Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒီနှစ် ရန်ကုန် သင်္ကြန်သံချပ်တွေ ဘယ်လိုရှိမယ်

$
0
0
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ရေကစားပွဲတော်ကြီးလည်း နီးလာတာနဲ့အမျှ သင်္ကြန် အတွက် ပြင်ဆင်မှုတွေလည်း လုပ်နေပါပြီ။ ဒီအထဲမှာ ပြန်ပြီး အသက်ဝင်လာတဲ့ သင်္ကြန်သံချပ်တွေအတွက်
တော့ ဆင်ဆာရှိနေဆဲပါဘဲတဲ့။

၂၀၁၃ ခုနှစ်၊ သင်္ကြန်မဏ္ဍပ်တခုမှာ အပြာရဲ့အနီ သံချပ်အဖွဲ့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်စဉ် (ဓာတ်ပုံ- နဒီထိုက် / ဧရာဝတီ)

ရန်ကုန်သင်္ကြန်နဲ့ ပတ်သက်လို့ သင်္ကြန်သီချင်း၊ သံချပ် စာသားတွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရဲ့ မဟာ သင်္ကြန် သီချင်း၊ သံချပ် စိစစ်ရေး ကော်မတီဆီကို အခု မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ပြ ဖို့နဲ့ ကော်မတီရဲ့ ခွင့်ပြုချက်ရမှသာ သီချင်းစပ်ဆိုတာ၊ သံချပ်ထိုးတာတွေ ဆောင်ရွက်ရမယ့်လို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ 

ရန်ကုန်သင်္ကြန် သံချပ်တွေတော့ ဆင်ဆာ ရှိနေတဲ့ သဘောကို ညွှန်ပြနေတဲ့ ထုတ်ပြန်ကြေညာချက်ဖြစ် ပါတယ်။ 

အခုလို သင်္ကြန် သီချင်းနဲ့ သံချပ်တွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာတဲ့ လုပ်ရပ်မျိုးတွေဟာ သင့်တော်ပါရဲ့လား ? 

မနှစ်က သင်္ကြန်သံချပ်တွေနဲ့ပတ်သက်ပြီး ဆရာ သစ္စာနီက အခုလို ပြောထားခဲ့ဖူးပါတယ်။ 

“မြန်မာပြည်မှာ ၁၉၇၃ လောက်က နောက်ဆုံးပဲ သံချပ်သံကို ကြားခဲ့ရတယ်။ ကင်းကွာနေတာ ကြာပြီ ဆို
တော့ သံချပ်ဆိုတာ ခုခေတ် လူငယ်တွေက ဘာမှန်းမသိကြတော့ဘူး။ သံချပ် အရသာ ဆိုတာ လောက ကြီး အမြီး အမောက် မတည့်တာကို အပြုသဘောနဲ့ ဝေဖန်၊ သရော်တာပေါ့။ ပြုပြင်သင့်တာ ပြူပြင်၊ ထိန်း သိမ်း သင့်တာ ထိန်းသိမ်း နိုင်ဖို့ သံချပ်တွေ ဆိုကြတဲ့ သဘောပါ။ အခု အစိုးရရဲ့ ပေါ်လစီလည်း ပါမယ်။ သံချပ် စိစစ်ရေး တင်ကြရပေမယ့် အပြု သဘော ဝေဖန်တာတွေကို တော်တော်လေး ခွင့်ပြုပါတယ်” လို့ သူက မနှစ်က သင်္ကြန်မှာ ပြောခဲ့ပါတယ်။

သံချပ်ဆိုတာ ခေတ်ရဲ့ ကြေးမုံပြင်တချပ်ဖြစ်ပြီး ပြည်သူတွေရဲ့ ဘ၀ကို အရှိအတိုင်း မြန်မာ့ရိုးရာတင်ပြမှု တရပ်လည်း ဖြစ်ပါတယ်။ 

အရင် စစ်အစိုးရလက်ထက် နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားခဲ့ရတဲ့ သံချပ်တွေကို ၂၀၁၂ ခုနှစ်ကမှ စတင် ပြီး ပြန်လည် ခွင့်ပြုခဲ့တာပါ။ 

ဒီနှစ် သင်္ကြန်ျွှာ သံချပ် သမားတွေက ဘယ်လို အကြောင်းအရာတွေကို သံချပ်နဲ့ ခေတ်ကို ပုံဖော်မလဲဆို တာလည်း စိတ်ဝင်စားစရာပါ။ 


အိမ့်သံစဉ် ~






 

Viewing all articles
Browse latest Browse all 5236

Trending Articles