Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ့ဆန်တင်ပို့မှု ကမ္ဘာမှာ နံပါတ် ၁ ဖြစ်လာဖို့ ဘာတွေလိုမလဲ

$
0
0
~

 

 
မဟာဗျူဟာမြောက် ဆန်စပါးမူဝါဒ ပေါ်ထွက်လာပါက  ဆန်တင်ပို့ခြင်းလုပ်ငန်းတွင် နံပါတ် ၁ ဖြစ်လာနိုင်ကြောင်းနှင့် ထိုကဲ့သို့ဖြစ်ပေါ်လာရန် ဆယ်စုနှစ်တခုခန့် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းညီလာခံသို့ တက်ရောက်လာသူတချို့က  သုံးသပ်နေကြသည်။ 

 အမျိုးသားအဆင့် ဆန်စပါးမူဝါဒနှင့် ဆန်စပါး မဟာဗျူဟာမြောက် ပေါ်ထွက်လာမှ  နှစ်ပေါင်း ၂၀ ကျော် မွဲပြာကျနေသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ  တိုးတက်လာနိုင်ကြောင်း တာဝန်ရှိသူများက ဆိုကြပါသည်။

    “လယ်ယာဖွံ့ဖြိုးရေး ကဏ္ဍဟာ အင်မတန်မှ ချွတ်ခြုံကျနေတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ကျွန်တော်တို့ အသင်းအဖွဲ့တွေက ကြိုးစားဆောင်ရွက်နေကြရပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ယင်းညီလာခံတွင် ဆိုခဲ့ပါတယ်။

    လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များစွာ ကျန်ရှိနေကြောင်းနှင့် ပုဂ္ဂလိကပိုင်း၊ အုပ်ချုပ်မှုဆိုင်ရာများနှင့် နည်းစနစ်ပိုင်းဆိုင်ရာများတွင် အားနည်းချက်များရှိနေသေး၍ ဖွံ့ဖြိုးမှု နှေင့်နှေးနေရခြင်းဖြစ်ကြောင်း ဦးချစ်ခိုင်က ဆိုပါသည်။

    ထို့ကြောင့် နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုနှင့် ပတ်သက်၍ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းမှစ၍ ပြည်ပနိုင်ငံများသို့ ရောင်းဝယ် တင်ပို့ခြင်း ကိစ္စရပ်များတွင် အမျိုးသားအဆင့် မဟာဗျူဟာမြောက် ဆန်စပါး မူဝါဒများ ပေါ်ထွက်သင့်သည်ဟု အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။

    “ဒီလိုမူဝါဒတွေရှိမှ ကျွန်တော်တို့တွေဟာ အထွက်တိုးအောင် ဆောင်ရွက်နိုင်မယ်။ ဒါမှ ပြည်တွင်း ဈေးကွက်တင်မက နိုင်ငံတကာ ဈေးကွက်ကိုထိုးဖောက်နိုင်မယ်”

    လက်ရှိ အခက်အခဲများအနေဖြင့် လယ်သမားများ စိုက်ပျိုးနေရာများတွင် ရေမရရှိခြင်း၊ နည်းပညာစနစ်ကျစွာ စိုက်ပျိုးထုတ်လုပ်မှု အားနည်းခြင်း၊ မျိုးကောင်းမျိုးသန့် မရရှိခြင်း၊ သုံးစွဲသော ဓါတ်မြေသြဇာများ၊ ပိုးသတ်ဆေးများသည် အရည်အသွေးမမှီဖြစ်ခြင်း စသည့် အခက်အခဲများရှိသည်ဟု ဦးအောင်ဇော်ဝင်းက သုံးသပ်ပြသည်။

 ပုဂ္ဂလိကပိုင်းဆိုင်ရာကဏ္ဍအား လုပ်ကိုင်ခွင့်များ ပေးခဲ့သည်ဆိုသော်လည်း အစိုးရ၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ကျန်ရှိသေးသည်ဟု ဆိုကြသည်။ ထို့အပြင် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် သဘောထား ကွဲလဲနေမှုများ အခိုက်အတန့် ရှိနေတက်သည်ဟု ဆိုသည်။

    “အစိုးရပိုင်း ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းရတာရှိတယ်။ တချို့ဟာတွေက မတူညီတာ၊ အားမလို အားမရ ဖြစ်တာတွေ ရှိတယ်။ ဒါလေးတွေက အခိုက်အတန့် တခုထိတော့ ရှိနေမယ်။ အခက်အခဲတွေတော့ မဟုတ်ပါဘူး။ မူဝါဒ ပေါ်ထွက်လာမှာကို တားဆီး ပိတ်ပင်တာ မရှိပေမယ့် တချို့တွေက အားပေးတဲ့နေရာမှာ သတ်မှတ်ချက်လေးတွေတော့ ရှိနေတယ်။ ဒါကိုမလုပ်နဲ့လို့ မပြောမချင်း ဒါသည် အတားအဆီး မဟုတ်ပါဘူး” ဟု ဦးအောင်ဇော်ဝင်းက ဆိုသည်။

    အမျိုးသားအဆင့် ဆန်စပါးမူဝါဒနှင့် ဆန်စပါး မဟာဗျူဟာမြောက် ရေးဆွဲနိုင်ရေးအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန (International Rice Research Institute)တို့ ပူးပေါင်းပြီး   ရေးဆွဲခြင်းဖြစ်ကြောင်း၊ ထိုမှတဆင့် အစိုးရသို့ အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

  ယခုအချိန်တွင် လယ်သမားတို့၏ အခက်အခဲများ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စတင်၍ သုတေသနပြု ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
  
မင်းဗညား   



.


Viewing all articles
Browse latest Browse all 5236

Trending Articles