ဈေးများလွန်းလို့ ပျောက်သွားမယ် အလုခံရမယ် ဆိုရင် အင်မတန် ပူဆွေးရမှာဖြစ်လို့ပါပဲ။

ကဲ...  
ဂူဂဲလ်မျက်မှန်အကြောင်း ဒီလောက်ပါပဲ။ ဧရာဝတီဘလော့ http://blog.irrawaddy.orgအတွက်
နေကာမျက်မှန်အကြောင်း ရေးဖို့ လေ့လာလိုက်ပါအုံးမယ်။ မြန်မာပြည်နွေရာသီအတွက် နေကာမျက်မှန်က ပိုပြီး အသုံးတည့်မယ်မဟုတ်လား။

ဆက်စပ်ဖတ်စရာများ

အိုင်တီတခေတ်ဆန်းမယ့် Google မျက်မှန် - ဇာနည်မာန်
http://blog.irrawaddy.org/2012/04/google.html

၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခု -ဆောင်းဦးလင်း
http://blog.irrawaddy.org/2012/12/blog-post_6913.html



.


Viewing all articles
Browse latest Browse all 5236

Trending Articles