Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာပြည်မှာ အံ့အားသင့်စရာအပြောင်းအလဲတွေ ဖြစ်နေတယ်??

$
0
0
~



မြန်မာပြည်မှာ  အပြောင်းအလဲတွေ ဖြစ်နေပါတယ်။
အဲဒီ အပြောင်းအလဲတွေထဲမှာ
အပတ်စဉ်ထုတ် Unity ဂျာနယ်က သတင်းသမားတွေ အဖမ်းခံထားရခြင်းလည်း ပါဝင်ပါလိမ့်မယ်။ 
 -


တနင်္ဂနွေနေ့က ရန်ကုန်မြို့အခမ်းအနားတခုမှာ မိန့်ခွန်းပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းလွတ်လပ်ခွင့် အကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
 -
ရန်ကုန်မြို့မှာ  နိုင်ငံတကာ စာနယ်ဇင်းညီလာခံကြီးတခု ကျင်းပနေတဲ့အတွက် အပတ်စဉ်ထုတ် Unity ဂျာနယ်က သတင်းသမားတွေ လွတ်မြောက်ရေး လှုံ့ဆော်ဖို့ အခွင့်ကောင်း အခါကောင်း ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေအကြောင်းလည်း ကမ္ဘာသိဆွေးနွေးနိုင်တဲ့ အခွင့်အရေးကောင်းပါပဲ။ သူတို့လွတ်မြောက်ရေး ပြောဆိုဆွေးနွေးကြမယ် တောင်းဆိုကြမယ် ဆိုရင်ဖြင့် သူတို့လွတ်မြောက်ရေးအတွက် အနည်းနဲ့အများ အထောက်အကူ ပြုပါမယ်။

၎ ရက်ကြာမယ့် ဒီမီဒီယာညီလာခံကို  ရန်ကုန်မြို့မှာ တနင်္လာနေ့က  စတင်ကျင်းပခဲ့တာပါ။
 နိုင်ငံပေါင်းများစွာက မီဒီယာနဲ့ ဆက်စပ်နေသူ ရာနဲ့ချီ တက်ရောက်ကြပါတယ်။ အမေရိကန်အခြေစိုက် East West Centerက ကြီးမှူးပြီး ကျင်းပတဲ့ညီလာခံပါ။

ဒီညီလာခံလာမယ့် Time မဂ္ဂဇင်း နဲ့ Al Jazeera   သတင်းထောက်တို့ကို   မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒီအကြောင်း ဧရာဝတီသတင်းစာမျက်နှာမှာ နိုင်ငံခြား သတင်းထောက် နှစ်ဦး ဗီဇာ ငြင်းပယ်ခံရ ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့ရပါလိမ့်မယ်။ http://burma.irrawaddy.org/news/2014/03/12/56121.html မှာပါ။

  ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းအကြောင်းကိုလည်း ပြန်ကြားရေးဒုဝန်ကြီးရဲ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ကြားရပါတယ်။

Foreign Press Visa Curbs Not Tied to Rohingya Reporting: Ye Htut
http://www.irrawaddy.org/burma/foreign-press-visa-curbs-tied-rohingya-reporting-ye-htut.html

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း   မြန်မာနိုင်ငံ သတင်းတွေကို ဘီဘီစီအသံလွှင့်ဌာနကို သတင်းတွေ စွန့်စားပေးပို့ခဲ့သူ ဦးနေမင်းကို   ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
ဦးနေမင်းရဲ့ သတင်းဖြန့်ချိရေးလုပ်ငန်းတွေကြောင့် စစ်ဗိုလ်ချုပ်တွေက သူ့ကို ထောင်ထဲ ဆယ်နှစ်ကျော် ထည့်ထားခဲ့တာပါ။

ဒီညီလာခံ မတိုင်ခင် တရက်အလိုမှာ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းလွတ်လပ်ခွင့်အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

လူငယ်သတင်းသမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ကောက်နုတ် ဘာသာပြန်ရရင်...

မြန်မာပြည်မှာ အံ့အားသင့်စရာအပြောင်းအလဲတွေ ဖြစ်နေပြီဆိုပြီး  အတော်များများက ပြောနေကြတယ်။
ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်...
 လွတ်လပ်မှုတွေရဖို့အတွက် တာဝန်ယူမှုတွေလိုအပ်ပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်မရှိဘဲနဲ့တော့ အားကောင်းတဲ့ ဒီမိုကရေစီစနစ်ကို ကျမတို့ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။
ကျမတို့မှာ စာနယ်ဇင်းလွတ်လပ်ခွင့် တကယ်ရှိနေပြီလားလို့ တယောက်ယောက်က မေးလာရင် ဟင့်အင်း လို့ ကျမ ပြောရပါလိမ့်မယ်။


 ဒီအကြောင်း ဧရာဝတီသတင်းစာမျက်နှာမှာ တွေ့ရတဲ့ Burma Still Lacking ‘Absolute Press Freedom,’ Says Suu Kyi သတင်းမှာ ဖော်ပြထားပါတယ်။
http://www.irrawaddy.org/burma/multimedia-burma/burma-still-lacking-absolute-press-freedom-says-suu-kyi.htmlမှာ ဖတ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသလိုပါပဲ... လူ အတော်များများက မြန်မာပြည်မှာ အံ့အားသင့်စရာအပြောင်းအလဲတွေ ဖြစ်နေတယ်လို့ မှတ်ချက်ပြုနေကြတာပါ။
 ဒီလိုမှတ်ချက်ပြုတာတွေရှိတဲ့အတွက်   အံ့အားသင့်သူတွေ ရှိနေမှာ သေချာနေပါတယ်။


သတင်း လွတ်လပ်ခွင့် အတွက် ဦးနေမင်း ဂုဏ်ပြု မှတ်တမ်းတင်ခံရ

http://burma.irrawaddy.org/news/2014/03/11/56081.html

 




.


Viewing all articles
Browse latest Browse all 5236

Trending Articles