Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကားသုံးစီးကို ဆံပင်အားနဲ့ဆွဲပြတဲ့ မြန်မာသိုင်းဆရာ

$
0
0
~

 

ကားတစီးကို နေရာရွေ့အောင် ကြိုးနဲ့ဆွဲယူဖို့ ဆိုရင် အင်အား ဘယ်လို ဘယ်လောက် စိုက်ထုတ်ရမယ်လို့ ထင်ပါသလဲ။

တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ သိုင်းစွမ်းရည်ပြသူတဦး ကျင့်စဉ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ပြသရာမှာ  သူ့ဆံပင်ကို အသုံးပြုပြီး ကားသုံးစီးကို ဆွဲပြခဲ့တာ တွေ့ရပါတယ်။

-
(ဓာတ်ပုံများ-စိုင်းဇော်/ဧရာဝတီ)

 -
ပေသုံးဆယ်ဝန်းကျင်လောက်အကွာအဝေးရောက်အောင် ဆွဲပြခဲ့တာပါ။

ဒီလို ပြသခဲ့သူကတော့ မော်ကင်းထံမသီမျိုးနွယ်စု မဟာစွမ်းအားရှင်ဘွဲ့ရ ဆရာကြီး ဦးငြိမ်းချမ်းအောင်ဖြစ်တယ်လို့ ပြပွဲမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ 

 မရမ်းကုန်းမြို့နယ် ၊ ပါရမီလမ်း၊  တုလွတ်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာ စွမ်းရည်ပြခဲ့တာပါ။

  ပရိသတ်များစွာလာရောက်ကြည့်ရှုခဲ့ကြတဲ့ အဲဒီပြပွဲမှာ  ဆရာငြိမ်းချမ်းအောင်က  သံချွန်ကို လည်ပင်းဖြင့်ထောက်ကာ ငှက်ပျောတုံး ပေါက်ထွက်သွားသည်အထိ ထိုးဖောက်ခြင်း၊ ငှက်ပျောတုံးထဲသို့ လက်ဗလာဖြင့် ထိုးဖောက်ပြခြင်းတို့လည်း ထည့်သွင်း ပြသခဲ့တာပါ။

စွမ်းရည်ပြသမှုများမှာ ကိုယ်တိုင် ကျင့်ရတဲ့ ပညာရပ်ဖြစ်တယ်၊ မျက်လှည့်၊ အောက်လမ်း၊ မှော်ပညာတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခမဲ့ ပြသတဲ့ အဲဒီပြပွဲကိုလည်း မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်းရည် ပြပွဲကြီး လို့ အမည်ပေးခဲ့တာပါ။

မနက်ပိုင်းပြပွဲကရတဲ့ အလှူငွေ ခြောက်သောင်းဝန်းကျင်ကို အဲဒီ ဘုန်းကြီးကျောင်းမှာပဲ လှူဒါန်းခဲ့ပါတယ်။ ညနေပိုင်းရတဲ့အလှူငွေတွေကိုတော့ ဘာသာရေးလုပ်ငန်းတွေမှာ လှူဒါန်းမယ်လို့ သိရပါတယ်။

စွမ်းရည်ပြသတင်ဆက်မှုမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 





















.


Viewing all articles
Browse latest Browse all 5236

Trending Articles