Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပင်းတယဒေသ ဓနုဆုံဆည်းရာနေ့

$
0
0



ဓနုတိုင်းရင်းသားတို့၏ ဆုံဆည်းရာနေ့ကို ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေဥမင်ဘုရားရင်ပြင်တွင်  တနင်္လာနေ့နံနက်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဓနုတိုင်းရင်းသားတဦးဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုတို့က အမှာစကား ပြောကြားကြပြီး      ဓနုတိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာ ကျော်လွင်ထူးက ဓနုယဉ်ကျေးမှုသမိုင်း ရှင်းလင်းပြောဆိုသည်။

 ဓနုတိုင်းရင်းသား/သူများက ဓနုဆုံဆည်းရာနေ့သီချင်း သီဆိုကာ၊ ဓနုရိုးရာခြေလက်သိုင်းအက အလှများ၊ တေးသီချင်းသံချပ်များဖြင့် ဖြေဖျော်ကြသည်။

ဆွမ်းတော်ကြီးဝင် ဆက်ကပ်လှူဒါန်းပွဲလည်း ပါဝင်သည်ကို တွေ့ရသည်။

ဓနုဆုံဆည်းရာနေ့ အခမ်းအနားသို့ လူမှုရေး အသင်းအဖွဲ့  စာပေယဉ်ကျေးမှုအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဓနုတိုင်းရင်းသားများ ရာထောင်ချီ တက်ရောက် ဆင်နွဲသည်ကို တွေ့မြင်ရသည်။

ပြည်နယ် ၀န်ကြီးချုပ်ဦးစ၀်အောင်မြတ် နှင့် အခြားအလှူရှင်များက  ဓနုစာပေ ယဉ်ကျေးမှုအသင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများ ပေးအပ်ကြသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~














.

Viewing all articles
Browse latest Browse all 5236

Trending Articles