Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားလေယာဉ်ပေါ် ခိုးယူပတ်စပို့နဲ့ လိုက်သူ အီရန်တဦးဟုဆို

$
0
0

စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ပေါ် ခိုးယူခံခဲ့ရတဲ့ သြစတြီးယားနိုင်ငံကူး လက်မှတ်သုံး
ပြီး လိုက်ပါသွားတဲ့ ခရီးသည် ၁ ဦးကတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အီရန် နိုင်ငံသား တဦး ဖြစ်တယ်လို့ အခု နောက်ဆုံး သတင်းတွေက ဆိုပါတယ်။ 

သြစတြီးယား နိုင်ငံကူးလက်မှတ်၊ ဓာတ်ပုံ-tampapassports.com

အဲဒီ အီရန်လူငယ်ဟာ ခိုးယူပတ်စ်ပို့ကို ကိုင်ဆောင်ပြီး ဂျာမဏီနိုင်ငံကို ပြောင်းရွှေ့ အခြေချဖို့ ကြိုးစားမယ့် သူဖြစ်နိုင်တယ် လို့ The Straight Timesသတင်း တပုဒ် က ဆိုပါတယ်။ 

သူက ကွာလာလမ်ပူကနေ ပီကင်းသွားတဲ့ မလေးရှားလေကြောင်းပိုင် ဘိုးရင်း ၇၇၇ နဲ့အတူ လိုက်ပါပြီး ပီကင်းကတဆင့် ဥရောပကို ဆက်သွားဖို့ အစီအစဉ်ရှိလို့ လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီးဖြစ်တယ် လို့ တနေ့က ဘီဘီစီသတင်းက လည်း ဆိုထားပါတယ်။ 

“ သူကြည့်ရတာ အကြမ်းဖက် အဖွဲ့အစည်းတခုခုက အဖွဲ့ဝင်တဦးဖြစ်ပုံတော့ မရပါဘူး” လို့ ဒီကနေ့ နေ့ လယ်ပိုင်းမှာ လုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား အာဏာပိုင်တွေက ဆိုပါတယ်။ 

အီရန် ဆယ်ကျော်သက် လူငယ်ကို စုံစမ်းစိစစ်ကြည့်ရာမှာသူဟာ Pouria Nur Mohammad Mahrdad 
ဖြစ်ပြီး သူတို့အနေ နဲ့ ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မှာ သူ့ကို စောင့်မျှော်နေတဲ့ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်ရခဲ့ တယ် လို့ မလေးရှားတာဝန်ရှိသူ တွေ ကပြောပါတယ်။ 

မိခင်ဖြစ်သူအနေနဲ့ အဲဒီ ဆယ်ကျော်သက် အီရန်လူငယ်ဟာ ခိုးယူထားတဲ့ပတ်စပို့ကိုင်ပြီး ခရီးတွေသွား လာနေခဲ့တယ်ဆို တာ သိတဲ့အကြောင်းလည်း ရဲ က ထပ်ပြောပါတယ်။ 

ရဲတွေကလလည်း ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စ မှန်သမျှကို လိုက်လံ ရှာဖွေနေကြတာပါ။ 

ဒီအထဲမှာ လေယာဉ်ပြန်ပေးဆွဲတာအပါ အဝင် ပျောက်ဆုံးလေယာဉ်ပေါ် လိုက်ပါသွားကြတဲ့ ခရီးသည်တွေ နဲ့ လေယာဉ် အမှုထမ်းတွေရဲ့ ပုဂ္ဂလိက ဘဝနောက် ကြောင်း၊ စိတ်အခြေအနေစတာတွေပါဝင်ပါတယ်တဲ့။ 

မလေးရှား တာဝန်ရှိသူတွေ ထပ်ပြောတာက ခရီးသည်တယောက်ဟာ အသက်အာမခံထားတဲ့ ငွေတော်
တော် များများကို ထုတ်ယူသွားခဲ့ပြီး လေယာဉ်ပေါ်တက်သွားတဲ့ အကြောင်းလည်း ထည့်ပြောပါတယ်။ 

ရဲတွေက ပြောတာမှာတော့ ခိုးယူနိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်စီးသွားတဲ့ သူ ၂ ဦးရဲ့ ဓာတ်ပုံတွေကို မကြာခင် ထုတ်ပြန် သွားဖို့ရှိပါတယ်တဲ့။ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အီရန် လူငယ်ရဲ့ ဓာတ်ပုံ။




အိမ့်သံစဉ် ~ 


 









Viewing all articles
Browse latest Browse all 5236

Trending Articles