Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မိုင်လေဆိုင်းရပ်စ် စင်ပေါ်မှာ ဖော်ပြပြန်ပြီ

$
0
0
~




 


အ၀တ်အစား မပါဘူးလား။ အင်း... ပြဿနာမရှိပါဘူး တဲ့။

အမေရိကန်အဆိုတော် သရုပ်ဆောင် မိုင်လေဆိုင်းရပ်စ် (Miley Cyrus) က စင်မြင့်ဖျော်ဖြေပွဲတွေမှာ ချွတ်ပြတာ ရိုးနေပါပြီ။
အ၀တ်အစား အမြန်လဲဖို့ ကြိုးစားတယ်၊ သီချင်းဆိုရမယ့်အချိန်ရောက်နေပြီမို့ ဒီအတိုင်း ပြေးထွက်ပြီး ဆိုလိုက်ရပါသတဲ့။

 Wisconsin ပြည်နယ် 
Milwaukee မှာ တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့ စင်မြင့် ဖျော်ဖြေတင်ဆက်မှုတခုမှာ အဲသလို ဖြစ်ပျက်ခဲ့ခြင်းပါ။
ဟိုတုန်းက ဒီလို မဖြစ်ဖူးဘူး၊ စတိတ်ရှိုး ဟန်မပျက် ဆက်သွားဖို့က အရေးကြီးတာကြောင့် အဲဒီလို ထွက်ဆိုရတာပါလို့ ဆိုတယ်။

ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူး ဆိုပေမယ့် အင်း...  ရည်ရွယ်ချက်က ရုတ်တရက် ရှိသွားတာလည်း ဖြစ်နိုင်ပေတာပေါ့။ ခါတိုင်းလည်း ဒီလို ပွင့်လင်းခဲ့ဖူးတာပဲမဟုတ်လား။

သီချင်းဆိုရမယ့်အချိန် ပရိသတ် ငြိုငြင်မှုမရှိစေဖို့ တကယ်ပဲ ကမန်းကတန်းပြေးထွက်လာတာ ဆိုဦးတော့ ... ဒီသူငယ်မ ပရိသတ်ခံစားချက်ကို တယ်သိတတ်ပါလား လို့ ချီးကျူးဖို့ကလည်း ခက်နေမှာပါ။


 -
သူ့အသက် ၂၁ နှစ် ရှိပါပြီ။

ချွတ်ခြင်း ဖော်ခြင်းတွေပါဝင်တဲ့
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း တေးသရုပ်ဖော်ရုပ်သံရိုက်ချက်ကြောင့် မိုင်လေဆိုင်းရပ်စ်က အတော်လေး ပြောစရာ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီသီချင်းကို အထက်ကပုံအတိုင်း ရိုက်ခဲ့တာပါ။ ဒီအကြောင်း
MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များ လူပြောများနေပြီ  ဆိုပြီး ဒီဘလော့ http://blog.irrawaddy.org/2013/09/mtv.htmlမှာ ဖော်ပြခဲ့ပြီးပါပြီ။

 စင်ပေါ်မှာ အ၀တ်အစား လှစ်ဟပြခြင်းနဲ့ ပတ်သက်ပြီး ဒီလိုမျိုးတွေ တခါတရံ ဖြစ်လာနိုင်တယ် ဆိုပြီး သူက သူ့တွစ်တာမှာ ရေးခဲ့ပြီးပါပြီ။ ဖော်ပြတဲ့ဓာတ်ပုံကို တွစ်တာမှာ တင်ပြီး - ကျမ သတိမပေးခဲ့ဘူးဆိုပြီး ရှင်တို့ ပြောလို့မရဘူး လို့ ရေးခဲ့ပါသေးတယ်။ 

အွန်လိုင်းမှာ ရှိတဲ့ သူ့ပုံ အများအပြားမှာလည်း သူ့ကို အ၀တ်အစား အနည်းအကျဉ်းပဲ ၀တ်ထားတာ တွေ့ရမှာပါ။

ရှေ့ဆက်ပြီး ဖော်ပြတာတွေ ဆက်တွေ့လာရဦးမယ်လို့ ယူဆရပါတယ်။


 



.


Viewing all articles
Browse latest Browse all 5236

Trending Articles