Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုသိမ်မှာ တွေ့ရတဲ့ ဗုံး ၂ လုံး

$
0
0
~


  ဗုံးတွေ၊ ကျည်ဆံတွေ တူးဖော်တွေ့ရှိမှု မကြာခဏ ဖြစ်ပေါ်နေပါတယ်။ အခု နောက်ဆုံးတွေ့ရတာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အောင်ချမ်းသာ ၅ လမ်းထဲက နေအိမ်တခုမှာပါ။
 - 

 


(ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)
 -

တနင်္လာနေ့က  အဲဒီမှာ အိမ်သာကျင်း တူးနေကြတုန်း လက်ပစ်ဗုံး ၂ လုံး  ရခဲ့တာလို့ ဆိုပါတယ်။

ဗုံး လို့ ယူဆရတဲ့အတွက်   ရဲစခန်းကို ချက်ချင်းအကြောင်းကြားခဲ့တယ်လို့ အိမ်ရှင်  ဦးမြင့်သန်းက  ဧရာဝတီကို ပြောပါတယ်။

“အိမ်သာနဲ့ရေချိုးခန်းဆောက်နေတာလေ။ အဲဒီမှာ ပန်းရံဆရာအဖွဲ့က မြေကျင်းတူးနေတာ မနေ့ကတည်းကပေါ့နော်၊  ဒီမနက်ကျတော့ မြေစိုင်ခဲတွေ ကော်တင်ရင်းနဲ့ မနက် ၉ နာရီလောက်မှာ အဲဒီ ဗုံး ၂လုံး တွေ့တာ”

 အသည်ကြီးရဲစခန်းက ဒုရဲအုပ်မောင်မောင်ဆွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လက်ပစ်ဗုံးကိုထိန်းသိမ်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ  နတခလက်အောက်ခံ အမှတ် (၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနဲ့ စစ်လက်နက်စက်ရုံက တာဝန်ရှိသူတွေ ရောက်လာပြီး
ဗုံးကို မပေါက်ကွဲအောင် ထိန်းချုပ်၊ လွှဲပြောင်း ရယူခဲ့ပါတယ်။

သူတို့ထဲကတယောက် ပြောပြတာကတော့...
“ဗုံးကတော့ တရုတ်နိုင်ငံလုပ် အမျိုးအစားပဲ။ ရှေးဟောင်းဗုံးတော့ မဟုတ်ဘူး။
မပေါက်ကွဲနိုင်အောင် စနက်တံကို သေချာကို တိပ်နဲ့ပတ်ထားတာ တွေ့ရတယ်။
တကယ်လို့များ စနစ်တံဖြုတ်ခဲ့ရင်တော့ ပေါက်ကွဲပြီး အန္တရာယ်ရှိနိုင်တယ်”

 ရှေးဟောင်းဗုံး မဟုတ်ဘူး ဆိုတော့ သက်တမ်းက ဘယ်လောက် ရှိနေသလဲ?

“သက်တမ်း ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သေချာစစ်ဆေးပြီးမှ ပြောလို့ရမယ်” လို့ အင်ဂျင်နီယာတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

 အင်ဂျင်နီယာတပ်က ရဲဘော်များ
အိမ်ရှင်  ဦးမြင့်သန်းက ဗုံးတွေ့ရှိပုံအကြောင်း သတင်းထောက်တွေကိုရှင်းပြပါတယ်

 -
ဆလိုင်းသန့်စင်



.


Viewing all articles
Browse latest Browse all 5236

Trending Articles